𝐓𝐡𝐞 𝐍𝐨𝐫𝐦𝐚𝐥 𝐎𝐧𝐞

Admin
5 လ ခန့်က
Sport Articles
𝐓𝐡𝐞 𝐍𝐨𝐫𝐦𝐚𝐥 𝐎𝐧𝐞

𝐓𝐡𝐞 𝐍𝐨𝐫𝐦𝐚𝐥 𝐎𝐧𝐞 လို့ခေါ်တွင်ခဲ့တဲ့ ကလော့ပ်ဟာ လီဗာပူးလ်နဲ့အတူကြီးမားတဲ့အောင်မြင်မှုတွေရခဲ့ပြီး အကောင်းဆုံးထိပ်တန်းနည်းပြတွေထဲကတစ်ယောက်အဖြစ်သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။ သူဟာကစားသမားဘဝ နှင့် နည်းပြဘဝ နှစ်ခုလုံးကိုဖြတ်သန်းခဲ့ပြီး နည်းပြအဖြစ်ထင်ပေါ် ကျော်ကြားခဲ့သူပါ။ လက်ရှိမှာတော့ လီဗာပူးလ်ကထွက်ခွာပြီးနောက် 𝟐𝟎𝟐𝟓 ခုနှစ် ဇန်နဝါရီလ 𝟏 ရက်နေ့တွင် 𝐑𝐞𝐝 𝐁𝐮𝐥𝐥 𝐆𝐦𝐛𝐇 အတွက် 𝐆𝐥𝐨𝐛𝐚𝐥 𝐒𝐨𝐜𝐜𝐞𝐫 ရဲ့ အကြီးအကဲအဖြစ် အခန်းကဏ္ဍသစ်ကို စတင်တာဝန်ယူနေသူဖြစ်ပါတယ်။

ကလော့ပ်သည် သူ့ရဲ့ ကစားသမားဘဝအများစုကို မိန့်ဇ် တွင် ကုန်ဆုံးခဲ့ပြီး အစပိုင်းတွင် တိုက်စစ်မှူးအဖြစ်ကစားခဲ့သော်လည်း နောက်ပိုင်းတွင် ခံစစ်သို့ ပြောင်းရွှေ့ကစားခဲ့ရသည်။ 𝟐𝟎𝟎𝟏 ခုနှစ်တွင်အနားယူပြီးနောက် ကလော့ပ် သည်ကလပ်ရဲ့နည်းပြဖြစ်လာခဲ့ပြီး 𝟐𝟎𝟎𝟒 ခုနှစ်တွင် ဘွန်ဒက်လီဂါသို့ တန်းတက်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ 𝟐𝟎𝟎𝟔-𝟎𝟕 ရာသီတွင်တန်းဆင်းခဲ့ရပြီး နောက် ကလော့ပ်သည် 𝟐𝟎𝟎𝟖 ခုနှစ်တွင်ကလပ်ရဲ့သက်တမ်းရှည်နည်းပြအဖြစ်မှနှုတ်ထွက်ခဲ့သည်။ ထို့နောက် သူသည် ဒေါ့မွန်အသင်းရဲ့မန်နေဂျာဖြစ်လာပြီး 𝟐𝟎𝟏𝟎-𝟏𝟏 ခုနှစ်တွင် ဘွန်ဒက်လီဂါဖလားကို ရယူခဲ့ပြီး ဒေါ့မွန်အသင်းကို နှစ်ရာသီဆက်တိုက်ဘွန်ဒက်လီဂါချန်ပီယံအဖြစ် ပြည်တွင်းမှာ ပထမဆုံးအကြိမ် အောင်ပွဲခံစေခဲ့ပါတယ်။ 𝟐𝟎𝟏𝟐-𝟏𝟑 ယူအီးအက်ဖ်အေချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဒေါ့မွန်ကို ဖိုင်နယ်ထိပို့နိုင်ခဲ့ပြီး 𝟐𝟎𝟏𝟓 တွင် သက်တမ်းအကြာဆုံးမန်နေဂျာအဖြစ်မှ ဒေါ့မွန်ကနေ ထွက်ခွာခဲ့ပါတယ်။

