ဘောက်ဆင်လောကရဲ့ဂုတ်တစ်ပါးဖြစ်ခဲ့တဲ့ ဂန္ထဝင်ဖိုက်တာကြီး ဖလွိုက်မေဝယ်သာ

Admin
5 လ ခန့်က
Boxing WBC
ဘောက်ဆင်လောကရဲ့ဂုတ်တစ်ပါးဖြစ်ခဲ့တဲ့ ဂန္ထဝင်ဖိုက်တာကြီး ဖလွိုက်မေဝယ်သာ

ဖလွိုက်မေဝယ်သာသည် 𝟏𝟗𝟗𝟔 မှ 𝟐𝟎𝟏𝟕 ထိယှဉ်ပြိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့ကစားသမား ဟောင်းတစ်ဦးဖြစ်တဲ့အပြင် အမေရိကန်လက်ဝှေ့လောကကိုမြှင့်တင်ပေးခဲ့တဲ့ သူတစ်ယောက် လည်းဖြစ်ပါတယ်။ သူသည်ရှုံးပွဲမရှိစံချိန်ဖြင့်အနားယူကာ ကမ္ဘာ့ချန်ပီယံ 𝟏𝟓 ကြိမ်အဖြစ် စူပါဖယ်သာဝိတ် မှ လိုက်မစ်ဒယ်ဝိတ်ထိ ဝိတ်တန်း 𝟓 ခုကိုကြီးစိုးခဲ့သူဖြစ်ပါတယ်။ နောက်ပြီး 𝟏𝟗𝟗𝟔 အိုလံပစ်တွင် ဖယ်သာဝိတ်တန်းခွဲရဲ့ ကြေးတံဆိပ်တစ်ခု၊ 𝐔𝐒 𝐆𝐨𝐥𝐝𝐞𝐧 𝐆𝐥𝐨𝐯𝐞𝐬 ချန်ပီယံ 𝟑 ခု ( လိုက်ဖလိုင်းဝိတ်၊ ဖလိုင်းဝိတ်နှင့် ဖယ်သာဝိတ် ) နှင့် အမေရိကန်အမျိုးသား ဖယ်သာဝိတ်ချန်ပီယံဆု တို့ကို ဆွတ်ခူးခဲ့သူပါ။ လက်ရှိမှာတော့သူဟာ 𝟐𝟎𝟏𝟕 ၊ သြဂုတ်လတွင် ပရော်ဖက်ရှင်နယ် လက်ဝှေ့လောကမှ အနားယူပြီးနောက် သရုပ်ပြလက်ဝှေ့ပွဲများကိုကစားနေသူဖြစ်ပါတယ်။

မေဝယ်သာ သည် 𝐓𝐡𝐞 𝐑𝐢𝐧𝐠 မဂ္ဂဇင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတွင် 𝟐 ကြိမ် ( 𝟏𝟗𝟗𝟖 နှင့် 𝟐𝟎𝟎𝟕 ) ၊ 𝐁𝐖𝐀𝐀 တစ်နှစ်တာအကောင်းဆုံးဖိုက်တာဆုတွင် 𝟑 ကြိမ် ( 𝟐𝟎𝟎𝟕 ၊ 𝟐𝟎𝟏𝟑 နှင့် 𝟐𝟎𝟏𝟓 ) နှင့် 𝐄𝐒𝐏𝐘 ရဲ့အကောင်းဆုံးဖိုက်တာဆု 𝟔 ကြိမ် ( 𝟐𝟎𝟎𝟕-𝟐𝟎𝟏𝟎 ၊ 𝟐𝟎𝟏𝟐-𝟐𝟎𝟏𝟒 ) တို့ကိုရရှိထားတဲ့အပြင် (𝐁𝐖𝐀𝐀) မှ 𝟐𝟎𝟏𝟎 ခုနှစ်ရဲ့ “ 𝐅𝐢𝐠𝐡𝐭𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐃𝐞𝐜𝐚𝐝𝐞 “ ဟုအမည်ပေးခြင်းခံခဲ့ရသူဖြစ်ပါတယ်။ 𝟐𝟎𝟏𝟔 တွင် 𝐄𝐒𝐏𝐍 ကလွန်ခဲ့သည့် 𝟐𝟓 နှစ်အတွင်း အကြီးကျယ်ဆုံးလက်ဝှေ့သမားအဖြစ် သတ်မှတ်ခဲ့ကာ 𝟐𝟎𝟐𝟑 ခုနှစ် မေလတွင် 𝐁𝐨𝐱𝐑𝐞𝐜 ကလည်း သူ့အား 𝐩𝐨𝐮𝐧𝐝 𝐟𝐨𝐫 𝐩𝐨𝐮𝐧𝐝 ရဲ့ ဒုတိယအကြီးကျယ်ဆုံး လက်ဝှေ့သမား အဖြစ်အဆင့်သတ်မှတ်ထားခဲ့ပါတယ်။ ဒါ့အပြင်နာမည်ကြီး အားကစားသတင်း ဌာနများနှင့် အားကစားဝဘ်ဆိုက်များကလည်း 𝟏𝟎 နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး 𝐩𝐨𝐮𝐧𝐝 𝐟𝐨𝐫 𝐩𝐨𝐮𝐧𝐝 လက်ဝှေ့သမားအဖြစ် 𝟐 ကြိမ်သတ်မှတ်ထားခဲ့ကြပါတယ်။

