ဘာစီလိုနာ အသင်းတဖန်ပြန်ပြီး ဦးမော့လာခြင်း

တစ်ချိန်တုန်းက ဘာစီလိုနာလို့ ပြောလိုက်တာနဲ့ အသင်းတိုင်း ရင်မဆိုင်ရဲပဲ ကြောက်ရတဲ့ အထိကောင်းမွန်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဖာဂူဆန် ဦးဆောင်တဲ့ မန်ချက်စတာယူနိုက်တက် လို အသင်းကို အလွယ်တကူ အနိုင်ယူပြီး နည်းပြကြီး ဖာဂူဆန် ကို လက်သီး ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဒေါသတွေထွက်ရလောက်တဲ့ အထိ လုပ်ပြနိုင်ခဲ့တဲ့ အသင်းတစ်သင်းလဲဖြစ်ပါတယ်။ တီကီတာကာ ကစားဟန်နဲ့ အသင်းတိုင်းကို အနိုင်ယူပြီး ပရိတ်သတ်တွေကို ဘောလုံးရသ အပြည့်အဝပေးစွမ်းနိုင်ခဲ့တဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။အဲ့လို အဖက်ဖက်ကနေ ကောင်းမွန်ပြီး ဆုဖလားတိုင်းကို စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းကနေ စီမံခန့်ခွဲမှု ညံဖျင်းခဲ့တဲ့ အကျိုးဆက်ကြောင့် အသင်းက ဟိုးအောက်ဆုံးကိုထိုးကျခဲ့ရတယ်။ အသင်း အကျပိုင်းကို ရောက်ခဲ့တဲ့ အကြောင်းအရာတွေထဲမှာ မျှော်လင့်ချက် ကြီးကြီးမားမားထားပြီးပြောင်းရွှေ့ကြေးအမြောက်အများအသုံးပြုခဲ့တဲ့ ဒမ်ပီလီ တို့လို ၊ ကော်တင်ဟို တို့လို ၊ ဂရေ့စမန်း တို့လို ကစားသမားတွေက အသင်းကိုအကျိုးမပြုခဲ့တာတွေ ၊ ကစားသမားတွေကို လစာအများအပြားပေးခဲ့တာတွေ က အဓိက ကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေခဲ့တာပဲဖြစ်ပါတယ် ။
အသင်းရဲ့ စီမံခန့်ခွဲမှု ညံဖျင်းတာကြောင့် ဘဏ္ဏာရေးပြဿနာကို ဆိုးဆိုးဝါးဝါးရင်ဆိုင်ခဲ့ရပြီး အကြွေးများစွာတင်ရှိခဲ့တာကြောင့် အသင်းရဲ့ ကြယ်ပွင့် ကစားသမား တစ်ဦးဖြစ်တဲ့ လီယိုနယ် မက်ဆီကို ပါ အသင်းကနေ လက်လွှတ်ခဲ့ရတယ်။ အဲ့နောက်တော့ အသင်းရဲ့ ဥက္ကဌ ဖြစ်တဲ့ လာပေါ်တာက ထိရောက်တဲ့ ဘဏ္ဏာရေး ပေါ်လစီများကို ချမှတ်ခဲ့တယ်။ လစာမြင့်မားနေသော ကစားသမားတွေကိုလည်း အသင်းကထွက်ခွာစေခြင်း ၊ လစာလျော့ချခြင်းတို့နဲ့ အသင်းကို အများကြီးပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့တယ်။ ပြီးတော့ အလားအလာကောင်းတွေအများကြီး ပိုင်ဆိုင်ထားတဲ့ လာမာစီယာအကယ်ဒမီ ထွက်ကစားသမားတွေကို နေရာပေးခဲ့တယ်။ လာမာစီယာ အကယ်ဒမီကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးလူငယ် အကယ်ဒမီ တစ်ခုဖြစ်ပြီး မက်စီ ၊ ဇာဘီ ၊ အင်နီရီစတာ စတဲ့ ကစားသမားတွေကိုမွေးထုပ်ပေးနိုင်ခဲ့တယ်။ ဒီလိုနည်းပဲ ဘာစီလိုနာ အသင်းက တဖြည်းဖြည်းနဲ့ တိုးတက်ကောင်းမွန်လာခဲ့ပြီး နည်းပြ ဇာဘီ လက်ထပ်မှာ ဥရောပ အသင်းကြီး တစ်သင်းဖြစ်အောင်ပြန်လည်ကြိုစားနေတဲ့ အသင်းတစ်သင်းဖြစ်ခဲ့တယ်။ အကယ်ဒမီ ထွက်ကစားသမားတွေနဲ့ အသင်းကို အကောင်းဆုံးပြုပြင်မွမ်းမံခဲ့တယ်။ အခုချိန် နညးပြ ဟန်စီ ဖလစ်လက်ထပ်မှာတော့ အတွေ့အကြုံရင့် ကစားသမားတွေနဲ့ လူငယ်အကယ်ဒမီထွက် ကစားသမားတွေကို အကောင်းဆုံးပေါင်းစပ်ပြီး ဥရောပ အသင်းကြီးတစ်သင်းဖြစ်လာခဲ့တယ် ။
ဒီရာသီ လာလီဂါဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ၊ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ ကိုပါဒယ်ရေးဖလားကိုလည်း အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ် အသင်းကို အကောင်းဆုံးကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့ပြီးပါပြီ ။ တဖြည်းဖြည်းနဲ့ နည်းပြကြီး ဟန်စီ ဖလစ်ရဲ့ လက်အောက်မှာ ဘာစီလိုနာ အသင်းရဲ့ ကစားသမားတွေအားလုံးက ပေးဆပ်ကစားချင်စိတ် အပြည့်နဲ့ ကမ္ဘာ့အဆင့်မှီ ခြေစွမ်းမျိုးတွေကို ပိုင်ဆိုင်လာခဲ့ကြတယ်။ ဘာစီလိုနာ အသင်းက အခုချိန်မှာတော့ အသင်းတိုင်းကို အနိုင်ယူနိုင်တဲ့ စိတ်ဓာတ် ၊ ကစားပုံ ၊ အသင်းသားတွေရဲ့ နိုင်လိုစိတ် ၊ ပေးဆပ်ကစားချင်စိတ် တွေကြောင့် ဘာစီလိုနာ အသင်းက တဖြည်းဖြည်းနဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းဖြစ်လာတယ်လို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#barcelona
#hansdieterflick
#coach
#championsleague
#laliga
နောက်ဆုံးရသတင်းများ


လက်ရှိဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး Full-Back Players 10 ယောက်

ဒီနေ့မှာတော့ ကျွန်တော်က ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အကြောင်း ကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။
.jpg)