ခမ်းနားထည်ဝါမှုတွေပျောက်ဆုံးနေတဲ့မန်ချက်စတာယူနိုက်တက်ရဲ့ အိပ်မက်ကဇာတ်ရုံ

မန်ချက်စတာယူနိုက်တက်လို့ ဆိုလိုက်တာနဲ့ ဘောလုံးအသင်းတစ်သင်းထက်ကိုပိုတဲ့အဓိပ္ပါယ်တွေ ပြည့်နှက်နေတဲ့ ရပ်ဝန်းတစ်ခုလို့ပြောနိုင်ပါတယ်။ သင်ဟာ အားကစားကို ရူးသွပ်တယ် ဒါမှမဟုတ် စည်းလုံး ညီညွတ်ခြင်းကို ကြိုက်နှစ်သက်တယ်၊ အနိုင်မခံအရှုံးမပေးတတ်တဲ့စိတ်ဓာတ်ကို ခံယူထားတယ်ဆိုရင် သင်ဟာအဲ့ဒီအရာတွေအားလုံးကိုတစ်စုတစ်စည်းထဲနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ မြင်တွေ့နိုင် ပါတယ်။ နောက်ပြီး အောင်မြင်ခြင်းရဲ့ရလဒ်၊ ကျော်ကြားခြင်းရဲ့ သင်္ကေတတွေကိုလည်း အဲ့ဒီရပ်ဝန်းမှာ အားလုံးခံစားရရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုပြောခဲ့တာတွေကအရင်က မန်ချက်စတာယူနိုက်တက်ပါ။ ဟုတ်ပါတယ် သင်ကြားတာမမှားပါဘူး အဲ့ဒါက အရင်ကယူနိုက်တက်အသင်းပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့မြင်တွေ့နေရတဲ့ယူနိုက်တက်မှာ ကျော်ကြားခြင်းကလွဲပြီး ဘာမှမမြင်တွေ့နိုင်တော့၊ မခံစားနိုင်တော့ပါဘူး။ နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ အသင်းရဲ့ ခမ်းနားထည်ဝါမှုတွေကအခုချိန်မှာ သမိုင်းပဲကျန်ပြီး အရောင်တွေမှေးမှိန်ကာပျောက်ဆုံးနေခဲ့ပြီဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကို ကမ္ဘာနဲ့ယှဉ်ပြီးပြောရရင် ကမ္ဘာမှာယူနိုက်တက်ကိုမသိတာ ကမ္ဘာ့လူဦးရေရဲ့ လူနည်းစု သာသာ တာရှိပါတယ်။ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်၊ အသင်းရဲ့ သမိုင်းကြောင်းမှာထင်ရှားခဲ့တဲ့ ဘောလုံးမျိုးဆက် Class of 92 ၊ အခြားနာမည်ကျော်ဘောလုံးသမားတွေများစွာနဲ့ ဆုဖလားအောင်မြင်မှုတွေက ယူနိုက်တက်အသင်းရဲ့အထင်ကရတွေဖြစ်ပါတယ်။ ဂျော့ဂျ်ဘတ်စ်၊ ဘော်ဘီချာတန်၊ ကန်တိုနာ၊ ဂစ်၊ ဘက်ခမ်း၊ ပေါလ်စခိုး၊ ရော်နယ်ဒို၊ ရွန်းနီ၊ ဖာဒီနန် တို့လိုဘောလုံးကြယ်ပွင့်ဂန္ဘာဝင်ကြီးတွေက ဘောလုံးသမိုင်းရဲ့ မပါမဖြစ် ထည့်သွင်းချီးကျူးကြရတဲ့ကစားသမားတွေဖြစ်ပြီး ဒီလိုကစားသမားတွေ၊ ဒီလိုကြီးကြယ် ခမ်းနားမှုတွေက ယူနိုက်တက်မှာရှိခဲ့ပါတယ်။ နောက်ပြီး ကစားသမားတိုင်းရဲ့အိမ်မက်ထဲက အိမ်မက်ကဇာတ်ရုံ ကအိုးထရပ်ဖို့ဒ် အရပ်ဖြစ်ခဲ့ပြီး ဒီမှာဘောလုံးကစားဖို့အတွက်ကိုအိမ်မက်ထဲမှာရှင်သန်ရင်း ကြီးပျင်းခဲ့ကြတာလည်းဖြစ်ပါတယ်။
လက်ရှိယူနိုက်တက်မှာက ဆာအဲလတ်စ်ဖာဂူဆန် အသင်းကနေထွက်ခွာပြီးနောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုအပြင် ၊ ချန်ပီယံလိဂ် ဆုတံဆိပ်တွေလည်းဝေးကွာနေတာဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်ခဲ့ပြီဖြစ် ပါတယ်။ ကြားထဲမှာနည်းပြအဆက်ဆက်ပြောင်းလဲသော်လည်း အမြင့်ဆုံးရယူနိုင်တဲ့ဆုတံဆိပ်က ယူရိုပါလိဂ် ဖြစ်ခဲ့ပြီး ယူနိုက်တက်အဆင့်အတန်းနဲ့ညီမျှအောင်ကို အောင်မြင်မှုတွေရယူနိုင်ခြင်းမရှိတော့ပါဘူး။ ဒါတင်မက သေးပဲ ပြိုင်ဘက်အသင်းတွေကြားမှာ အိုးထရပ်စ်ဖို့ဟာ လွယ်ကူစွာအနိုင်ယူလို့ရတဲ့ သာမန်ဘောလုံးကွင်း အဖြစ်ရောက်ရှိနေပြီးလေးစားမှုတွေကင်းမဲ့ခြင်းခံနေရပြီဖြစ်ပါတယ်။
ပြောရရင် ဒါတွေက ယူနိုက်တက်မှာအမွေဆက်ခံ ကစားကြတဲ့ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှု၊ အသင်းအတွက်ပေးဆပ်လိုစိတ်၊ နိုင်လိုစိတ်တွေ လျော့ရဲလာခြင်းရဲ့ ရလဒ်တွေဖြစ်ပါတယ်။ ဒီဘက်ခေတ်ရဲ့ ကစားသမားတွေအများစုက ယူနိုက်တက်ရဲ့ကျော်ကြားမှုအပေါ်မှာ နောက်ကျောခံကာ နာမည်ကြီးဖို့နဲ့ ပိုက်ဆံရှာဖို့ပဲ ပိုမိုစိတ်ဝင်စားနေကြပြီး ကွင်းထဲကရလဒ်တွေအပေါ် အလေးမပေးကြတော့တာလည်းဖြစ်ပါတယ်။ နောက်ပြီး အသင်းရဲ့ကြီးမားတဲ့ပုံရိပ်အောက်က ကျရောက်လာတဲ့ဖိအားဒဏ်တွေကိုလည်း ကစားသမားတွေခံနိုင်ရည်ရှိအောင် နည်းပြက လမ်းညွှန်မှုတွေမပြုလုပ်နိုင်ခြင်းတွေပါ။
အဆုံးသတ်ကတော့ ယူနိုက်တက်ဟာ ဝေဖန်စရာ၊ လှောင်ရီစရာ၊ ရှုတ်ချခြင်းများစွာရဲ့သားကောင်ဖြစ်လို့နေခဲ့ပြီး ထပ်ပြီးပြောရရင် ယူနိုက်တက်ရဲ့ အိမ်မက်ကဇာတ်ရုံဟာ ခမ်းနားထည်ဝါမှုတွေပျောက်ဆုံးနေခဲ့ပြီဖြစ်ပါတယ်။
#k9mmmedia
နောက်ဆုံးရသတင်းများ



လက်ရှိဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး Full-Back Players 10 ယောက်

ဒီနေ့မှာတော့ ကျွန်တော်က ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အကြောင်း ကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။