𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 ဆုဆိုတာ ဘယ်ကစတင်ခဲ့တာလည်း ?

𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 ဆုဟာ ပြင်သစ်မဂ္ဂဇင်း 𝐅𝐫𝐚𝐧𝐜𝐞 𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥 မှ 𝟏𝟗𝟓𝟔 ခုနှစ်ကတည်းက ပေးအပ်သည့် နှစ်စဉ်ဘောလုံးဆုဖြစ်ပြီး ယခင်ရာသီက အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သော ကစားသမားကို ဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါတယ်။ နောက်ပြီး ဘောလုံးလောက၏ ဂုဏ်သိက္ခာအရှိဆုံးနှင့် အဖိုးတန်သော တစ်ဦးချင်းဆုအဖြစ်လည်း မှတ်ယူထားကြပါတယ်။
အားကစား စာရေးဆရာများဖြစ်ကြသည့် ဂါဘရီရယ်ဟန်နော့တ် နှင့် ဂျက်ကွက်စ်ဖာရန် တို့က ဖန်တီးထားသော 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 သည် 𝟐𝟎𝟎𝟔 ခုနှစ်အထိ ဘောလုံးဂျာနယ်လစ်များ၏ မဲပေးမှုအပေါ် သီးသန့်အခြေခံထားခြင်းဖြစ်သည်။ မူလက ဥရောပမှ ကစားသမားများကိုသာ ချီးမြှင့်ခဲ့ပြီး ဥရောပတစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုအဖြစ် လူသိများခဲ့သည်။ 𝟏𝟗𝟗𝟓 ခုနှစ်မှာတော့ 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 ဆုကို ဉရောပလိဂ်တွင်ကစားနေတဲ့မည်သည့်ကစားသမားကိုမဆို ထည့်သွင်းရန် တိုးချဲ့ခဲ့သည်။ 𝟐𝟎𝟎𝟕 ခုနှစ်မှာတော့အဆိုပါဆုဟာ ကမ္ဘာလုံးဆိုင်ရာဆုဖြစ်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ရှိပရော်ဖက်ရှင်နယ်ဘောလုံးသမားများအားလုံး ပါဝင်တဲ့ဆုတစ်ခုဖြစ်လာခဲ့ပါတယ်။ ထို့အပြင် လက်ရွေးစင်အသင်းနည်းပြများနှင့် အသင်းခေါင်းဆောင်များကိုလည်း မဲပေးခွင့်ပေးခဲ့ပြီး 𝟐𝟎𝟏𝟔 ခုနှစ် ဂျာနယ်လစ်တွေဆီပြန်မပြောင်းခင်အချိန်ထိဖြစ်ခဲ့သည်။
𝟐𝟎𝟏𝟎 ခုနှစ်မှ 𝟐𝟎𝟏𝟓 ခုနှစ်အတွင်း 𝐅𝐈𝐅𝐀 နှင့် သဘောတူညီချက်အရ အဆိုပါဆုကို 𝐅𝐈𝐅𝐀 𝐖𝐨𝐫𝐥𝐝 𝐏𝐥𝐚𝐲𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 နှင့် ယာယီပေါင်းစည်းခဲ့ပြီး 𝐅𝐈𝐅𝐀 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 ဟုခေါ်တွင်ခဲ့သည်။ အဆိုပါ ပူးပေါင်း ဆောင်ရွက်မှုဟာ 𝟐𝟎𝟏𝟔 ခုနှစ်တွင် ပြီးဆုံးခဲ့ပြီး အဆိုပါဆုကို 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 သို့ ပြန်လည်ပြောင်းလဲကာ 𝐅𝐈𝐅𝐀 သည်လည်း ၎င်း၏ကိုယ်ပိုင်နှစ်စဉ်ဆုဖြစ်သည့် အကောင်းဆုံးဖီဖာအမျိုးသားကစားသမားဆု အဖြစ်သို့ ပြန်ပြောင်းခဲ့ပါတယ်။ 𝟐𝟎𝟐𝟐 ခုနှစ်မှာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 