စာချုပ်သက်တမ်း တိုးဖို့ အဆင်မပြေမှုတွေနဲ့ ရာသီကုန်ရင် ထွက်ခွာရတော့မဲ့ နာမည်ကြီး ကစားသမား ၅ယောက်

ဘောလုံးရာသီ တစ်ရာသီ ပြီးတိုင်းပြီးတိုင်မှာ အသင်းတိုင်းကိုယ်စီက စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားပေါင်းများစွာရှိပါတယ်။ အချို့ ကစားသမား တွေက လစာကိစ္စ ညှိနှိုင်းတဲ့နေရာမှာ အဆင်မပြေတာကြောင့် အသင်းနဲ့ စာချုပ်ထပ်မချုပ်တော့တဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းရွှေ့မယ့် ကစားသမားတွေရှိသလို အချို့ကြတော့လည်း ခြေစွမ်းမတည်ငြိမ်လို့ တို့ အသက်ကြီးလာလို့ စတဲ့ အကြောင်းအရင်းအမျိုးမျိုးတို့ကြောင့် ကစားပွဲ ရာသီတစ်ခုပြီးတိုင်းပြီးတိုင်းမှာအလွတ်နဲ့ပြောင်းရွှေ့မယ့်ကစားသမားပေါင်းများစွာရှိတာပဲဖြစ်ပါတယ်။ အခုလက်ရှိဘောလုံးရာသီ ပြီးဆုံးသွားတဲ့အချိန်မှာလည်း စာချုပ်ကိစ္စ ညှိနှိုင်းဖို့ အဆင်မပြေပါက အလွတ်ပြောင်းရွှေ့ကြေးနဲ့ သက်ဆိုင်ရာ အသင်းတွေကနေ ထွက်ခွာမယ့် ကစားသမားပေါင်းများစွာရှိပါတယ်။ဒီနေ့တင်ဆက်ပေးသွားမှာကတော့ စာချုပ်သက်တမ်းတိုးမယ့် ကိစ္စ အဆင်ပြေမပြေခဲ့ပါက ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိမယ့် နာမည်ကြီး ကစားသမား ၅ ယောက် အကြောင်းပဲဖြစ်ပါတယ်။
၁ . ဗန်ဒိုက်
လီပါပူး အသင်းနဲ့ နယ်သာလန် အသင်းတို့ရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးနောက်ခံလူ တွေထဲကတစ်ဦးဖြစ်တဲ့ ဗန်ဒိုက် ဟာ ရာသီကုန်ချိန်မှာတော့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပဲဖြစ်ပါတယ်။ ဗန်ဒိုက်ကိုယ်တိုင်က အသင်းမှာ ဆက်ရှိချင်နေပေမယ့်ယခုအချိန်ထိတော့ စာချုပ်ကိစ္စ ကအဆင်မပြေသေးပါဘူး ။ ဗန်ဒိုက် စာချုပ်ကိစ္စအဆင်မပြေဖြစ်ခဲ့ပါက ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် အသင်းအပါအဝင် အခြားဥရောပ ကလပ် တော်တော်များများကလည်း စောင့်ကြည့်နေတာပဲဖြစ်ပါတယ်။
၂ . အလက်ဇန်းဒါးအာနိုး
အင်္ဂလန် အသင်းအတွက်ရော လီပါပူး အသင်းအတွက်ပါ အင်မတန် အရေးပါတဲ့ ကစားသမားဖြစ်တဲ့ အလက်ဇန်းဒါး အာနိုး ရဲ့ စာချုပ်သက်တမ်းကလည်း ဒီရာသီ အထိသာရှိခဲ့ပြီး ဒီရာသီကုန်လို့ စာချုပ်ကိစ္စ အဆင်မပြေဖြစ်ခဲ့ပါက အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကထွက်ခွာမယ့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ အာနိုးလို အသက်အရွယ် ငယ်သေးပြီး အလားအလာကောင်းတွေအများကြီးရှိနေတဲ့ ကစားသမားကို အလွှတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့ အသင်းတွေကတော့ အများကြီးရှိနေတာပဲဖြစ်ပါတယ်။
၃ . ဒီဘရိုင်း
ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားနေရာကို အချိန်အတော်ကြာ သိမ်းပိုက်နိုင်ခဲ့တဲ့ ဒီဘရိုင်း ကလည်း ရာသီကုန် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမယ့် ကစားသမားတွေထဲကတစ်ဦးပဲဖြစ်ပါတယ်။ ဒီဘရိုင်းက အခုနောက်ပိုင်း အသက်အရွယ်တစ်ခုရလာခဲ့ပြီး ခြေစွမ်းပိုင်းကျဆင်းလာတာကြောင့်အသင်းကစာချုပ်ဆက်မချုပ်တော့ပဲ အသင်းကအလွတ်နဲ့ ထွက်ဖို့များနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။
၄ . ကင်းမစ်
ဘန်ယန်မြူးနစ် အသင်းရဲ့ ဝါရင့် ကစားသမား တစ်ဦးဖြစ်တဲ့ ကင်းမစ်က ရာသီကုန်မှာ ဘာယန်မြူးနစ် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်က သက်တမ်းကုန်ဆုံးတော့မှာပဲဖြစ်ပါတယ်။ အသက် အရွယ် တစ်ခုကို ရောက်ရှိလာတဲ့ ကင်းမစ် ကို ဘန်ယန်မြူးနစ် အသင်းဘက်က အလိုရှိသေးလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ စာချုပ်သက်တမ်း ဆက်မတိုးခဲ့ပါက ကင်းမစ် လို ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦးကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်မှာပဲဖြစ်ပါတယ်။
၅. ဆာလတ်
ဒီရာသီ စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက်ဆိုသလို ဆက်တိုက်ပြသနိုင်ခဲ့တဲ့ လီပါပူး အသင်းက အသင်းရဲ့ အရေးပါတဲ့ ကစားသမား တော်တော်များများနဲ့တော့ စာချုပ်သက်တမ်းတိုးမယ့် ကိစ္စအဆင်မပြေသေးတာပဲဖြစ်ပါတယ်။ အဲ့ စာရင်းထဲမှာ အကောင်းဆုံးရာသီတစ်ခုကို ဖြတ်ကျော်နေရတဲ့ ဆာလတ်လည်းအပါအဝင်ပဲဖြစ်ပါတယ်။ ဆာလတ်က ဒီရာသီ ကစားသမားဘဝ အကောင်းဆုံးရာသီတွေထဲက တစ်ခုဖြစ်ပြီး လီပါပူး အသင်း ဒီလို ရလဒ်ကောင်းတွေ ဆက်တိုက်သိမ်းပိုက်နိုင်တဲ့ အခြေအနေမှာလည်း ဆာလတ်က အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေတာပဲဖြစ်ပါတယ်။ အခုချိန်မှာ လီပါပူး အသင်းက ဆာလတ်ကို စာချုပ်ကိစ္စကို မဆွေးနွေးသေးတာကြောင့် ရာသီကုန်မှာ အလွတ်နဲ့ပြောင်းရွှေ့ဖို့များနေတာပဲဖြစ်ပါတယ်။
အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#virgilvandijk
#mohamedsalah
#trentalexanderarnold
#joshuakimmich
#kevindebruyne
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)