၂၀၂၅ ရာသီ Golden Boy ဆုကိုဘယ်ကစားသမား ကဆွတ်ခူးသွားမလဲ

၂၀၂၅ ဘောလုံးရာသီမှာ Golden boy ဆုကို ဘယ် အသင်းက ဘယ်ကစားသမား ရရှိသွားမလည်းဆိုတာကတော့ စောင့်ကြည့်ချင်စရာ ကောင်းလှပါတယ်။ လူငယ် ကစားသမား ဘဝ ထဲက Golden boy ဆုကို ရရှိခဲ့ပြီး အကောင်းဆုံးခြေစွမ်းတွေကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေဖြစ်ခဲ့ကြတဲ့ကစားသမားတွေရှိသလို Golden boy ကို ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းပိုင်းကျဆင်းသွားခဲ့ပြီး မထင်မရှား ကစားသမား ဖြစ်ခဲ့ကြတဲ့လူတွေလည်းရှိခဲ့ပါတယ်။ Golden boy ဆုက တစ်ယောက်ကို တစ်ခါပဲရရှိနိုင်တဲ့ ဆုဖြစ်တာကြောင့် ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနိုင်ပေမယ့် မနှစ်ကရာသီက Golden boy ဆု ရရှိခဲ့တဲ့ ရာမယ်က တော့ ဒီစာရင်းမှာ ပါဝင်မလာခဲ့တာပဲဖြစ်ပါတယ်။ အခုချိန် Golden boy အတွက် ရေပန်းအစားဆုံး ကစားသမား ၅ ယောက် စာရင်း ကပေါ်ထွက်လာခဲ့ပြီး အဲ့စာရင်းမှာဆိုရင် psg အသင်းက ကစားသမား ၂ ယောက် ၊ ဘာစီလိုနာ အသင်းမှ ကစားသမား ၁ ယောက် ၊ ဘုန်းမောက် အသင်းမှ ကစားသမား ၁ ယောက် ၊ ရီးရဲလ်မက်ဒရစ် အသင်းက ကစားသမား တစ်ယောက်ပါဝင်နေခဲ့တာပဲဖြစ်ပါတယ်။
ဒီကစားသမား ၅ယောက်က အသင်းကို အများကြီး ထမ်းတင်ပေးနေတဲ့ ကစားသမားတွေလည်းဖြစ်သလို အသက်အရွယ် ငယ်ငယ်နဲ့ အသင်းရဲ့ ပွဲထွက်ခွင့် တစ်နေရာကို ကောင်းကောင်းကြီး ပိုင်ဆိုင်ခဲ့ကြတဲ့ ကစားသမားတွေလည်းဖြစ်ပါတယ်။ သူတို့ရဲ့ ခြေစွမ်းတွေက စောင့်ကြည်ချင်စရာ အကောင်းဆုံး ဖြစ်နေပြီး နောင်တစ်ချိန်မှာ အသင်းကို ဦးဆောင်နိုင်မယ့် ကစားသမားတွေလည်းဖြစ်ပါတယ်။ PSG အသင်းက ဒက်စရီ ဒူဝေး နဲ့ အန်မာရီတို့ ပါဝင်နေတာပဲဖြစ်ပါတယ်။ဒီကစားသမား နှစ်ယောက်လုံးက PSG အသင်းမှာ အကောင်းဆုံးခြေစွမ်းပြသနေပြီးအသင်းအတွက်လည်းမရှိမဖြစ်ကစားသမား တွေဖြစ်ပါတဘ်။ အသက်အရွယ်နဲ့ မလိုက်အောင် အကောင်းဆုံးခြေစွမ်းတွေပြသနေတဲ့ သူတို့လို ကစားသမား ၂ ယောက်က Golden boy ဆုစာရင်းမှာ ပါဝင်နေတာက ထူးဆန်းတဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။
ဘာစီလိုနာ အသင်းရဲ့ ခံစစ်ကြောင်းအကောင်းဆုံး ထိန်းချုပ်ကာကွယ် ကစားပေးနေတဲ့ လူငယ် ကစားသမားလေး ကူဘာစီ ကလည်း ဒီစာရင်းမှာ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီရာသီ ဘာစီလိုနာ အသင်းရဲ့ အမြင့်ပျံသန်းရာခရီးကြောင်းမှာ ကူဘာစီ ရဲ့ မာမာထန်ထန်နဲ့ အသင်းပေါ်ပေးဆပ်ကစားပုံတွေက အများကြီး အထောက်အကူပြုခဲ့တာပဲဖြစ်ပါတယ်။ နောက်တစ်ယောက်တော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ ဂူလာပဲဖြစ်ပါတယ်။ အသက်အရွယ် ငယ်ငယ်လေးနဲ့ ပွဲထွက်ခွင့်ရတဲ့ အချိန်တိုင်းမှ အမြဲတမ်းခြေစွမ်းကောင်းတွေပြသနေတဲ့ ဂူလာကလဲ ဒီစာရင်းမှာပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ ဘုန်းမောက် အသင်းရဲ့ ခံစစ် ကြောင်းတစ်ခုလုံးကို အဓိကဦးဆောင်ကစားပြနေပြီး အသင်းကြီးတော်တော်များများရဲ့ အထူးစိတ်ဝင်စားခြင်းကို ခံနေရတဲ့ ကစားသမားလေး ဟီရူစင် ပဲဖြစ်ပါတယ်။ ဟီရူစင် က ဒီရာသီ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ဒီရာသီ Golden boy ဆု လူစာရင်းမှာ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။
ဒီရာသီ Golden boy ဆုကို ဘယ်ကစားသမား ရရှိသွားမလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ဒီရာသီ Golden boy ဆုကို ဘယ်ကစားသမား ရရှိသွားမယ်ထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အများကြီးတင်ရှိပါတယ်။
#mmmedia
#goldenboy
#deanhuijsen
#warrenzaireemery
#desiredoue
#paucubarsi
#ardaguler
နောက်ဆုံးရသတင်းများ


လက်ရှိဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး Full-Back Players 10 ယောက်

ဒီနေ့မှာတော့ ကျွန်တော်က ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အကြောင်း ကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။
.jpg)