ဂန္ထဝင်ကွင်းလယ်ကစားသမား မိုက်ကယ်ဘောလက် ဆိုတာ…

မိုက်ကယ်ဘောလက် သည်သူ့မျိုးဆက်ရဲ့ အကောင်းဆုံးနှင့် စွယ်စုံရကွင်းလယ်ကစားသမားများထဲမှ တစ်ဦးအဖြစ်သတ်မှတ်ခံထားရပြီး ပုံမှန်အားဖြင့်သူသည် 𝐛𝐨𝐱 𝐭𝐨 𝐛𝐨𝐱 ကွင်းလယ်ကစားသမားမျိုး ဖြစ်ပါတယ်။ သူဟာ နည်းစနစ်ပိုင်းကောင်းမွန်သူတစ်ဦးဖြစ်ပြီး ကွင်းလယ်ကိုထိမ်းကြောင်းနိုင်မှု ၊ ဘောလုံးပေးပို့ပုံကောင်းမွန်မှုနဲ့အတူ အခွင့်အရေးဖန်တီးနိုင်မှုတွေအပြင် ဘယ်ခြေညာခြေ နှစ်ဖက်လုံးကိုပိုင်နိုင်ပြီး အဝေးကန်ချက်ကောင်းတွေလည်းထူးချွန်နေသူတစ်ယောက်ဖြစ်ပါတယ်။နောက်ပြီး မြင့်မားတဲ့ အရပ်အမောင်းကိုပိုင်ဆိုင်ကာအမြင့်ဘောအားသာချက်တွေအပြင် ကြံ့ခိုင်ပြီး ရန်လိုသောကစားဟန်ဖြင့် ပြိုင်ဘက်တွေကိုအနိုင်ယူနိုင်မှုကြောင့်လည်းနာမည်ကြီးသူဖြစ်ပါတယ်။
သူ့ရဲ့ကစားနိုင်မှုစွမ်းရည်တွေအပြင် ဘောလက် သည် သူရဲ့ကစားသမားဘဝတစ်လျှောက်လုံးတွင် ခေါင်းဆောင်မှုအရည်အသွေးများအတွက်လည်းထင်ရှားသူပါ။ သူ့ရဲ့နိုင်ငံအသင်းနည်းပြ ဂျိုအာချင်လော ကသူ့ကို " ကွင်းထဲမှာဩဇာအပြည့်နဲ့ အေးဆေးတည်ငြိမ်စွာကစားနိုင်သူ “ဟုလည်း ချီးကျူးခံရသူဖြစ်ပါတယ်။ သူဟာ ကြီးမားတဲ့ကစားသမားဘဝကိုပိုင်ဆိုင်ခဲ့သော်လည်း နောက်ပိုင်းတွင်ဒဏ်ရာများနဲ့ရုန်းကန်ခဲ့ရပြီးအကန့်အသက်တွေနဲ့သာ ပွဲကစားချိန်တွေရရှိခဲ့ပါတယ်။
𝟐𝟔 စက်တင်ဘာ 𝟏𝟗𝟕𝟔 တွင်မွေးဖွားခဲ့သည် မိုက်ကယ်ဘောလက်ဟာ ပီလီရဲ့ဖီဖာ အကောင်းဆုံး ကစားသမား 𝟏𝟎𝟎 ထဲမှတစ်ယောက်အဖြစ်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး 𝟐𝟎𝟎𝟐 ခုနှစ်တွင် ယူအီးအက်ဖ်အေရဲ့တစ်နှစ်တာအကောင်းဆုံး ကွင်းလယ်ကစားသမားဆုကိုရရှိခဲ့ပါတယ်။ ဒါ့အပြင် သူသည် တစ်နှစ်တာအကောင်းဆုံး ဂျာမန်ဘောလုံးသမားဆုကို 𝟑 ကြိမ်အဖြင့် ( 𝟐𝟎𝟎𝟐 ၊ 𝟐𝟎𝟎𝟑 ၊ 𝟐𝟎𝟎𝟓 ) တို့ကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။
သူသည် လူငယ်ကစားသမားဘဝအစကို 𝟏𝟗𝟖𝟑 ဖရဇ်ဟက်ကတ် တွင်စတင်ခဲ့ပြီး စီနီယာကစားသမားဘဝ ကို ခမ်းနစ်တ်ဇာ အသင်းတွင်စတင်ခဲ့ကာ 𝟏𝟗𝟗𝟕 တွင်ကစားသမားဘဝ နောက်တစ်ဆင့်ကိုရောက်ရှိခဲ့တဲ့ ကိုင်ဆာစလောက်တန် သို့ ပြောင်းရွှေ့ခဲ့ပြီး ပထမဆုံးရာသီမှာပဲ ဘွန်ဒက်လီဂါဖလားကိုရရှိခဲ့ပါတယ်။ 𝟏𝟗𝟗𝟖-𝟗𝟗 ရာသီမှာတော့ ဂျာမနီလက်ရွေးစင်တွင် ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပြီး သူသည် 𝟏𝟗𝟗𝟗 ခုနှစ်တွင် ဘိုင်ယန်လေဗာကူဆင်သို့ ယူရို 𝟒.𝟏 သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပါတယ်။ သူသည်လေဗာကူဆင်နှင့်အတူ 𝟐𝟎𝟎𝟏-𝟎𝟐 ရာသီတွင် ဘွန်ဒက်လီဂါ၊ ပိုကယ်နှင့် ယူအီးအက်ဖ်အေချန်ပီယံလိဂ် တွေမှာဒုတိယဆုတွေနဲ့ကျေနပ်ခဲ့ရပြီး ၊ဂျာမနီလက် ရွေးစင်အသင်းမှာလည်း 𝟐𝟎𝟎𝟐 ကမ္ဘာ့ဖလားဖိုင်နယ်တွင် ဘရာဇီးကို ရှုံးနိမ့်ခဲ့ကာ ဒုတိယနေရာမှ ဆုတံဆိပ်တွေကိုဆွတ်ခူးရင်း ကံအဆိုးဆုံးလူသားတစ်ယောက် အဖြစ်ဖြတ်သန်းခဲ့ရပါတယ်။
