အာဂျင်တီးနားသားတို့အတွက် နတ်သားလေး အိန်ဂျယ် ဒီမာရီယာ

Admin
4 လ ခန့်က
Sport Articles
 အာဂျင်တီးနားသားတို့အတွက် နတ်သားလေး အိန်ဂျယ် ဒီမာရီယာ

အာဂျင်တီးနားနိုင်ငံ အတွက် အရေးပါသော ဖိုင်နယ် ပွဲ တိုင်းလိုလို ဂိုးသွင်းတက်တဲ့ ကစားသမားကတော့ အိန်ဂျယ် ဒီမာရီယာ ပဲ ဖြစ်ပါတယ် ။ အိန်ဂျယ် ဒီမာရီယာမှာ ကမ္ဘာ ဘောလုံး လောကရဲ့ 𝐆𝐎𝐀𝐓 လို့ သတ်မှတ် ထားကြတဲ့ မက်ဆီ ၊ ရော်နယ်ဒို တို့ နှင့်အတူတူ တွဲကစားဖူးတဲ့ ကစားသမားတွေ ထဲကတစ်ယောက် ဖြစ်ပြီး အခြား နာမည်ကြီးကစားသမား များနှင့် လည်း အကောင်းဆုံးတွဲဖက် ကစားခဲ့ပြီး ဆုဖလားများစွာ သိမ်း ပိုက်နိုင်ခဲ့တဲ့ ကစားသမား တစ်ယောက်လဲဖြစ်ပါတယ် ။

အိန်ဂျယ် ဒီမာရီယာ က ကမ္ဘာ့အကောင်းဆုံး တောင်ပံ နှင့် ကွင်းလယ် ကစားသမားတွေထဲက တစ်ယောက်လို့ပြောရင် ငြင်းမဲ့ လူမရှိလောက်ပါဘူး ။ အိန်ဂျယ် ဒီမာရီယာ ရဲ့ အနုပညာ ဆန်တဲ့ လှည့်စားမှုနှင့် သွက်လက် တဲ့ ကစားဟန် တို့ကြောင့် လူသိများ ခဲ့ပြီး ဒီမာရီယာဟာဆိုရင်အားကစားသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော အာဂျင်တီးနားကစားသမားများထဲမှ တစ်ဦးဖြစ်ပြီး၊ အာဂျင်တီးနား အသင်း အတွက် လည်း အကြီးကျယ်ဆုံးသောတောင်ပံကစားသမားများထဲမှ တစ်ဦးအဖြစ် လူသိများပါတယ် ။ အိန်ဂျယ် ဒီမာရီယာ ဟာ ဆိုရင် အာဂျင်တီးနားနိုင်ငံ အတွက် လိုအပ်နေတဲ့ အချိန်တိုင်း အကောင်း ပေးဆပ် ကစားပေးသွားတာကြောင့် အာဂျင်တီးနား နိုင်ငံ အတွက် အဖိုးမဖြတ်နိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

အိန်ဂျယ် ဒီမာရီယာ ကို 𝟏𝟗𝟖𝟖 ခုနှစ် ဖေဖော်ဝါရီ 𝟏𝟒 ရက်နေ့ တွင် ရိုဆယ်ရီ ရိုမြို့ တွင်မွေးဖွားခဲ့ပြီး အိန်ဂျယ် ဒီမာရီယာ ရဲ့ မိဘတွေကတော့ 𝐌𝐢𝐠𝐮𝐞𝐥 𝐝𝐢 𝐌𝐚𝐫í𝐚 နှင့် 𝐃𝐢𝐚𝐧𝐚 𝐇𝐞𝐫𝐧𝐚𝐧𝐝𝐳 တို့ပဲဖြစ်ပါတယ်။ အိန်ဂျယ် ဒီမာရီယာ မှာ မွေးချင်း ၃ယောက်ရှိတဲ့ အနက် မှ အိန်ဂျယ် ဒီမာရီယာကအကြီးဆုံးဖြစ်ပြီး ညီမနှစ်ယောက်ဖြစ်တဲ့ 𝐕𝐚𝐧𝐞𝐬𝐚 နှင့် 𝐄𝐯𝐞𝐥𝐲𝐧 တို့နှင့်အတူ ဒေသခံကျောက်မီးသွေးခြံတစ်ခုမှာ မိဘတွေ ကို ကူညီပေးရင်း ငယ်ဘဝ ကို ဖြတ်သန်း ခဲ့ရပါတယ် ။ ဒီမာရီယာ ဟာ ငယ်စဥ်ကတည်းက ဘောလုံး အားကစားကို ဝါသနာပါပေမယ့် အိမ်ရဲ့ စီးပွားရေးအဆင်မပြေမှုတွေ ကြောင့် ဒီမာရီယာ ရဲ့ ဝါသနာကို ပံ့ပိုး ကူညီဖို့ သူ့မိဘတွေအတွက် ခက်ခဲခဲ့ပါတယ်။ ဒီမာရီယာ ဟာ သူ့ရဲ့ကစားသမားဘဝ ကို 𝐑𝐨𝐬𝐚𝐫𝐢𝐨 𝐂𝐞𝐧𝐭𝐫𝐚𝐥 အသင်း မှာ သူရဲ့အသက် လေးနှစ်အရွယ် မှာ စတင် ရောက်ရှိခဲ့တယ်။ ဒီမာရီယာ ဟာ ၂၀၀၇ ခုနှစ် တွင် ဥရောပ အသင်းတစ်သင်းဖြစ်တဲ့ ဘင်ဖီကာ အသင်း ထံကို ပြောင်းရွှေ့ ခဲ့တယ်။ ဘင်ဖီကာ အသင်း သို့ ပြောင်းရွှေ့ ခဲ့ ပြီး သုံးနှစ်အကြာ ၂၀၁၀ ခုနှစ် တွင် ရီးရဲလ်မက်ဒရစ်သို့ ယူရို ၂၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ 𝟐𝟎𝟏𝟏-𝟏𝟐 လာလီဂါဖလားအောင်မြင်မှုတွင် အိန်ဂျယ် ဒီမာရီယာ ဟာ အဓိကကြတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့တယ်။ အိန်ဂျယ် ဒီမာရီယာ ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ 𝟐𝟎𝟏𝟑-𝟏𝟒 ရာသီက ချန်ပီယံလိဂ်တစ်ရာသီတည်းမှာ ဂိုးဖန်တီးမှု (၁၈)ကြိမ်အထိ ပြုလုပ်ထားပါတယ်။ 𝟐𝟎𝟏𝟑-𝟐𝟎𝟏𝟒 ခုနှစ် မှာ တော့ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူး ပြီးနောက် 𝟐𝟎𝟏𝟒 ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းထံ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် 𝟓𝟗.𝟕 သန်းနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ ခဲ့တယ်။