သူသည် သမိုင်းတစ်လျှောက်အကောင်းဆုံး ခံစစ်အားသန် ( ကောင်တာ ) လက်ဝှေ့သမားတစ်ဦးအဖြစ် ရည်ညွှန်းခြင်းခံရပြီး ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားများကြားတွင် အတိကျဆုံးလက်ဝှေ့သမား အဖြစ် မှတ်တမ်းတင်ထားသူဖြစ်ပါတယ်။ 𝟐𝟎𝟐𝟏 ခုနှစ်မှာတော့သူ့ကို နိုင်ငံတကာဘောင်ဆင်လောကရဲ့ 𝐇𝐚𝐥𝐥 𝐨𝐟 𝐅𝐚𝐦𝐞 စာရင်းထဲသို့သွင်းခဲ့ပါတယ်။ သူသည် 𝐅𝐨𝐫𝐛𝐞𝐬 နှင့် 𝐒𝐩𝐨𝐫𝐭𝐬 𝐢𝐥𝐥𝐮𝐬𝐭𝐫𝐚𝐭𝐞𝐝 ရဲ့ 𝟐𝟎𝟏𝟐 နှင့် 𝟐𝟎𝟏𝟑 ခုနှစ်ရဲ့လစာအများဆုံးအားကစားသမား အယောက် 𝟓𝟎 စာရင်းတွင်ထိပ်ဆုံးမှရပ်တည်ခဲ့ပြီး 𝐅𝐨𝐫𝐛𝐞𝐬 ရဲ့ 𝟐𝟎𝟏𝟒 နှင့် 𝟐𝟎𝟏𝟓 တွင်လည်း ကမ္ဘာပေါ်တွင်လစာအများဆုံးအားကစားသမားအဖြစ် စာရင်းဝင် ခဲ့ကာ 𝐅𝐨𝐫𝐛𝐞𝐬 ရဲ့အဆိုအရ 𝟐𝟎𝟏𝟖 ခုနှစ်တွင် သူသည်စုစုပေါင်းဝင်ငွေ ဒေါ်လာ 𝟐𝟖𝟓 သန်းဖြင့် ကမ္ဘာပေါ်တွင် လစာအများဆုံး အားကစားသမားဖြစ်ခဲ့ပါတယ်။ 𝟐𝟎𝟐𝟏 နိုင်ဝင်ဘာလတွင် 𝐒𝐩𝐨𝐫𝐭𝐢𝐜𝐨 ကထုတ်ပြန်တဲ့အချိန်တိုင်းရဲ့ဝင်ငွေအများဆုံးအားကစားသမားစာရင်းမှာလည်း မေဝယ်သာက အဆင့် 𝟔 နေရာမှာပါဝင် ခဲ့ပါတယ်။

