ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့သူ ယူနိုက်တက်ရဲ့ ကျောနံပတ် ( 𝟕 ) ပိုင်ရှင်ဒေးဗစ်ဘက်ခမ်း

ဘက်ခမ်းရဲ့ ပရော်ဖက်ရှင်နယ် ကလပ်ကစားသမားဘဝကို မန်ချက်စတာယူနိုက်တက်တွင် စတင်ခဲ့ပြီး အသက် 𝟏𝟕 နှစ်အရွယ် 𝟏𝟗𝟗𝟐 ခုနှစ်မှာတော့ သူ့ရဲ့ပထမဆုံးအသင်းပွဲဦးထွက်ကို စတင်ခဲ့ပါတယ်။ ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ်ဖလား 𝟔 ကြိမ်၊ အက်ဖ်အေ ဖလား 𝟐 ကြိမ်၊ အက်ဖ်အေ ချာရတီဒိုင်း 𝟐 ကြိမ် ၊ အင်တာနေရှင်နယ်ကပ် နှင့် 𝟏𝟗𝟗𝟗 ခုနှစ်တွင် ယူအီးအက်ဖ်အေချန်ပီယံလိဂ် တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကနေထွက်ခွာပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းတွင် 𝟒 ရာသီကြာ ကစားခဲ့ပြီး ကလပ်အသင်းနှင့်အတူ ၎င်း၏နောက်ဆုံးရာသီမှာ လာလီဂါချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါတယ်။ 𝟐𝟎𝟎𝟕 ခုနှစ် ဇူလိုင်လမှာ ဘက်ခမ်းဟာ မေဂျာလိဂ်ဘောလုံးကလပ် အယ်လ်အေဂလက်ဆီ နှင့် 𝟓 နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ဂလက်ဆီကစားသမားအဖြစ်ကစားနေစဉ်အတွင်း ဘက်ခမ်းဟာ အီတလီမှာ အငှားထွက်ကစားခဲ့ပြီး အေစီမီလန်မှာ 𝟐𝟎𝟎𝟗 ၊ 𝟐𝟎𝟏𝟎 ခုနှစ်များတွင် ကစားခဲ့ပါသေးတယ်။ ဇွန်နဝါရီ 𝟐𝟎𝟏𝟑 မှာတော့ သူဟာဥရောပကိုပြန်လည်ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့နောက်ဆုံးကလပ် ပီအက်စ်ဂျီနှင့် 𝟓 လစာချုပ်ချုပ်ဆိုကာ ကစားခဲ့ပြီး 𝟐𝟎𝟏𝟑 မေ မှာတော့ ကစားသမားဘဝကနေ အပြီးတိုင်အနားယူခဲ့ပါတယ်။
နိုင်ငံလက်ရွေးစင်အဖြစ် ဘက်ခမ်းဟာ အသက် 𝟐𝟏 နှစ် 𝟏𝟗𝟗𝟔 ခုနှစ် စက်တင်ဘာလ 𝟏 ရက်နေ့မှာ အင်္ဂလန်အတွက် ပွဲဦးထွက်ကစားခဲ့ပြီး 𝟔 နှစ်ကြာပြီးတဲ့နောက် အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ လက်ရွေးစင်ပွဲပေါင်း 𝟏𝟏𝟓 ပွဲကစားခဲ့ပြီး 𝟏𝟗𝟗𝟖၊ 𝟐𝟎𝟎𝟐 နဲ့ 𝟐𝟎𝟎𝟔 တွေမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ 𝟑 ကြိမ်အပြင် 𝟐𝟎𝟎𝟎 နဲ့ 𝟐𝟎𝟎𝟒 တွေမှာ ယူရို 𝟐 ကြိမ် ပါဝင်ခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဘောလုံးသံတမန်တစ်ဦးဖြစ်တဲ့ ဘက်ခမ်းဟာ ဗြိတိန်ယဉ်ကျေးမှုအိုင်ကွန်အဖြစ် သတ်မှတ်ခံရသူဖြစ်ပြီး သူဟာ ဗစ်တိုးရီးယားဘက်ခမ်းနှင့် 𝟏𝟗𝟗𝟗 ခုနှစ်မှာ လူသိရှင်ကြား လက်ထပ်ခဲ့ပါတယ်။ 𝟐𝟎𝟏𝟑 မှာ ဘောလုံးလောကတွင် ၀င်ငွေအများဆုံးရရှိသူစာရင်းတွင် ပါဝင်ခဲ့ပြီး ကမ္ဘာ့လစာအများဆုံးကစားသမားအဖြစ် စာရင်းသွင်းခံရကာ ပြီးခဲ့သော ဆယ့်နှစ်လအတွင်း အမေရိကန်ဒေါ်လာ သန်း 𝟓𝟎 ကျော် ပိုင်ဆိုင်ခဲ့ပါတယ်။ ဘက်ခမ်းဟာ 𝟏𝟗𝟗𝟗 ခုနှစ် 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 တွင် ဒုတိယ၊ ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမား (𝟏𝟗𝟗𝟗 နှင့် 𝟐𝟎𝟎𝟏) တွင် ဒုတိယနှစ်ကြိမ်ရရှိခဲ့ပြီး 𝟐𝟎𝟎𝟒 ခုနှစ်တွင် ပီလီ ရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား 𝐅𝐈𝐅𝐀 𝟏𝟎𝟎 စာရင်းဝင်ခဲ့ပါတယ်။ 𝟐𝟎𝟎𝟖 ခုနှစ်တွင် အင်္ဂလိပ်ရဲ့ 𝐇𝐚𝐥𝐥 𝐨𝐟 𝐅𝐚𝐦𝐞 နှင့် 𝟐𝟎𝟐𝟏 ခုနှစ်တွင် ပရီးမီးယားလိဂ်ရဲ့ 𝐇𝐚𝐥𝐥 𝐨𝐟 𝐅𝐚𝐦𝐞 တို့တွင်လည်း စာရင်းသွင်းခံခဲ့ရပါတယ်။
ဘက်ခမ်းရဲ့ အမည်အပြည့်အစုံက ဒေးဗစ်ရောဘတ်ဂျို့ဆက်ဘက်ခမ်းဖြစ်ပြီး သူ့ကို 𝟏𝟗𝟕𝟓 ခုနှစ် မေလ 𝟐 ရက်နေ့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ လေတွန်စတုန်းရှိ ဝှစ်ခရော့ယူနီဗာစတီ ဆေးရုံတွင်မွေးဖွားခဲ့ ပါတယ်။ သူအဖေက ဆံပင်ညှပ်ဆရာ ၊ အမေက မီးဖိုချောင်ပြုပြင်သူဖြစ်ပြီး သူ့မှာ အမတစ်ယောက် နှင့် ညီမတစ်ယောက်ရှိပါတယ်။ သူ့ရဲ့နာမည်ထဲက ရောဘတ်ကတော့ သူ့အဖေ အကြိုက်ဆုံးဘောလုံး သမား ဘော်ဘီချာတန် ( 𝐒𝐢𝐫 𝐑𝐨𝐛𝐞𝐫𝐭 𝐂𝐡𝐚𝐫𝐥𝐭𝐨𝐧 ) အား ဂုဏ်ပြုသောအားဖြင့် ရောဘတ်ကို အလယ်မှာထည့် ထားပေးထားခြင်းပါ။ ဘက်ခမ်းမိခင်ရဲ့အဖိုးရဲ့အဖွားတွေဟာ ဂျူးလူမျိုးများဖြစ်ကြပြီး ဘက်ခမ်းက သူ့ကိုယ်သူ "ဂျူးတစ်ဝက်" လို့ရည်ညွှန်းပြီး ၎င်း၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာ သူဟာ ဂျူးအယူဝါဒနှင့် ပိုမိုအဆက်အသွယ်ရှိနိုင်သည် ဟု ရေးသားခဲ့ပါတယ်။
သူရဲ့မိဘများက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းပွဲစဉ်များကိုအားပေးရန် လန်ဒန်မှ အိုးထရပ်စ်ဖို့ဒ် သို့ မိုင် 𝟐𝟎𝟎 (𝟑𝟐𝟎 ကီလိုမီတာ) အကွာအဝေးကို မကြာခဏလာရောက်ကြည့်ရှု့ကြတဲ့ ယူနိုက်တက်အမာခံပရိတ်သတ်များဖြစ်ကြပါတယ်။ ဒါကြောင့် ဘက်ခမ်းဟာ သူ့မိဘများရဲ့ မန်ချက်စတာယူနိုက်တက်ကို ချစ်မြတ်နိုးသည့် အမွေကိုဆက်ခံခဲ့ပြီး သူရဲ့အဓိက အားကစားဝါသနာမှာ ဘောလုံးဖြစ်ခဲ့ပါတယ်။ 𝟐𝟎𝟎𝟕 အင်တာဗျူးတစ်ခုတွင် ဘက်ခမ်းက "ကျောင်းမှာ ဆရာတွေက 'အသက်ကြီးလာတဲ့အခါ ဘာလုပ်ချင်လဲ' လို့ မေးတိုင်း 'ကျွန်တော် ဘောလုံးသမားဖြစ်ချင်ပါတယ်' လို့ပြောခဲ့တယ်၊ ပြီးတော့ သူတို့က 'မဟုတ်ဘူး၊ အလုပ်တစ်ခုအတွက် မင်းတကယ် ဘာလုပ်ချင်တာလဲ’ လို့ပြောတဲ့အခါ အဲဒါက ကျွန်တော်လုပ်ချင်တဲ့ တစ်ခုတည်းသော အရာပါပဲလို့ဖြေခဲ့ပါတယ်။ ဘက်ခမ်းဟာ အဓိကအားဖြင့် သူရဲ့အရွယ်အစားသေးမှုကြောင့် အင်္ဂလန် 𝐒𝐜𝐡𝐨𝐨𝐥𝐛𝐨𝐲𝐬 အဖွဲ့ကို ကိုယ်စားပြုရန် ရွေးချယ်ခြင်းမခံရပဲ တိုးတက်မှုတွေနောက်ကျခဲ့သူပါ။
