ဘာစီလိုနာ နဲ့ လီပါပူး တို့နှစ်သင်းကြား လူးဝစ်ဒီးယက်ရဲ့ အပြောင်းအရွှေ့ကို သုံးသပ်ခြင်း

လီပါပူး အသင်းရဲ့ အားထားရတဲ့ တောင်ပံ ကစားသမား လူးဝစ် ဒီးယက် ကို ဘာစီလိုနာ အသင်းက လိုချင်နေတာပဲဖြစ်ပါတယ်။ လူးဝစ် ဒီးယက် နဲ့ ဘာစီလိုနာ သတင်းတွေက အရှေ့မှာလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပြီးပါပြီ ။ လီပါပူး အသင်းအတွက် လူးဝစ် ဒီးယက် ရဲ့ တိုးအား ရုန်းအားတွေနဲ့ တစ်ကိုယ်တော် ကျော်ဖြတ်မှုတွေက အရမ်းကို အရေးပါတယ်။ လူဝစ် ဒီးယက် ရဲ့ ကစားပုံက အလွန်လျင်မြန်ပြီး တစ်ဦးချင်းကျော်ဖြတ်ပုံတွေ အရမ်းကောင်းမွန်တာကြောင့် ပြိုင်ဘက်ခံစစ် ကစားသမားတွေ တော်တော်လေးကို သတိထားရတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ဒီးယက်က ပွဲချိန်စတဲ့အချိန်ကနေ ပွဲပြီးဆုံးတဲ့ အချိန်ထိ မရပ်မနား ပြိုင်ဘက်ခံစစ်ကို ထိုးဖြတ်ပြီး တောက်လျောက် ဒုက္ခပေးတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ဒီလို ကစားသမား မျိုးကို ဘာစီလိုနာ အသင်းက လိုချင်နေတာကတော့ ထူးဆန်းတဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး ။
နောက်ဆုံး ကြားရတဲ့ သတင်းတွေ အရ ဘာစီလိုနာ အသင်းက သူတို့အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဥရုဂွေးသား အာရူဟို ကို အလိုက်ပေးပြီး လူဝစ် ဒီးယက်ကို ခေါ်ယူဖို့ ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ အဲ့ အပြောင်းအရွှေ့အကြောင်းကို နည်းနည်းလည်း စဥ်းစားကြည့်ရအောင် ။လီပါပူး အသင်းက လူးဝစ်ဒီးယက်ကို ရောင်းဖို့ အစီအစဥ်ရှိလောက်လား ဆိုတဲ့ မေးခွန်းကို အရင်စဥ်းစားကြည့်ရအောင် လူးဝစ် ဒီးယက် က ပွဲတိုင်နီးပါး တိုးအား ၊ ရုန်းအားတွေနဲ့ သူ့ရဲ့ ခွန်အားတွေကို အပြည့်အဝပေးတက်တဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် လူးဝစ် ဒီးယက် အခုလက်ရှိ သူ့အသက်အရွယ် နဲ့ သူ့ ကစားနေတဲ့ ပုံစံက ရေရှည်ခံမှာမဟုတ်ပါဘူး ။ လူးဝစ် ဒီယက် ရဲ့ အသက်က အခု ၂၈ ရှိနေပြီး ပရီးမီးယားလိဂ် လိုမျိုး လိဂ်မှာ ကစားနေရတာကြောင့် အသက် ၃၀ လောက်ဆိုရင်ရော ဒီးယက်တစ်ယောက် အခုလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ပါအုံးမလား ။
ကစားသမားတွေက အသက်အရွယ် တစ်ခုရောက်ရင်တော့ စွမ်းဆောင်ရည်ပိုင်းတွေမှာ ကျဆင်းသွားတက်တာ သဘာဝပါပဲ ။ အဲ့ အချက်ကြောင့် လီပါပူး အသင်းက သူတို့ အကျိုးအမြတ် ရရင် လူးဝစ် ဒီးယက်ကို ရောင်းချသွားနိုင်ပါတယ် ။ ဒါဆို တစ်ဖက်က ပြန်စဥ်းစားမယ် ။ ဘာစီလိုနာ အသင်းက ဒီးယက်ကို ခေါ်ယူတဲ့နေရာမှာ အာရူဟိုကို အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ထည့်သွားရင်ရော လီပါပူး အသင်းကလက်ခံပါ့မလား။ လီပါပူး အသင်းက လက်ခံသွားမှာ မဟုတ်ပါဘူး။ အာရူဟို လို ဒဏ်ရာပြသာနာနဲ့ အမြဲလိုလို ရင်ဆိုင်နေရတဲ့ ကစားသမားလို လီပါပူး အသင်းက လက်ခံသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လီပါပူး အသင်းက သူတို့ အသင်းရဲ့ အဓိက အားထားရတဲ့ ဗန်ဒိုက်က အသက်အရွယ် တစ်ခုကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဗန်ဒိုက်ရဲ့ နေရာမှာ အစားထိုးဖို့ ခံစစ်ပိုင်းကို ဦးဆောင်နိုင်ပြီး မာမာထန်ထန်နဲ့ ခံစစ်အတွက် စိတ်ချရမယ့် ကစားသမားကိုပဲ ခေါ်ယူလိမ့်မယ်။
အဲ့တာကြောင့် လီပါပူး အသင်း ဒီးယက်ကို ရောင်းချမယ် မရောင်းချဖူးဆိုတာ ဘာစီလိုနာ အသင်းရဲ့ ကမ်းလှမ်းမယ့် ပုံပေါ်ပဲမူတည်ပါတယ်။လီပါပူး အသင်းက ဒီးယက်အတွက် အကျိုးအမြတ် ရမယ့် ကမ်းလှမ်းချက်မျိုးဖြစ်ရင် ရောင်းချသွားဖို့ ရှိပါတယ်လို့ပြောရင်း ဒီမှာ အဆုံးသတ်ပါရစေ ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#liverpool
#barcelona
#luisdiaz
#Winger
#transfer
နောက်ဆုံးရသတင်းများ


လက်ရှိဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး Full-Back Players 10 ယောက်

ဒီနေ့မှာတော့ ကျွန်တော်က ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အကြောင်း ကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။
.jpg)