မေဝယ်သာကို ဖေဖော်ဝါရီလ 𝟐𝟒 ၊ 𝟏𝟗𝟕𝟕 တွင် မီချိုင်ဂန် ၊ ဂရန့်ရီဖဒ်စ် ရှိ လက်ဝှေ့သမားမျိုးရိုးမှ မွေးဖွားခဲ့ပါတယ်။ သူရဲ့ဖခင် ဆာဖလွိုက်မေဝယ်သာသည် 𝐇𝐚𝐥𝐥 𝐨𝐟 𝐅𝐚𝐦𝐞𝐫 ဆူးဂါးရေးလီရိုနက်ဒ် နှင့်ယှဉ်ပြိုင်ခဲ့သော ဝယ်သာဝိတ်တန်းပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်ပြီး ဦးလေးများဖြစ်သော ဂျဖ် နှင့် ကွယ်လွန်သူ ရိုဂါမေဝယ်သာ တို့သည်လည်းပရော်ဖက်ရှင်နယ်လက်ဝှေ့သမားများဖြစ်ကြကာ မေဝယ်တာရဲ့ လေ့ကျင့်ရေးဆရာ ကမ္ဘာ့ချန်ပီယံနှစ်ကြိမ်ဖြစ်သူ 𝐇𝐚𝐥𝐥 𝐨𝐟 𝐅𝐚𝐦𝐞𝐫𝐬 ကက်စ်ဆာ ချဗဇ် ၊ ပါနယ်ဝှစ်တိတ်ကာ ၊ ကို့ရတူယူ တို့နှင့်အတူ ယှဉ်ပြိုင်ခဲ့ကြသူများဖြစ်ခဲ့ကြပါတယ်။

လက်ဝှေ့သည် မေဝယ်သာရဲ့ ငယ်စဉ်ကတည်းကဘဝ၏အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး အခြားမည်သည့် အသက်မွေးဝမ်းကြောင်းကိုမျှ အလေးအနက်ထားမစဉ်းစားခဲ့ပေ။ ဒါနဲ့ပက်သက်ပြီး သူပြောဖူးတာက “ကျွန်တော့်အဖွားက ကျွန်တော့်ရဲ့ အလားအလာကို အရင်မြင်ဖူးတယ်ထင်တယ်” ၊ “ကျွန်တော် ငယ်ငယ်တုန်းက အဖွားကိုပြောတယ် အလုပ်တစ်ခုလုပ်ရမယ်ထင်တယ်” ၊ ဒါကိုအဖွားက “မဟုတ်ဘူး လက်ဝှေ့ပဲထိုး” လို့ပြောဖူးပါတယ်။ “

မေဝယ်သာဟာ သူ့ရဲ့အောင်မြင်မှုများကြောင့်နာမည်ကြီးသလို အကြွားသန်တဲ့နေရာမှာလည်းနာမည် တော်တော်လေးကိုကြီးပါတယ်။ တစ်ချိန်လုံးအွန်လိုင်းပေါ်မှာ သူမှာရှိတဲ့ကားတွေ၊ ပိုက်ဆံပုံအထပ်

လိုက်ကြီးတွေ၊ နောက်ပြီးသူပိုင်ဆိုင်တဲ့တန်ဖိုးကြီးတဲ့အရာတွေကို အမြဲလိုလိုကြွားလေ့ရှိသူပါ။ ဒီလိုကြွားလို့လူမုန်းများပေမဲ့ ကြွားနိုင်အောင်ပိုက်ဆံရှာတတ်တဲ့နေရာမှာလည်းနာမည်ကြီးပါ။ သူ့ရဲ့အနားယူပြီးမှကစားတဲ့ သရုပ်ပြပွဲတစ်ပွဲတောင်ရတဲ့ဝင်ငွေကနည်းနည်းနောနော ကိန်းဂဏာန်းမဟုတ်ပဲ အောင်မြင်ချိန်တုန်းကဆိုပိုလို့တောင်ဆိုးပါသေးတယ်။ ဘာပဲဖြစ်ဖြစ် မေဝယ်သာကလူမုန်းများပေမဲ့ သူရထားတဲ့အောင်မြင်မှုနဲ့စွမ်းဆောင်ရည်ကိုတော့မဖြစ်မ နေချီးကျူးရပါမယ်။ ဖိုက်တာဘဝ တစ်လျှောက်တစ်ပွဲမှရှုံးပွဲမရှိတဲ့ မှတ်တမ်းဆိုတာက တကယ်ကိုလူတိုင်းလိုက်လုပ်လို့မရတဲ့မှတ်တမ်းမျိုးဖြစ်ပြီး တကယ်ကိုကြမ်းလွန်းခဲ့ပါတယ်။

〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။

#k9mmmedia

#floydmayweather

#boxingplayer

#BWAA

Leave a reply