ဘောလုံးကိုအနုပညာဆန်စွာကစားပြသွားတဲ့ ဂန္ထဝင်ကွင်းလယ်လူ ပီယာလို

ပီယာလိုဟာ ကွင်းလယ်မှာနေရာများစွာကစားနိုင်သော်လည်းအများအားဖြင့် သူ့ရဲ့အမြင်နှင့် တိကျသေချာမှုတို့ကြောင့် သူ့ရဲ့ကလပ်အသင်းနှင့် နိုင်ငံအသင်းများက ဗဟိုကွင်းလယ်ကစားသမား အဖြစ် အသုံးပြုလေ့ရှိပါတယ်။ သူဟာ နည်းစနစ်ပိုင်းနှင့် တီထွင်ဖန်တီးမှု မြင့်မားသော ကစားသမားတစ်ဦး ဖြစ်ပြီး ပီယာလိုကို အားလုံးက အကြီးကျယ်ဆုံးကွင်းလယ်ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ နောက်ပြီး သူ့ရဲဖရစ်ကစ်စွမ်းဆောင်ရည်ကအံ့မခန်းဖြစ်ပြီး ဒီစာရင်းမှာလည်းသူဟာ ထိပ်တန်းနေရာကနေပါဝင်တဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။
ပီယာလို ကို ဘရက်စ်စီယား ပြည်နယ် ဖလီရိုတွင်မွေးဖွားခဲ့ပြီး သူသည် ဖလီရို လူငယ်အသင်း နှင့်ကစားသမားဘဝစတင်ခဲ့ကာ နောက်ပိုင်းတွင် ဗိုလန်တက်စ် သို့ပြောင်းရွှေ့ခဲ့ပြီး 𝟏𝟗𝟗𝟐 ခုနှစ်တွင် ဒေသခံကလပ် ဘရက်စ်စီးယားရဲ့ လူငယ်အသင်းနှင့် ပူးပေါင်းခဲ့ကာ အစပိုင်းတွင် ရှေ့တန်းကစားသမားအဖြစ် ကစားခဲ့ပါတယ်။ 𝟏𝟗𝟗𝟓 ၊ အသက် 𝟏𝟔 နှစ်တွင် ရတ်ဂီယာနာ နှင့် ဘရက်စ်စီယာ အတွက် စီးရီးအေပွဲဦးထွက်ကစားခဲ့ပြီး ဘရက်စ်စီယာရဲ့အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ကာ 𝟏𝟗𝟗𝟕 ခုနှစ်တွင် စီးရီးဘီကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ခြေစွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် အင်တာမီလန်က တစ်နှစ်အကြာတွင်ခေါ်ယူခဲ့သော်လည်း အချိန်အကန့်အသက် နဲ့သာပွဲကစားခဲ့ရပြီးနောက် အခြားအသင်းများတွင်အငှားထွက်ကစားခဲ့ပါတယ်။ ဒီလိုနဲ့ 𝟐𝟎𝟎𝟏 ခုနှစ်တွင် မြို့တွင်းပြိုင်ဘက် အေစီမီလန်က ပီယာလိုကိုတွေ့ရှိပြီး ပီယာလိုဟာ အေစီမှာကမ္ဘာ့အဆင့်မီ ကစားသမားအဖြစ်ရောက်ရှိခဲ့ကာ စီးရီးအေ 𝟐 ကြိမ် ၊ ချန်ပီယံလိဂ် 𝟐 ကြိမ်၊ ယူအီးအက်ဖ်အေစူပါဖလား 𝟐 ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား ၊ ကိုပါအီတာလီယာ နှင့် စူပါကိုပါအီတာလီယာ တို့ကိုဆွတ်ခူး နိုင်ခဲ့ပါတယ်။ သူဟာ 𝟐𝟎𝟏𝟏 ခုနှစ်မှာ ဂျူဗင်တပ်စ်ကို ထွက်ခွာခဲ့ပြီး စီးရီးအေဖလား 𝟒 ကြိမ်၊ စူပါကိုပါအီတာလီယာဖလား 𝟐 ကြိမ်နဲ့ ကိုပါအီတာလီယာ တို့ကို ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ပြီးနောက် 𝟐𝟎𝟏𝟓 တွင် မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီး သို့ပြောင်းရွှေ့ခဲ့ကာ 𝟐𝟎𝟏𝟕 တွင် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
