Champions League မရဖူးတဲ့ အကောင်းဆုံး ကစားသမား ( ၅ ) ယောက် Champions League မရဖူးတဲ့ အကောင်းဆုံး ကစားသမား ( ၅ ) ယောက်

ဥရောပဖလားတွေထဲမှာ တန်ဖိုးအမြင့်ဆုံးနဲ့ အရေးပါဆုံးသော ဆုဖလားတစ်ခု အဖြစ် ချန်ပီယံဖလားကို သတ်မှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ကလပ် တိုင်းရဲ့ အကြီးမားဆုံးသော အောင်မြင်မှုဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကို သိမ်းပိုက်နိုင်မယ့် အိမ်မက်က အသင်းတိုင်းလိုလိုမှာရှိကြတာပဲဖြစ်ပါတယ်။လက်ရှိ အကောင်းဆုံးဘောလုံး အသင်းတွေ အကြောင်းပြောရင် ချန်ပီယံလိဂ် မရရှိဖူးတဲ့ အသင်းတွေကို အသင်းကြီးအဖြစ်သတ်မှတ်ဖို့ ကခက်ခဲတဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ အာ့ကြောင့် အသင်းတိုင်းနီးပါးက ချန်ပီယံလိဂ် ဝင်ရောက်ယှဥ်ပြိုင်နိုင်ဖို့နဲ့ ချန်ပီယံလိဂ် ဆုဖလားကြီးကို သိမ်းပိုက်နိုင်ဖို့အတွက် နှစ်တိုင်းနှစ်တိုင်း အသင်းကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ကစားသမားကောင်းတွေ နည်းပြကောင်းတွေကို အမြဲလိုလို ဖြည့်တင်းနေကြတာပဲဖြစ်ပါတယ်။ ဘောလုံးလောကမှာ ဥရောပဖလားတွေထဲမှာ အကြီးမားဆုံးသော ဖလားတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကိုသိမ်းပိုက်နိုင်ခဲ့ကြတဲ့ ကစားသမားကောင်းများစွာရှိသလိုချန်ပီယံလိဂ် ဖလားကို မကိုင်မြှောက်ဖူးတဲ့ ကစားသမားကောင်းများစွာလည်းရှိပါတယ်။ အခုတင်ဆက်ပေးသွားမှာကတော့ ကစားသမား ကောင်းတစ်ယောက်ဖြစ်ပေမယ့်လည်း ကစားသမားဘဝ ချန်ပီယံလိဂ် ဖလားကို မရရှိခဲ့ကြတဲ့ ကစားသမားတွေထဲကမှ ၅ ယောက်အကြောင်းပဲဖြစ်ပါတယ်။
၁. ဇလာတန်
ဘောလုံးလောကရဲ့ နတ်ဘုရားကြီး ဇလာတန်က ကစားသမားကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာ သူ့ရဲ့ လှပသေသပ်တဲ့ ဂိုးတွေနဲ့ အကြိမ်ကြိမ်သက်သေပြပြီးပြီပဲဖြစ်ပါတယ်။ ဇလာတန်က ကစားသမားဘဝ ကို ဘာကာ ၊ မန်ယူ ၊ အေစီ ၊ PSG ၊အင်တာ စတဲ့ ဥရောပ အသင်းကြီးတွေမှာ ကျင်လည်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားကိုတော့ မရရှိဖူးတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။
၂. အဂဲရိုလ်
ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးတွေထဲကတစ်ဦးဖြစ်တဲ့ အဂဲရိုလ် ကလည်း ချန်ပီယံလိဂ် ဖလားကို မရရှိဖူးတဲ့ကစားသမားတွေထဲ ကတစ်ယောက်ပဲဖြစ်ပါတယ်။ အဂဲရိုလ် က ကစားသမားဘဝ ချန်ပီယံလိဂ်ပွဲပေါင်း ၇၉ ပွဲ ကစားခဲ့ဖူးပြီး ၄၁ ဂိုးသွင်းကာ ၉ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဂဲရိုလ် က ချန်ပီယံလိဂ် ဆုဖလားကိုသိမ်းပိုက်နိုင်ဖို့ မန်စီးတီးအသင်းနဲ့ အတူ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်မရရှိခဲ့ပါ။ အဂဲရိုလ် ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့သွားတဲ့ ဘောလုံးရာသီကြမှ မန်စီးတီး အသင်း က ချန်ပီယံလိဂ် ဆုဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် အဂဲရိုလ် တစ်ယောက် ကံဆိုးခဲ့တယ်ပဲ ပြောရမှာဖြစ်ပါတယ်။