လေဗာကူဆင်မှာ 𝟑 ရာသီကြာပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းထံ ယူရို 𝟏𝟐.𝟗 သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အသင်းနှင့်အတူ 𝟐𝟎𝟎𝟑 ၊ 𝟐𝟎𝟎𝟓 နှင့် 𝟐𝟎𝟎𝟔 ခုနှစ်များတွင် ဘွန်ဒက်လီဂါဖလားနှင့် ပိုကယ်ဖလား တို့ကို 𝟐 ကြိမ်ရရှိခဲ့ကာ သူသည် ကွင်းလယ်မှ ထိပ်တန်းဂိုးသွင်းသူတစ်ဦး ဖြစ်ခဲ့ပြီး 𝟐𝟎𝟎𝟐 ခုနှစ်မှ 𝟐𝟎𝟎𝟔 ခုနှစ်အတွင်း ဘိုင်ယန်အတွက် 𝟓𝟖 ဂိုးအထိသွင်းယူပေးခဲ့ပါတယ်။ 𝟐𝟎𝟎𝟔 ခုနှစ် အလယ် လောက်တွင် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးသို့ ရောက်ရှိလာခဲ့ပြီး ပထမရာသီမှာပဲ ဆုဖလားတွေရရှိခဲ့ပါတယ်။ 𝟐𝟎𝟎𝟕 တုန်းကသူဟာ ဒဏ်ရာ တော်တော်များများနဲ့လုံးပန်းခဲ့ရပေမဲ့ နောက်ရာသီမှာချယ်လ်ဆီးအသင်းကို သူတို့ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဖိုင်နယ်ရောက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး 𝟐𝟎𝟎𝟗-𝟐𝟎𝟏𝟎 ဘောလုံးရာသီရဲ့ ဆုဖလားနှစ်လုံးအောင်ပွဲမှာလည်း အသင်းရဲ့အစိတ်အပိုင်းအဖြစ်အောင်ပွဲခံနိုင်ခဲ့ပါတယ်။
နိုင်ငံလက်ရွေးစင်အဖြစ် သူသည် 𝟐𝟎𝟎𝟎 ၊ 𝟐𝟎𝟎𝟒 နှင့် 𝟐𝟎𝟎𝟖 တွင် ယူအီးအက်ဖ်အေ ဥရောပဘောလုံး ပြိုင်ပွဲများနှင့် 𝟐𝟎𝟎𝟐 နှင့် 𝟐𝟎𝟎𝟔 ခုနှစ် ဖီဖာကမ္ဘာ့ဖလားတို့တွင် ပါဝင်ကစားခဲ့ပြီး ဂျာဂျန် ကလင်းစ်မန်း သည်သူ့ကို့ 𝟐𝟎𝟎𝟒 ခုနှစ်တွင် နိုင်ငံအသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပါတယ် ။ဘောလက်သည် ကွာတားဖိုင်နယ် နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များတွင်အနိုင်ဂိုးများသွင်းယူပြီးနိုင်ငံအသင်းကို 𝟐𝟎𝟎𝟐 ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်ရောက်အောင်ကူညီနိုင်ခဲ့ကာ၊ 𝟐𝟎𝟎𝟔 ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်နှင့် ယူရို 𝟐𝟎𝟎𝟖 ဖိုင်နယ်အထိ လည်းပို့ဆောင်ပေးခဲ့ပါတယ်။ နောက်ပြီး သူဟာ ဂျာမနီလက်ရွေးစင်အသင်း သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။
#k9mmmedia
#MichaelBallack
#Midfielder
နောက်ဆုံးရသတင်းများ


လက်ရှိဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး Full-Back Players 10 ယောက်

ဒီနေ့မှာတော့ ကျွန်တော်က ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အကြောင်း ကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။
.jpg)