“ 𝐓𝐡𝐞 𝐁𝐮𝐥𝐥𝐞𝐭 𝐌𝐚𝐧 ” လို့ခေါ်တွင်ခဲ့တဲ့ ဂန္ထဝင်ကြီး ရောဘတ်တိုကားလို့စ်

ရောဘတ်တိုကားလို့စ် လို့ပရိတ်သတ်တွေစပြီးသိကြတာက 𝟏𝟗𝟗𝟕 ခုနှစ်ရဲ့ ပြင်သစ်အသင်းနှင့်ပွဲစဉ်မှာ ကန်သွင်းခဲ့တဲ့သူ့ရဲ့အလွတ်တည်ကန်ဘောကြောင့်လို့ပြောနိုင်ပါတယ်။ ရူပဗေဒ သဘောတရားကို ဆန့်ကျင်တဲ့ အဲ့ဒီအလွတ်တည်ကန်ဘောကတကယ်ကိုသမိုင်းဝင်ခဲ့ပြီး ယနေ့အထိလည်းကျော်ကြားကာ ဘယ်အချိန်ကြည့်ကြည့်အံ့အားသင့်နေရတဲ့ကန်သွင်းချက်မျိုးဖြစ်ပါတယ်။ ဒီလိုအရာတွေပါ လုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့်လည်း သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးတွင် "𝐓𝐡𝐞 𝐁𝐮𝐥𝐥𝐞𝐭 𝐌𝐚𝐧" ဟုခေါ်တွင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်အားသန်နောက်ခံကစားသမားတွေထဲက တစ်ယောက်အဖြစ် ရပ်တည်နေခဲ့တာဖြစ်ပါတယ်။
ကလပ်အသင်းအဆင့်တွင် ရောဘတ်တိုကားလို့စ်သည် 𝟏𝟗𝟗𝟔 တွင် အင်တာမီလန်မှ ရီးရဲမက်ဒရစ်သို့ ရောက်ရှိလာခဲ့ပြီး 𝟏𝟏 ရာသီကြာကစားခဲ့ကာ ပြိုင်ပွဲစုံ 𝟓𝟖𝟒 ပွဲကစားပြီး သွင်းဂိုး 𝟕𝟏 ဂိုးသွင်းယူကာ အောင်မြင်မှုတွေများစွာရရှိခဲ့သူပါ။ မက်ဒရစ်မှာ လာလီဂါဖလား 𝟒 ကြိမ်နဲ့ ချန်ပီယံလိဂ်ဖား 𝟑 ကြိမ် တို့ကိုရရှိခဲ့ပြီး 𝟐𝟎𝟏𝟑 ၊ ဧပြီလတွင် မာကာသတင်းစာက သူ့ကို "ရီးရဲမက်ဒရစ်သမိုင်းတွင် အကောင်းဆုံး နိုင်ငံခြားသားကစားသမား 𝟏𝟏 ယောက်ထဲက တစ်ယောက်" ဟု သတ်မှတ်ခဲ့ပါတယ်။ သူသည် ကလပ်နှင့်နိုင်ငံအဆင့်တွင် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲပေါင်း 𝟏,𝟏𝟎𝟎 ကျော် ကစားဖူးသည့် ကစားသမား အနည်းငယ်ထဲမှ တစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။
သူသည် ဇွန် 𝟐𝟎𝟏𝟑 တွင် တူရကီစူပါလိဂ်ရှိ စီဗက်စ်စပေါ အသင်းတွင်နည်းပြတာဝန်ကိုယူခဲ့ပြီး ဒီဇင်ဘာ 𝟐𝟎𝟏𝟒 တွင် နည်းပြအဖြစ်မှပြန်လည်နှုတ်ထွက်ခဲ့သည်။ 𝟐𝟎𝟏𝟓 ဇန်နဝါရီ မှ ဇွန်အထိ အက်ခ်ဟီဆာစပေါ အသင်းရဲ့နည်းပြအဖြစ်လည်းတာဝန်ယူခဲ့ပြီး အသက် 𝟑𝟗 နှစ် ၊ 𝟐𝟎𝟏𝟐 မှာကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့ပါတယ်။ သို့သော် အိန္ဒိယစူပါလိဂ်ကလပ် ဒယ်လ်ဟိုင်းဒိုင်းနမို့စ် အသင်းရဲ့ ကစားသမား/မန်နေဂျာအဖြစ် ပြန်လည်ခန့်အပ်ခံပြီးနောက် 𝟐𝟎𝟏𝟓 မှာမှ ကစားသမားဘဝမှ အပြီးတိုင်အနားယူခဲ့တာဖြစ်ပါတယ်။
သူသည် ဆာအူပေါ်လိုပြည်နယ် ၊ အာရာရက်စ် အခြေစိုက်ဘောလုံးကလပ် ယူနီယာအိုဆာအိုဂျူရာအိုတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုစတင်ခဲ့ပါတယ်။ 𝟏𝟗𝟗𝟐 ၊ အသက် 𝟏𝟗 နှစ်အရွယ်မှာသူဟာ ကလပ်ပွဲအနည်းငယ်သာကစားရသေးပေမဲ့ ဘရာဇီးလက်ရွေးစင်အသင်းရဲ့ ခေါ်ယူခြင်းခံခဲ့ရပြီး 𝟏𝟗𝟗𝟐 ဩဂုတ်လမှာပဲအက်သလက်တီကိုမင်နဲရိုးသို့တစ်ရာသီ အငှားထွက်ကစား ခဲ့ပါတယ်။ အဲ့နောက် 𝟏𝟗𝟗𝟑 တွင် ပါမီးရက်စ် သို့ရောက်ရှိခဲ့ပြီး နှစ်ရာသီကြာကစားကာ ဘရာဇီးလိဂ်ဖလားကို နှစ်နှစ်ဆက်ရရှိခဲ့ပါတယ်။ 𝟏𝟗𝟗𝟓 တွင် အက်စတွန်ဗီလာသို့ ပြောင်းရွှေ့လုနီးပါး ဖြစ်ပြီးနောက် သူသည်အင်တာမီလန်သို့တစ်ရာသီကြာ ကစားခဲ့ပါတယ်။ သူကအင်တာမီလန်နဲ့အတူ မအောင်မြင်ခဲ့ပဲ စီးရီးအေမှာအဆင့် 𝟕 နဲ့ပြီးဆုံးပြီးနောက် 𝟏𝟗𝟔𝟔 တွင်ရီးရဲမက်ဒရစ်သို့ရောက်ရှိ ခဲ့တာဖြစ်ပါတယ်။
ရောဘတ်တိုကားလို့စ်သည် 𝟏𝟗𝟗𝟐 တွင် ဘရာဇီးလက်ရွေးစင်အသင်းအတွက် ပထမဆုံးပွဲထွက် ကစားခဲ့ပါတယ်။ နိုင်ငံအသင်းနှင့်အတူကမ္ဘာ့ဖလား 𝟑 ကြိမ်တွင်ပါဝင်ကစားခဲ့ပြီး ပြင်သစ်တွင်ကျင်းပတဲ့ 𝟏𝟗𝟗𝟖 ကမ္ဘာ့ဖလားတွင်ဖိုင်နယ်ရောက်အောင် ကူညီပေးခဲ့ကာ ၊ တောင်ကိုးရီးယားနှင့် ဂျပန်တို့တွင် ကျင်းပတဲ့ 𝟐𝟎𝟎𝟐 ကမ္ဘာ့ဖလားမှာတော့နိုင်ငံအတွက်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်အောင်ကူညီ ပေးခဲ့ပါတယ်။ ဒါ့အပြင်အဲ့ဒီပြိုင်ပွဲတွေမှာခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာကြောင့် 𝟏𝟗𝟗𝟖 နှင့် 𝟐𝟎𝟎𝟐 ကမ္ဘာ့ဖလားတို့ရဲ့ ဖီဖာအကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ နောက်ပြီးသူဟာ နိုင်ငံအသင်းအတွက် 𝟏𝟐𝟓 ပွဲဖြင့် ပွဲအများဆုံးကစားထားတဲ့နေရာမှာ စတုတ္ထမြောက်နေရာမှာ ရပ်တည်ထားသူဖြစ်ပါတယ်။
သူဟာ ဘရာဇီးမှာကစားသမားဘဝကို တိုက်စစ်မှူးအဖြစ် စတင်ခဲ့ပေမယ့် ဘယ်နောက်ခံလူအဖြစ် ကျော်ကြားခဲ့တဲ့ ဂန္ထဝင်ခံစစ်မှူးကြီးဖြစ်ပါတယ်။ သူ့ရဲ့ တစ်ဦးချင်းကျွမ်းကျင်မှုများအပြင် တိကျသောဖြတ်တင်မှု ၊ ဖြတ်ကျော်နိုင်စွမ်းတွေနဲ့အတူ ပြစ်ဒဏ်ဘောကန်သွင်းချက်တွေက တကယ်ကိုပြည့်စုံလွန်းပြီး ၊ သူဟာ ခံစစ်ကစားသမားတစ်ဦးအနေနဲ့ဖြတ်ထုတ်မှု ၊ ရှင်လင်းမှုတွေလုပ်ရသော်လည်း ကစားသမားဘဝတစ်လျှောက်သန့်ရှင်းသောကစားသမားတစ်ဦး အဖြစ်လည်းကျော်ကြားခဲ့သူပါ။
သူဟာ 𝟏𝟗𝟗𝟕 ဖီဖာတစ်နှစ်တာအကောင်းဆုံကစားသမားဆုနေရာမှာ ငွေ ၊ 𝟐𝟎𝟎𝟐 ရွှေဘောလုံးဆု နေရာမှာ ဒုတိယ ၊ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးနောက်ခံဘူအဖြစ် နှစ်ကြိမ် ( 𝟐𝟎𝟎𝟐 ၊ 𝟐𝟎𝟎𝟑 ) နှင့် 𝟐𝟎𝟎𝟖 ရဲ့ရွှေခြေထောက်ဆု တို့အပြင်အခြားတစ်ဦးခြင်းဆုတံဆိပ်တွေများစွာ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။
#k9mmmedia
#RobertoCarlos
#realmadrid
နောက်ဆုံးရသတင်းများ


လက်ရှိဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး Full-Back Players 10 ယောက်

ဒီနေ့မှာတော့ ကျွန်တော်က ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အကြောင်း ကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။
.jpg)