အာဆင်နယ် အသင်းရဲ့ စတင်ဖြစ်ပေါ်လာပုံ နဲ့ အောင်မြင်မှု သမိုင်းကြောင်း

Admin
3 ပတ် ခန့်က
Sport Articles
အာဆင်နယ် အသင်းရဲ့ စတင်ဖြစ်ပေါ်လာပုံ နဲ့ အောင်မြင်မှု သမိုင်းကြောင်း

ဒီနေ့တင်ဆက်ပေးသွားမှာတော့ ပရိတ်သတ်တွေ ရေပြွတ်လို့ ချစ်စနိုးနဲ့ စစနေကြတဲ့ အာဆင်နယ် အသင်း စတင်ဖြစ်ပုံလာပုံနဲ့ အာဆင်နယ် အသင်းရဲ့ အောင်မြင်မှု သမိုင်းအကြောင်းပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်းကို ၁၈၈၆ ခုနှစ် ဒီဇင်ဘာလ 18 ရက်နေ့မှာ Royal Arsenal လက်နက်စက်ရုံ ရဲ့ အလုပ်သမားတွေက Profesional အဆင့်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ မဟုတ်ပဲ ပြည်တွင်း လိဂ် ပွဲတွေမှာသာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ အတွက် အင်္ဂလန် နိုင်ငံ လန်ဒန်မြို့ရဲ့ အရှေ့တောင်ပိုင်းမှာ တည်ရှိတဲ့ Woolwich မြို့မှာ စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ အသင်းနာမည်ကို Arsenal ဆိုတဲ့ နာမည် နဲ့ စတင်တည်ထောင်ခဲ့တာမဟုတ်ပဲ တဖြည်းဖြည်းနဲ့မှ Arsenal Football Club လို့ပြောင်းလဲ အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။

အသင်းစတင် တည်ထောင်စဥ် အချိန်ကာလတွေမှာ Dial Square ဆိုတဲ့ နာမည်နဲ့ စတင်ခဲ့တာပဲဖြစ်ပါတယ်။ အသင်း ပထမဆုံး ဝင်ရောက်ယှဥ်ပြိုင် ခဲ့တဲ့ ပွဲပြီးသွားတဲ့ အချိန်မှာတော့ အသင်းနာမည်ကို Dial Square ကနေ Royal Arsenal လို့ ပြောင်းလဲ အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ 1891 ခုနှစ်‌ အရောက်မှာတော့ Woolwich Arsenal ဆိုတဲ့ နာမည်နဲ့ ပြောင်းလဲခဲ့ကာ Woolwich Arsenal ဆိုတဲ့ နာမည်နဲ့ ၁၈၉၃ ခုနှစ်မှာ profesional အဆင့်ပြိုင်ပွဲတွေမှာ စတင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ၁၉၁၃ ခုနှစ်မှာ Woolwich Arsenal ဆိုတဲ့ နာမည်ကနေ Arsenal Football Club အဖြစ်ပြောင်းလဲ အသုံးပြုခဲ့ပြီး အသင်းကိုလည်းလန်ဒန်မြို့ရဲ့ Higbury အားကစားကွင်းမှာ အခြေစိုက်ခဲ့တာလည်းဖြစ်ပါတယ် ။ ဒီလိုနဲ့ပဲ တဆင့်ထက်တဆင့်ပြောင်းလဲလာခဲ့တဲ့ အာဆင်နယ် အသင်းက တစ်ဖြည်းဖြည်းနဲ့ အင်္ဂလန်ဘောလုံးလောကမှာ အောင်မြင်မှုတွေကို ရရှိခဲ့တာပဲဖြစ်ပါတယ်။