အတွက် စည်းမျဉ်းများကို ပြင်ဆင်ခဲ့ပြီး ပြက္ခဒိန်တစ်နှစ်တာကာလအတွင်း အောင်မြင်မှုများအတွက် ဆုများပေးအပ်ခြင်းမဟုတ်ဘဲ ဘောလုံးရာသီတစ်ခုအတွက် အချိန်ကို ပြောင်းလဲခဲ့ပြီး 𝐌𝐞𝐧'𝐬 𝐖𝐨𝐫𝐥𝐝 𝐑𝐚𝐧𝐤𝐢𝐧𝐠 မှ ဆုရရှိသူကို ရွေးချယ်ပေးအပ်ခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံမှ စတန်လေး မတ်ဟူးစ် က 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 အဖွင့်ဆုရှင်ဖြစ်ပြီး၊ လိုက်ဘေးရီးယားမှ တစ်ဦးတည်းသောအာဖရိကနိုင်ငံသား ဂျော်ဂျီဝတ် သည် 𝟏𝟗𝟗𝟓 ခုနှစ်တွင် ဆုရရှိခဲ့သည့် ဥရောပမဟုတ်သော ပထမဆုံးသောကစားသမားဖြစ်ခဲ့ပါတယ်။ ဘရာဇီးမှ ရော်နယ်ဒို ကအဆိုပါဆုကို ဆွတ်ခူးနိုင်သည့် ပထမဆုံးတောင်အမေရိကနိုင်ငံဖြစ်ခဲ့ပြီး၊ အသက် 𝟐𝟏 နှစ်နှင့် 𝟗𝟔 ရက်အတွင်း အသက်အငယ်ဆုံးဆုရရှိသူလည်းဖြစ်ခဲ့သည်။ လီယွန်နယ်မက်ဆီကတော့ 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 ရှစ်ကြိမ်ဖြင့် အများဆုံးအနိုင်ရသည့် စံချိန်ကို ရရှိထားပြီး မက်ဆီသည် မတူညီသောအသင်းသုံး သင်းဖြင့် ဆုရရှိသည့် တစ်ဦးတည်းသော ကစားသမားလည်းဖြစ်ခဲ့ပါတယ်။ စပိန်လာလီဂါတွင် 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 ဆုရှင်အများဆုံးရှိထားပြီး ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့ကြား နှစ်ဆယ့်လေး ကြိမ်အနိုင် ရရှိထားပါတယ်။
𝟐𝟎𝟐𝟎 တွင် ပြင်သစ်ဘောလုံးအသင်းပိုင် 𝐆𝐫𝐨𝐮𝐩𝐞 𝐀𝐦𝐚𝐮𝐫𝐲 က ကိုဗစ် ကပ်ရောဂါကြောင့် တစ်နှစ်တာအတွက် မည်သည့်ဆုကိုမျှ မပေးကြောင်း ဆုံးဖြတ်ခဲ့ပြီး ထိုနှစ်မှာ လီဝန်ဒေါစကီး အားချီးမြှင့်သင့်တယ်လို့လည်း ဝေဖန်မှုတွေထွက်ခဲ့ပါသေးတယ်။ 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 ဆုသမိုင်းမှာ မက်ဆီနှင့် ရော်နယ်ဒိုတို့ရဲ့အားပြိုင်မှုတွေက ဆယ်စုနှစ်တစ်ခုကျော်ကြာလွှမ်းမိုးခဲ့ပြီး သမိုင်းဝင်ပြိုင် ဆိုင်မှုတွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆုနဲ့ပက်သက်ပြီး နှစ်စဉ်နှစ်တိုင်းလို အငြင်းပွားမှုတွေက ရှိမြဲတိုင်းဖြစ်ပြီး ဒီနှစ်ရိုဒရီဂို ရရှိမှုမှာလည်း ငြင်းခုံနေကြတုန်းဖြစ်ပါတယ်။
#k9mmmedia
#BallondOr
#FIFABallondOr
#messi
#ronaldo
နောက်ဆုံးရသတင်းများ



လက်ရှိဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး Full-Back Players 10 ယောက်

ဒီနေ့မှာတော့ ကျွန်တော်က ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အကြောင်း ကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။