သူဟာ 𝟐𝟎𝟏𝟓 ခုနှစ်တွင် လီဗာပူးလ်ရဲ့ မန်နေဂျာအဖြစ်ခန့်အပ်ခံခဲ့ရပြီး 𝟐𝟎𝟏𝟖 နှင့် 𝟐𝟎𝟐𝟐 ခုနှစ်များတွင် အသင်းကို ယူအီးအက်ဖ်အေချန်ပီယံလိဂ်ဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့ပြီး 𝟐𝟎𝟏𝟗 ခုနှစ်တွင် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ကာ သူ့ရဲ့ ပထမဆုံးနှင့် လီဗာပူးရဲ့ ဆဋ္ဌမမြောက်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ကလော့ပ်ရဲ့အသင်းသည် 𝟐𝟎𝟏𝟖-𝟏𝟗 ပရီးမီးယားလိဂ်တွင် 𝟗𝟕 မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့ပြီး နောက်ရာသီတွင် ယူအီးအက်ဖ်အေစူပါကပ်နှင့် လီဗာပူးလ်ရဲ့ ပထမဆုံး ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ကာ ပထမဆုံး ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလည်းဆွတ်ခူးခဲ့ပြီး ကလပ်စံချိန်တင် 𝟗𝟗 မှတ်ဖြင့် ထိပ်တန်းအဆင့် မှတ်တမ်းများစွာကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ထိုအောင်မြင်မှုများကြောင့် သူသည် 𝟐𝟎𝟏𝟗 နှင့် 𝟐𝟎𝟐𝟎 ခုနှစ်များတွင် ဖီဖာတစ်နှစ်တာအကောင်းဆုံးနည်းပြဆုများကိုရရှိခဲ့ပါတယ်။ 𝟐𝟎𝟐𝟐 တွင်လည်းအသင်းအတွက် 𝐄𝐅𝐋 𝐂𝐮𝐩 နှင့် 𝐅𝐀 𝐂𝐮𝐩 𝟐 ကြိမ်အပြင် 𝟐𝟎𝟐𝟒 တွင် နောက်ထပ် 𝐄𝐅𝐋 ဖလားကိုလည်း ရရှိခဲ့အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ကလော့ပ် ကို 𝟏𝟗𝟔𝟕 ခုနှစ် ၊ ဇွန်လ 𝟏𝟔 ရက်နေ့ စတုဂတ်တွင်မွေးဖွားပြီး သူသည်အစ်မနှစ်ယောက် နှင့်အတူ ဖရူဒန်စတက်ဒ်အနီးရှိ ဘလက်ဖောရက်စ်ရွာတွင် ကြီးပြင်းခဲ့ပါတယ်။ သူဟာ ဒေသတွင်းကလပ် 𝐒𝐕 ဂလာတန် တွင် စတင်ကစားခဲ့ပြီး နောက်ပိုင်းတွင် အငယ်တန်း ကစားသမားအဖြစ် 𝐓𝐮𝐒 အာဂျန်ဇင်ဂျန် ၊ 𝐅𝐂 ပီဖော်ဇ်ဟိန်း နှင့် ဖရန့်ဖက်ကလပ်သုံးသင်း တွင်ကစားခဲ့ပါတယ်။ သူသည် ဖခင်မှတစ်ဆင့် ဘောလုံးနှင့် စတင်အကျွမ်းဝင်ခဲ့ပြီးငယ်စဉ်က 𝐕𝐟𝐁 စတုဂတ်ကိုအားပေးသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

သူဟာ ငယ်ငယ်လေးကတည်းက ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ စိတ်ကူးယဉ်ခဲ့ပေမယ့် ဆေးလောကအတွက် လုံလောက်တဲ့ ဉာဏ်ရည်ထက်မြက်မှုမရှိဘူးလို့ယူဆခဲ့ပြီးဘောလုံးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကလော့ပ် က ကစားသမားတစ်ဦးအနေဖြင့် "ကျွန်တော့်မှာ စတုတ္ထတန်းခြေထောက်နှင့် ပထမတန်းစား ဦးနှောက်သူပါလို့" သူ့ကိုယ်သူဖော်ပြကာ နည်းပြရာထူးနှင့် ပိုမိုသင့်လျော်သည်ဟုမှတ်ချက်ပေးခဲ့ပါတယ်။ ကစားသမားတစ်ဦးအနေဖြင့် ကလော့ပ်သည် လေ့ကျင့်ရေးကွင်းတွင်မန်နေဂျာရဲ့ နည်းစနစ်များကို အနီးကပ်လေ့လာတတ်တဲ့အကျင့်ရှိခဲ့သူ ဖြစ်ပါတယ်။


ကလော့ပ် ဟာနည်စနစ်ပိုင်း၊ နည်းဗျူဟာပိုင်းကောင်းသလို ကစားသမားကိုင်တွယ်မှုပိုင်းမှာလည်း အတော်ကိုဆရာကျသူဖြစ်ပါတယ်။ သူ့လက်အောက်ကနေ သာမန်ကစားသမားတစ်ယောက်ဟာ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးပုံစံပြောင်းလဲသွားအောင်လုပ်ဆောင်ပေးခဲ့သလို ၊ လူငယ်ကစားသမား ကောင်းတွေကိုလည်းများစွာမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒါတွေကိုအနီးစပ်ဆုံးအဖြစ် လီဗာပူးလ်က အားနိုး၊ မာနေးတို့ကိုကြည့်ပြီးသိနိုင်ပါတယ်။ တကယ့်ကိုဘောလုံးလောကအတွက်တန်ဖိုးဖြတ်မရတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ကလော့နောက်တစ်နည်းပြလောကထဲပြန်ဝင်လာတဲ့အချိန်ကိုစောင့်ဆိုင်းရင်းနဲ့ အဆုံးသတ်လိုက်ပါတယ်။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

#k9mmmedia

#Liverpool

#Klopp

Leave a reply