ဒီမာရီယာ ရဲ့ ပြောင်းရွှေ့ ကြေး က အဲဒီ အချိန် က ဗြိတိန်ပြောင်းရွှေ့ ကြေး အများဆုံးတွေထဲ က တစ်ခု အပါအဝင် ဖြစ်တယ်။ မန်ချက်စတာယူနိုက် တွင် တစ်နှစ်ကြာ ကစားခဲ့ပြီး နောက် သြဂုတ် ၂ ရက်တွင် ပီအက်စ်ဂျီ အသင်းသို့ ပြောင်းရွှေ့ရန် အတွက် အိန်ဂျယ် ဒီမာရီယာ ဟာ ဆေးစစ်မှုခံယူ မယ် လို့ သတင်းများထွက်ပေါ် လာခဲ့တယ်။ သတင်းများထွက်ပေါ် လာခဲ့ ပြီး လေးရက်အကြာတွင် ပြောင်းရွှေ့ကြေး ပေါင် 𝟒𝟒 သန်းဝန်းကျင်ဖြင့် ပြင်သစ်ချန်ပီယံ အသင်းဖြစ်တဲ့ 𝐏𝐒𝐆 အသင်း ကို လေးနှစ်စာချုပ် နဲ့ ပြောင်းရွှေ့ ခဲ့တယ်။ 𝐏𝐒𝐆 အသင်း မှာ အသင်းရဲ့ အရေးပါ ပြီး အသင်းရဲ့ အဓိက အားထားရတဲ့ ကစားသမားတစ်ယောက်လဲ ဖြစ်ကာ အသင်း အတွက် ပြည်တွင်းဆုဖလားများစွာကို လည်းရယူနိုင်ခဲ့တယ်။ ဒီမာရီယာသည် 𝟐𝟎𝟐𝟐 ခုနှစ် ဇူလိုင်လ 𝟖 ရက်နေ့မှာတော့ အလွတ်ပြောင်းရွှေ့ကြေး နဲ့ ဂျူဗင်တပ်သို့ ရောက်ရှိခဲ့ပါတယ်။ ဒီမာရီယာ ဟာ စီးရီးအေမှာ ပွဲဦးထွက်မှာ သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဒဏ်ရာ ရရှိခဲ့ပါတယ် ။ဒီမာရီယာသည် အသက် 𝟐𝟎 နှစ်အရွယ် 𝟐𝟎𝟎𝟖 ခုနှစ် မှာတင် ပါရာဂွေးအသင်းနှင့် ချစ်ကြည်ရေးပွဲ တွင် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပထမဆုံးပွဲထွက်ကစားပြီး 𝟐𝟎𝟎𝟖 အိုလံပစ်အားကစားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းနှင့်အတူ ရွှေတံဆိပ်ရရှိခဲ့ပါတယ်။ အိန်ဂျယ် ဒီမာရီယာ ဟာ ၂၀၀၈ ခုနှစ် ဘေဂျင်းမြို့မှာ ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး 𝟐𝟎𝟎𝟖 ခုနှစ်ကတည်းကနေ 𝟐𝟎𝟐𝟒 ခုနှစ် အထိ အာဂျင်တီးနားလက်ရွေးစင်ကစားသမား အဖြစ် ပွဲပေါင်း ၉၀ကျော် ကစားခဲ့ ပြီးပြီ လည်း ဖြစ်ပါတယ်။