အာဆင်နယ် အသင်းက အင်္ဂလန် ဘောလုံးလောကမှာ ပရီးမီးယားလိဂ်ဖလားကို ၁၃ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ဖလား အများဆုံးရရှိဖူးတဲ့ အသင်းတွေထဲမှာ တတိယ နေရာမှာ ရှိနေတာပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်း ဒီလို အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်အောင် ဆုဖလားပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့တာတွေက အာဆင်နယ် အသင်းရဲ့ နည်းပြကြီး Herbart Chapman ရဲ့ ကျေးဇူးတွေကြောင့်ပဲဖြစ်ပါတယ်။ ဘောလုံးလောကကို W,M ကစားကွက် စတင်မိတ်ဆက်ပေးခဲ့တဲ့ နည်းပြကြီး Herbart Chapman က အာဆင်နယ် အသင်းကို ၁၉၂၅ ခုနှစ်ကနေ ၁၉၃၄ ခုနှစ်ထိ ကိုင်တွယ်ခဲ့တာပဲဖြစ်ပါတယ်။ Herbart Chapman က အာဆင်နယ် အသင်းအတွက် အောင်မြင်မှုနဲ့ ဆုဖလားပေါင်းများစွာကို ယူပေးခဲ့တာပဲဖြစ်ပါတယ်။


နောက်ထပ် နည်းပြကြီး အာဆင် ဝင်းဂါးကလည်း အာဆင်နယ် အသင်းအောင်မြင်မှုတွေမှာ အဓိက ကျတဲ့ နေရာကနေ တိုက်ရိုက်ပါဝင်နေတာပဲဖြစ်ပါတယ်။ အာဆင်နယ် ပရိတ်သတ်တွေရဲ့ အချစ်တော်နည်းပြကြီး အာဆင် ဝင်းဂါးကလည်း အာဆင်နယ် အသင်းရဲ့ အအောင်မြင်ဆုံး ကာလတွေမှာ အသင်းကို ဦးဆောင်ခဲ့ပြီး ၂၀၀၃ -၀၄ ဘောလုံးရာသီကတော့ အာဆင်နယ် အသင်းအတွက် အအောင်မြင်ဆုံးဘောလုံးရာသီ တစ်ခုလည်းဖြစ်ပါတယ်။ အဲ့ရာသီ အာဆင်နယ် အသင်း က ရှုံးပွဲ တစ်ပွဲမှ မရှိပဲ ပရီးမီးယားလိဂ် ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်းက အဲ့ရာသီ ၃၈ ပွဲမှာ ၁၂ ပွဲသရေနဲ့ ၂၆ ပွဲအထိ နိုင်ပွဲရရှိခဲ့ပြီး အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က အာဆင်နယ် အသင်းအတွက် ရှုံးပွဲမရှိပဲ ပရီးမီးယားလိဂ် ဖလားကိုသိမ်းပိုက်နိုင်ခဲ့တာကြောင့် ရွှေဖလားကို ပေးအပ်ချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။ ရွှေဖလားက အာဆင်နယ် အသင်းတစ်သင်းထဲသာ ပိုင်ဆိုင်ဖူးတဲ့ ဆုဖလားတစ်ခုဖြစ်ပြီး အခုချိန်ထိ ဘယ်ပရီးမီးယားလိဂ် အသင်းမှ မရရှိသေးတာလည်းဖြစ်ပါတယ်။


အာဆင်နယ် အသင်းက ဆုဖလားအောင်မြင်မှု အဖြစ် ပရီးမီးယားလိဂ် ဖလား ၁၃ ကြိမ် ၊ FA ဖလား ၁၄ ကြိမ် ၊ EFL ဖလား ၂ ကြိမ် ၊ FA ကွန်မြူနတီဒိုင်း ၁၇ ကြိမ် တို့ကို ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ အာဆင်နယ် အသင်းရဲ့ စတင်ဖြစ်ပေါ်လာပုံနဲ့ အောင်မြင်မှု သမိုင်းကြောင်း ပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

#mmmedia

#arsenal

#woolwich

#arsenewenger

#coach

#premierleague

#england

Leave a reply