မြန်မာ Esport လောကမှာ 5 နှစ်ကြာဝေးကွာနေတဲ့ MPL အစားထိုး Offical Tournament တစ်ခု

မြန်မာ MLBB Esport လောကအတွက် သတင်းကောင်းတစ်ခုဖြစ်ပြီး MPL အစားထိုး ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ MLBB Super League _MSL MM Season 1 ပြိုင်ပွဲကြီးတစ်ခု ကျင်းပတော့မယ်လို့ မကြာသေးခင်က ကြေညာခဲ့တာပဲဖြစ်ပါတယ်။ အရင် MPL ပြိုင်ပွဲ မဟုတ်တော့လို့ အားနည်းချက်တွေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်မှုတွေက လျော့ကျသွားမလားလို့ ပရိတ်သတ်တွေ က ထင်ကြပေမယ့် MSL MM season 1 က ကျွန်တော်တို့ထင်ထားတာထက် ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်မယ့်ပြိုင်ပွဲတစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ အရင် MPL အချိန်တွေကထက် ယခု အချိန်မှာ ပိုမိုတောင့်တင်းတဲ့ esport organization တွေပိုမို များပြားလာတာက တစ်ကြောင်း အရင်ကလို ပြိုင်ပွဲ တစ်ခုလုံးမှာ အားပြိုင်မှုကောင်းတဲ့ အသင်း ၊ လက်ရည်တူတဲ့ အသင်း ၂ သင်း ၃ သင်း ပဲရှိတာမဟုတ်တော့ပါဘူး။ အခုအချိန်မှာ လူငယ် လက်သစ်ကစားသမား တွေရော ၊ အတွေ့အကြုံ ပိုင်းနဲ့ပတ်သတ်ရင် အချိန်တစ်ခုထိ အတွေ့အကြုံတွေများစွာရရှိထားတဲ့ ကစားသမားတွေရော ၊ ဝါရင့် ကစားသမားတွေရော ပိုမိုများပြားလာပြီး အခုနောက်ပိုင်း အသင်းတိုင်းကလဲ အရင်က ထက်ပိုမိုအားကောင်းလာတာကို အရင်က ပြိုင်ပွဲတွေမှာ မျက်မြင်တွေ့ရှိခဲ့ရပြီးပြီပဲဖြစ်ပါတယ်။
MPL ကျင်းပခဲ့တဲ့ အချိန်တွေတုန်းကဆို အင်းအားကြီး အသင်းတွေဆိုလို့ Burmese Ghouls ၊ Yangon Galaticos ၊ Claw Esport စတဲ့ အသင်း ၃ သင်း ကသာ ကြီးစိုးခဲ့ပြီး ကျန်တဲ့ အသင်းတွေက အားနည်းတဲ့ အသင်းတွေသာဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အသင်းတိုင်းလိုလို က အရင်က Burmese Ghouls ၊ Yangon Galaticos ၊ Claw Esport အသင်းတွေထက် ပြိုင်ပွဲတွေကို အတည်တကျ အားထည့်လာတာကြောင့် ပြိုင်ပွဲတိုင်းလိုလို က အရင်ကပွဲတွေထက် ပိုပိုမြိုင်လာတာကို တွေ့မြင်ခဲ့ကြပြီးပြီပဲဖြစ်ပါတယ်။ အရင် MPL တုန်းက အသင်း ၈ သင်းသာပါဝင်ခဲ့ပြီး အခုချိန်MSL MM မှာတော့ အသင်း ၁၀ သင်းအထိ ပါဝင်မှာပဲဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် Falcon Esport ၊ Ai Esport ၊ ZINO Esport ၊ MythicSEALတို့က ခိုင်မာတောင့်တင်းတဲ့ အသင်းကြီးတွေဖြစ်ကြပြီး Divine Era Esport အသင်းကလည်း အခုမှ ကစားသမား ကောင်းတွေနဲ့ ပြန်လည်ဖွဲ့စည်းထားခဲ့တာကြောင့် စောင့်ကြည့်ချင်စရာ အကောင်းဆုံး အသင်းတစ်သင်းလည်းဖြစ်ပါတယ်။
MSL MM season 1 မှာတော့ အသင်း ၆ သင်းက Diret Invited ရရှိခဲ့ပြီး ကျန်တဲ့ ၄ သင်းကတော့ Qualifier အနေနဲ့ပါဝင်မှာပဲဖြစ်ပါတယ်။ MSL MM season 1 မှာ AI Esports ၊ Falcon Esports ၊ Burmese Ghouls ၊ MythicSEAL ၊ ZINO Esports နဲ့ Divine Era Esports စတဲ့ အသင်းကြီး ၆ သင်း က Diret Invited အသင်းဖြစ်မယ်လို့ လူတော်တော်များများက သတ်မှတ်ခဲ့ကြပြီး ကျန်တဲ့ လေးသင်းကိုတော့ Open Qualifier အဖြစ် မတ်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ကျင်းပပေးသွားမှာပဲဖြစ်ပါတယ်။ Regular season ကိုတော့ မတ်လ ၁၄ ရက်ကနေစတင်ကျင်းပသွားမှာဖြစ်ပါတယ်။ Regular season အတွင်းမှာ အသင်း 10 သင်းက တစ်သင်းနဲ့ တစ်သင်း တစ်ကြိမ်ဆီ ထိပ်တိုက်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ရှုံးထွက်ပွဲစဥ်များကို Play -In နဲ့ Play - off ဆိုပြီး 2 မျိုးခွဲကျင်းပသွားမှာပဲဖြစ်ပါတယ်။Play Off ပွဲတွေကို ကျင်းပမယ့် ဇွန်လ 7 ရက်နေ့တွေနဲ့ 8 ရက်နေ့တွေက အသင်းကြီးတွေ အပြင် ကောင်းနေပါတယ်ဆိုတဲ့ အသင်းတွေ ထိပ်တိုက်တွေဆုံနိုင်တဲ့ Main Event နေ့ဖြစ်ဖို့များတာပဲဖြစ်ပါတယ်။
ဒီ MSL MM Season 1 က ပြိုင်ပွဲကြီးတွေနဲ့ ဝေးကွာနေတဲ့ ကျွန်တော်တို့ မြန်မာပရိတ်သတ်တွေအတွက်တော့ စောင့်ကြည့်ချင်စရာ အကောင်းဆုံးပြိုင်ပွဲတစ်ခုပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ ဒီနေ့တင်ဆက်ပေးသွားတာကတော့ ကျွန်တော်တို့ မြန်မာ MLBB ပရိတ်သတ်တိုင်းရော ကစားသမားတိုင်းရောတောင်းဆိုနေကြတဲ့ mplလိုပြိုင်ပွဲကြီးမလာခင်မှာတော့စောင့်ကြည့်ချင်စရာ အကောင်းဆုံးပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ msl mm SEASON 1 အကြောင်းပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#MPL
#Esport
#MLBB
#msl
နောက်ဆုံးရသတင်းများ


လက်ရှိဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး Full-Back Players 10 ယောက်

ဒီနေ့မှာတော့ ကျွန်တော်က ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အကြောင်း ကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။
.jpg)