လူငယ်ကစားသမားဘဝ ဘက်ခမ်းဟာ သူရဲ့ပြည်တွင်းကလပ် လေတန်အိုရီးရန့် ၊နောဝှစ်စီးတီးတို့နှင့် စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ကျောင်းသို့ တက်ရောက်ခဲ့သော်လည်း ပြိုင်ပွဲတွင် ကလပ်အသင်းကိုယ်စားပြု တစ်ခါမှမပါဝင်ခဲ့ပါဘူး။ သူဟာ 𝐍𝐞𝐯𝐢𝐧 𝐃𝐫𝐢𝐯𝐞၊ 𝐂𝐡𝐢𝐧𝐠𝐟𝐨𝐫𝐝 ရှိ 𝐂𝐡𝐢𝐧𝐠𝐟𝐨𝐫𝐝 𝐂𝐨𝐮𝐧𝐭𝐲 အထက်တန်းကျောင်းသို့ တက်ရောက်ခဲ့တယ်၊ နောက်ပြီး 𝐁𝐫𝐚𝐝𝐞𝐧𝐭𝐨𝐧 𝐏𝐫𝐞𝐩𝐚𝐫𝐚𝐭𝐨𝐫𝐲 𝐀𝐜𝐚𝐝𝐞𝐦𝐲 သို့လည်း တက်ရောက်ခဲ့ပြီး သူရဲ့ 𝟏𝟒 နှစ်မြောက်မွေးနေ့မှာတော့ မန်ချက်စတာယူနိုက်တက် မှာ ကျောင်းသားလေးပုံစံဖြင့် 𝟏𝟗𝟗𝟏 ခုနှစ် ဇူလိုင်လ 𝟖 ရက်နေ့တွင် လူငယ်လေ့ကျင့်ရေးအစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဘက်ခမ်းဟာ အင်တာမိုင်းယာမီ နှင့် ဆဲဖို့ဒ် အသင်းရဲ့ပူးတွဲပိုင်ရှင်တစ်ယောက် အဖြစ်ဘောလုံးလောကမှာဆက်လက် ရပ်တည်နေကာ 𝟐𝟎𝟏𝟓 ခုနှစ်ထဲက 𝟕- 𝐃𝐚𝐯𝐢𝐝 𝐁𝐞𝐜𝐤𝐡𝐚𝐦 𝐔𝐍𝐈𝐂𝐄𝐅 𝐅𝐮𝐧𝐝 ကို တည်ထောင်းထားပြီးလက်ရှိအချိန်ထိလုပ်ဆောင်နေသူဖြစ်ပါတယ်။ သူရဲ့ကစားသမားဘဝမှာတော့ အဓိကအားဖြင့် ညာတောင်ပံကစားသမား တစ်ယောက်အဖြစ် ကျော်ကြားခဲ့ပြီး သူ့ရဲ့ဖြတ်ကျော်မှု၊ ဖြတ်ကျော်နိုင်စွမ်းနဲ့ ဖရီးကစ်ကန်သွင်းမှုတွေ ကြောင့် ဘက်ခမ်းဟာ သူ့ရဲ့မျိုးဆက်ရဲ့ အကောင်းဆုံးနဲ့ အသိအမှတ်ပြုခံရဆုံး ကွင်းလယ်ကစားသမား တွေထဲက တစ်ဦးဖြစ်သလို အကောင်းဆုံး ဖရီးကစ်ကန်သွင်းသူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ကစားသမားဘဝမှာ အဓိကဆုဖလား 𝟏𝟗 လုံးရရှိခဲ့ပြီး မတူညီသောနိုင်ငံလေးခုတွင် လိဂ်ဖလားများရရှိခဲ့သည့် ပထမဆုံးအင်္ဂလိပ်ကစားသမား အဖြစ်၊ အင်္ဂလန်၊ စပိန်၊ အမေရိကန်နှင့် ပြင်သစ်တို့တွင်ဆုဖလားများရယူပြီးရပ်တည်ထားပါတယ်။ နောက်ပြီး ယူအီးအက်ဖ်အေချန်ပီယံလိဂ် ပွဲ 𝟏𝟎𝟎 ကစားခဲ့တဲ့ ပထမဆုံး ဗြိတိန်ဘောလုံးသမားအဖြစ်လဲ မှတ်ဝင်တင်ထားသူဖြစ်ပါတယ်။
#k9mmmedia
#ManchesterUnited
#DavidBeckham
နောက်ဆုံးရသတင်းများ



လက်ရှိဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး Full-Back Players 10 ယောက်

ဒီနေ့မှာတော့ ကျွန်တော်က ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အကြောင်း ကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။