𝟐𝟎𝟎𝟖 နွေရာသီအိုလံပစ်ပြိုင်ပွဲရဲ့ ဖိုင်နယ် ပွဲစဥ် မှာ အာဂျင်တီးနားအသင်းအတွက် တစ်လုံးတည်းသောဂိုးကို လည်း သွင်းယူ ပေးခဲ့ပြီး ရွှေ တံဆိပ် ဆုကို လဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီမာရီယာဟာ 𝟐𝟎𝟏𝟓 မှာ ရရှိခဲ့တဲ့ 𝐂𝐨𝐩𝐚 𝐀𝐦𝐞𝐫𝐢𝐜𝐚 ပြိုင်ပွဲတစ်ခုမှာ (၆)ကြိမ် ဖန်တီးမှု အများဆုံး ပြုလုပ်ထားပါတယ် ။ 𝟐𝟎𝟐𝟏 𝐂𝐨𝐩𝐚 𝐀𝐦𝐞𝐫𝐢𝐜𝐚 ပြိုင်ပွဲ ဖြစ်တဲ့ ဘရာဇီးလ်နှင့် ယှဉ်ပြိုင်ကစားသည့် ဗိုလ်လုပွဲ ပွဲစဥ် မှာ အသင်းအတွက် တစ်လုံးတည်းသောဂိုးကို ဒီမာရီယာဟာ သွင်းယူ ပြီး ၁၉၉၃ ခုနှစ်နောက်ပိုင်း အာဂျင်တီးနားအသင်းအတွက် ပထမဆုံးသော ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ 𝟐𝟎𝟐𝟐ခုနှစ် ကာတာနိုင်ငံ တွင်ကျင်းပ‌ခဲ့တဲ့ ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲ မှာလည်း နည်းပြ လီယိုနယ် စကာလိုနီ ရဲ့ အကောင်းဆုံးဝှက်ဖဲ အဖြစ် အကောင်းဆုံး အသုံးတော် ခံခဲ့ ပြီး အာဂျင်တီးနားအသင်း အနိုင်ရရှိ ခဲ့တဲ့ ပြင်သစ် နဲ့ ဖိုင်နယ် ပွဲ စဥ် မှာ အရေးအပါဆုံးသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့ပါတယ်။ အိန်ဂျယ် ဒီမာရီယာ သည် အာဂျင်တီးနားအသင်း နှင့် အတူ ၂၀၂၄ ခုနှစ်တွင် ကိုပါဖလားကို ဒုတိယ အကြိမ် ထပ်မံ သိမ်းပိုက် နိုင်ခဲ့ပြီး 𝐒𝐮𝐩𝐞𝐫𝐢𝐨𝐫 𝐏𝐥𝐚𝐲𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐌𝐚𝐭𝐜𝐡 𝐌𝐢𝐜𝐡𝐞𝐥𝐨𝐛 𝐔𝐋𝐓𝐑𝐀 ဆုကို ရရှိခဲ့သည်။ ဒီမာရီယာဟာ ၂၀၂၄ ကိုပါ ဖလားကို သိမ်းပိုက်ပြီးနောက် နိုင်ငံ ကစားသမား ဘဝ မှ အနားယူခဲ့ပါတယ်။ အာဂျင်တီးနားအသင်းအတွက် ၁၂၉ ပွဲကစား ခဲ့ပြီး ၂၈ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး အိန်ဂျယ် ဒီမာရီယာ ဟာ မတူညီတဲ့ 𝐂𝐨𝐩𝐚 𝐀𝐦𝐞𝐫𝐢𝐜𝐚 ပြိုင်ပွဲ လေးခု ဖြစ်တဲ့ (𝟐𝟎𝟏𝟏၊ 𝟐𝟎𝟏𝟓၊ 𝟐𝟎𝟏𝟗 နဲ့ 𝟐𝟎𝟐𝟏) တွေမှာ ဂိုးသွင်းယူနိုင်တဲ့ တစ်ဦးတည်းသော အာဂျင်တီးနား ကစားသမားဦးလည်း ဖြစ်ပါတယ်။ ဒီမာရီယာ ဟာ လီယွန်နယ်မက်ဆီ ပြီးရင် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း 𝟏𝟐𝟓 ပွဲအထိ ကစားထားတဲ့ ဒုတိယအများဆုံးကစားသမားလည်း ဖြစ်ပါတယ် ။ ဒီမာရီယာ ရဲ့ ကစားသမား ဘဝ ဟာ ရီးရဲလ်မက်ဒရစ် ၊ မန်ယူ ၊ 𝐏𝐒𝐆 နဲ့ ဂျူဗင်တပ်စ် အစရှိတဲ့ ဥရောပ အသင်းကြီးတွေ မှာ အဓိက အားထားရတဲ့ ကစာသမားဖြစ်ခဲ့ ပြီး ဒီ သူရဲ့ မွေးရပ်ဇာတိ 𝐑𝐨𝐬𝐚𝐫𝐢𝐨 တွင် ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းများစွာကို ငွေကြေးနဲ့ ဘောလုံးအရင်းအမြစ်တွေကို အမြဲတမ်း ထေက်ပံ့လှူဒါန်းခဲ့ပါသေးတယ် ။

အိန်ဂျယ် ဒီမာရီယာ နိုင်ငံ အသင်းအတွက်လည်းအများကြီးပေးဆပ်ကစားခဲ့ပြီး ၊ ကိုယ့် အာဂျင်းတီးနား ဒေသအတွင်း မှာ ရှိတဲ့ ပရဟိတလုပ်ငန်း တွေ အများကြီး ပံ့ပိုးကူညီမှုတွေ လုပ်ပေးခဲ့တာတွေကြောင့် ဒီမာရီယာဟာ အာဂျင်တိုင်းသားတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ နတ်သားလေးတစ်ပါး ဖြစ်ခဲ့ပါတယ်။ အဆုံးထိ ဖတ်ရှုပေးခဲ့တဲ့ ပရိတ်သတ် တစ်ယောက် စီတိုင်းကို ကျေးဇူး အထူးပဲတင်ရှိပါတယ် ခင်ဗျာ ....

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ

ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

#MMMedia

#ÁngelDiMaría

#Argentine

#footballer

Leave a reply