၃. ဖာဘရီ ဂက်စ်
သူခေတ်သူအခါမှာ အကောင်းဆုံးကွင်းလယ် ကစားသမား တစ်ဦးဖြစ်ခဲ့ပြီး ကစားခဲ့တဲ့ အသင်းတိုင်းအတွက် မရှိမဖြစ်ကစားသမား တစ်ဦးဖြစ်ခဲ့တဲ့ ဖာဘရီဂက်စ် က လည်း ချန်ပီယံလိဂ် ဖလား မရရှိဖူးတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ခြေစွမ်းကောင်းတွေပြသနိုင်တာကြောင့် အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်းဖြစ်လာခဲ့တဲ့ ဖာဘရီဂက်စ် ကလဲ ချန်ပီယံလိဂ်ဖလားနဲ့ ကံမစပ်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ ဘာစီ ၊ ချယ်ဆီး ၊ အာဆင်နယ် စတဲ့ အသင်းကြီးတွေမှာ ကစားခဲ့ပေမယ့် ချန်ပီယံလိဂ် ဆုဖလားကြီးနဲ့တော့ ဝေးကွာခဲ့ရတာပဲဖြစ်ပါတယ်။
၄. ရော်နယ်ဒို နာဇာရီယို
1990 မျိုးဆက်ရဲ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဒိုကြီးကလည်း တစ်ဦးတစ်ယောက်ချင်းဆုတွေထဲမှာ အကြီးကျယ်အခမ်းနားဆုံးသော ဘောလွန်းဒီအောဆု ကို ၂ ကြိမ်တိုင်တိုင် ရရှိဖူးတဲ့ အပြင် နိုင်ငံ အသင်းဖြစ်တဲ့ ဘရာဇီး အသင်းနဲ့ပါ အောင်မြင်မှုများစွာရရှိထားတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ အေစီ ၊ အင်တာ ၊ ရီးရဲလ် ၊ ဘာစီ စတဲ့ ဥရောပအသင်းကြီးတွေမှာ ကစားသမား ဘဝ ကို ဖြတ်သန်းခဲ့ပေမယ့် ကစားသမား ဘဝတစ်လျောက် ချန်ပီယံလိဂ် ဖလားကို တော့ မဆွတ်ခူးနိုင်ခဲ့ပါဘူး ။
၅. ဘူဖွန်
ဂျူဗင်တပ်စ် အသင်းရဲ့ ဂန္ထဝင်ဂိုးသမား ကြီး ဘူဖွန်ကတော့ ကမ္ဘာ့အကောင်းဆုံးလက်စွမ်းတွေကို ကလပ်အသင်းတွေမှာရော နိုင်ငံအသင်းမှာပါ ပြသခဲ့ပြီး ဆုဖလားပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆိုတဲ့ ဂုဏ်ပုဒ် တစ်ခုကို အချိန်တစ်ခုကြာအောင် အကောင်းဆုံးလက်စွမ်းတွေနဲ့ ထိန်းသိမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံ အသင်းနဲ့လည်း ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း သူ့ရဲ့ ကစားသမား ဘဝကတော့ ချန်ပီယံလိဂ် ဖလားကြီးဆွတ်ခူးဖို့ကံမပါလာခဲ့တာပဲဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာတော့ ကစားသမား ဘဝ တောက်လျောက် အကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့ပြီး ဆုဖလားများစွာကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ဖလားကို မဆွတ်ခူးနိုင်ခဲ့ကြတဲ့ နာမည်ကျော် ကစားသမားတွေထဲကမှ ၅ ယောက် အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#zlatanIbrahimovic
#cescfabregas
#ronaldonazario
#gianluigibuffon
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)