လက်ရွေးစင်အဖြစ် ပီယာလိုဟာ အီတလီလက်ရွေးစင်အသင်းအတွက် 𝟏𝟏𝟔 ပွဲကစားခဲ့ပြီး သူသည် အချိန်တိုင်းတွင် ပဉ္စမမြောက်ပွဲအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ 𝟐𝟎𝟎𝟐 တွင် စီနီယာအသင်း ပွဲဦးထွက်ကိုကစားခဲ့ပြီး 𝟐𝟎𝟎𝟒 အိုလံပစ်တွင် အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူကာ ကြေးတံဆိပ်ဆု ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ 𝟐𝟎𝟎𝟔 ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီတလီနဲ့အတူ အောင်ပွဲခံခဲ့ပြီး ကြေးဘောလုံးကိုဆွတ်ခူးကာ ပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းတွင်လည်း ရွေးချယ် ခံခဲ့ရပါတယ်။ အီတလီကို ယူအီးအက်ဖ်အေ ယူရို 𝟐𝟎𝟏𝟐 ဖိုင်နယ်အထိ ပို့ဆောင်ပေးစဉ်တွင်လည်း ဒုတိယဆုရခဲ့ပြီး ပြိုင်ပွဲရဲ့အကောင်ဆုံးအသင်းမှာရွေးချယ်ခံပါတယ်။ 𝟐𝟎𝟎𝟒 နှင့် 𝟐𝟎𝟎𝟖 ယူအီးအက်ဖ်အေ ဥရောပချန်ပီယံပြိုင်ပွဲများ၊ 𝟐𝟎𝟏𝟎 နှင့် 𝟐𝟎𝟏𝟒 ဖီဖာကမ္ဘာ့ဖလားများနှင့် 𝟐𝟎𝟎𝟗 နှင့် 𝟐𝟎𝟏𝟑 ဖီဖာကွန်ဖက်ဒ်ဒရေးရှင်းဖလားများတွင်လည်း နိုင်ငံအတွက်ကိုယ်စားပြုအဖြစ် ပါဝင်ခဲ့ပါတယ်။
ပီယာလိုသည် 𝟐𝟎𝟎𝟔 နှင့် 𝟐𝟎𝟏𝟓 ခုနှစ်အကြား 𝐈𝐅𝐅𝐇𝐒 ကမ္ဘာ့အကောင်းဆုံး 𝐏𝐥𝐚𝐲𝐦𝐚𝐤𝐞𝐫 ဆု ထိပ်ဆုံးလေးနေရာတွင် 𝟓 ကြိမ်ဆက်တိုက်ပါဝင်ခဲ့ပြီး 𝟐𝟎𝟏𝟏 ခုနှစ်တွင် ဥရောပအကောင်းဆုံး ဘောလုံးသမားဆုအတွက် စတုတ္ထ၊ စီးရီးအေတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားအဖြစ် 𝟑 ကြိမ်ရရှိခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးအသင်းမှာ 𝟒 ကြိမ်ပါဝင်ခဲ့ပါတယ်။ နောက်ပြီး 𝟐𝟎𝟏𝟐 တွင် ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးအသင်း၊ 𝟐𝟎𝟏𝟓 ခုနှစ်တွင် ယူအီးအက်ဖ်အေချန်ပီယံလိဂ် အကောင်းဆုံးအသင်းမှာလည်း ရွေးချယ်ခံခဲ့ရပြီး 𝟐𝟎𝟎𝟔 ခုနှစ်တွင် 𝐅𝐈𝐅𝐏𝐫𝐨 ကမ္ဘာ့အကောင်းဆုံး 𝟏𝟏 စာရင်းမှာပါဝင်ခဲ့ပါတယ်။ 𝟐𝟎𝟏𝟗 ခုနှစ်တွင် သူ့အား အီတလီဘောလုံးလောကရဲ့ 𝐇𝐚𝐥𝐥 𝐨𝐟 𝐅𝐚𝐦𝐞 မှာရွေးချယ်ခဲပါတယ်။
ပီယာလိုနဲ့ပက်သက်ပြီးရင် ကျွန်တော်တို့မှာချီကျူးစရာတွေမှအများကြီးပါ သူဟာ ဖြတ်တင်ဘောတွေ သေသပ်လှပတယ်၊ ဖရစ်ကစ်ကန်သွင်းချက်တွေကောင်းတယ်၊ သွေးအေးအေးနဲ့ဘောလုံးကစား နိုင်တယ်၊ ဘောလုံးကိုဦးနှောက်နဲ့ကစားတယ် မျိုးစုံပါပဲ နောက်ပြီးဘောလုံးကိုအနုပညာဆန်စွာ ကစားပြသွားပြီး အရင်ခေတ်ကပီယာလိုရဲ့အချိန်တွေကိုမှီလိုက်ရတဲ့သူတွေအတွက်ကတော့ တကယ့်ကို အဖိုးတန်အချိန်တွေကိုတွေ့မြင်လိုက်ရတယ်လို့ပြောရပါမယ်။ ယနေ့ခေတ်လူငယ်ကစားသမားတွေ အတွက်ကတော့ ပီယာလိုဟာ စံပြကွင်းလယ်ကစားသမားတစ်ဦးအဖြစ်ထားရမဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်အဖြစ်ရှိနေမယ်ဆိုတာအသေချာပါပဲ။
#k9mmmedia
#AndreaPirlo
#Midfielder
နောက်ဆုံးရသတင်းများ


လက်ရှိဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး Full-Back Players 10 ယောက်

ဒီနေ့မှာတော့ ကျွန်တော်က ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အကြောင်း ကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။
.jpg)