အသင်းရဲ့ လိုအပ်နေတဲ့ နေရာတွေမှာ အကောင်းဆုံး အစားထိုးမှုတွေကို ပြုလုပ်နိုင်နေတဲ့ ရီးရဲလ် မက်ဒရစ် အသင်း

လီပါပူး အသင်းရဲ့ အားထားရတဲ့ အဓိက ညာနောက်ခံ ကစားသမား အလက် ဇန်းနား အာနိုးကတော့ သူ့ရဲ့ ငယ်မွေးခြံပေါက် အသင်းတစ်သင်းဖြစ်တဲ့ လီပါပူး အသင်းနဲ့ စာချုပ် အသစ်ချုပ်ဆိုရန် အတွက် လစာကိစ္စ အဆင်မပြေဖြစ်နေတာ အချိန်တစ်ခု ကြာခဲ့ပြီ ဖြစ်ပါတယ်။ လီပါပူး အသင်း အနေနဲ့ ကတော့ အသင်း ရဲ့ အဓိက ကစားသမား ၃ ဦးဖြစ်တဲ့ အလက်ဇန်းနား အာနိုး ၊ မို ဆာလတ် ၊ ဗန်ဒိုက် တို့ရဲ့ စာချုပ်သက်တမ်းတွေက ကုန်ဆုံးတော့မှာဖြစ်တာကြောင့် စာချုပ်အသစ်ချုပ်ဆိုဖို့ ညှိနှိုင်းနေတာပဲဖြစ်ပြီး ဒီကစားသမား ၃ ယောက်လုံးရဲ့ စာချုပ်သစ် ကိစ္စက ဘားမှသတင်းထူး မကြားရသေးတာပဲဖြစ်ပါတယ်။
မိုဆာလတ် နဲ့ ဗန်ဒိုက်တို့ကို လီပါပူး အသင်း က စာချုပ်သစ်ချုပ်ဆိုဖို့ အနည်းငယ်လွယ်ကူပေမယ့် အာနိုးရဲ့ စာချုပ်ကိစ္စကတော့ ထင်သလောက်မလွယ်ကူခဲ့ပါဘူး။ အာနိုးက သူ့ရဲ့လုပ်ခလစာကို ပေါင် ၃ သိန်းကျော်လောက်ထိ လိုချင်နေတာကြောင့် စာချုပ်သစ်ချုပ်ဆိုရာမှာ အခက်တွေ့နေခဲ့တာပဲဖြစ်ပါတယ်။ အလက်ဇန်းနား အာနိုး လို့ဆိုလိုက်တာက သူက ဘယ်လိုကစားသမား ဖြစ်တယ်ဆိုတာ အများကြီး ပြောပြနေဖို့ လိုမယ်မထင်ပါဘူး။ အသက်အရွယ် ငယ်ငယ်လေးမှာပဲ ပြသခဲ့တဲ့ အကောင်းဆုံးခြေစွမ်းတွေကြောင့် တောက်ပလာခဲ့တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ အံဩ မှင်သက်စရာ ကောင်းလောက်တဲ့ ဖြတ်တင်ဘောတွေ လှပ သေသပ်တဲ့ အလွတ်တည်ကန်ဘောတွေ ၊မထင်မှတ်ထားလောက်တဲ့ key pass တွေနဲ့ ပြိုင်ဘက် အသင်းတွေကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။
ဒီလို စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်နေတဲ့ အလက်ဇန်းနား အားနိုးလိုအသက်အရွယ် ငယ်ငယ်လေးနဲ့ အလားအလာကောင်းတွေ အများကြီး ရှိတဲ့ ကစားသမာ တစ်ယောက်ကို ကြယ်စင်စု အသင်း ဖြစ်တဲ့ ရီးရဲလ် မက်ဒရစ် အသင်းက သူတို့အသင်း လိုအပ်နေတဲ့ နေရာနဲ့ ကိုက်ညီနေတာကြောင့် ဆွေးနွေးခဲ့ပြီး ကစားသမားနဲ့ သဘောတူညီမှုရရှိခဲ့တာပဲဖြစ်ပါတယ်။ ရီးရဲလ် မက်ဒရစ် အသင်း က အာနိုးကိုလည်း အမ်ဘာဘေ ကို ခေါ်ယူခဲ့တုန်းကလို ပုံစံနဲ့ပဲ ခေါ်ယူမှုဖြစ်ပြီး ကစားသမား နဲ့ နှစ်ဦးသဘောတူညီမှု ရရှိခဲ့တာပဲဖြစ်ပါတယ်။ ရီးရဲလ် မက်ဒရစ် အသင်းက သူတို့ရဲ့ ညာနောက်ခံ ကစားသမားတွေဖြစ်ကြတဲ့ ဗက်စကွတ် နဲ့ ကာဗာဂျယ် တို့ကလည်း အသက်အရွယ် ကြီးလာခဲ့ပြီး ဒဏ်ရာပြသနာတွေနဲ့လည်း မကြာခဏရင်ဆိုင်နေရပြီး ခြေစွမ်းပိုင်း ကျဆင်းလာတွေကြောင့် ကွင်းလယ်ကစားသမား တစ်ဦးဖြစ်တဲ့ ဗယ်ဗာဒီ လို ကစားသမားမျိုးက နည်းစနစ်ပိုင်း လို အပ်ချက်ကြောင့် ညာနောက်ခံနေရာမှာပါ ဝင်ရောက် ကစားနေရတာပြဖြစ်ပါတယ်။ အလက်ဇန်းနား အာနိုးလို ကစားသမားမျိုးက ရီးရဲလ်မက်ဒရစ် အသင်းလိုအပ်နေတဲ့ နေရာအတွက် အကောင်းဆုံး ဖြည့်ဆီးနိုင်မယ့် အစားထိုးမှုဖြစ်တာကြောင့် ကစားသမားနဲ့ သဘောတူညီမှု ရရှိအောင်စွမ်းဆောင်နိုင်တဲ့ ရီးဗရဲလ် မက်ဒရစ် အသင်းကိုတော့ ချီးကျူးရမှာပဲဖြစ်ပါတယ်။
အာနိုးသာ ရီးရဲလ် အသင်းကို ရောက်ရှိသွားရင် ရီးရဲလ် အသင်းက ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူစရာတောင်မလိုတော့ပဲ ဗယ်ဗာဒီက သူ့ရဲ့ အားသန်တဲ့ ကွင်းလယ်နေရာမှာ အကောင်းဆုံး ပြန်လည်ကစားနိုင်တော့မှာပဲဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းက အသင်းရဲ့ လိုအပ်နေတဲ့ နေရာတွေမှာ အသက်အရွယ်ပိုင်း အရရော ၊ ခြေစွမ်းပိုင်းအရရော အပြစ်ပြောစရာမရှိတဲ့ လူတွေနဲ့ အစားထိုးနိုင်နေတာကြောင့် ရီးရဲလ် မက်ဒရစ် အသင်း နောက်တစ်ချိန်မှာ ပြိုင်ဘက်တွေ အတွက် ရင်ဆိုင်ရမှာ ကြောက်စရာ အကောင်းဆုံးအသင်းတစ်သင်းဖြစ်လာမလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#trentalexanderarnold
#defender
#realmadrid
#liverpool
#mohamedsalah
#virgilvandijk
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)