လူစိတ်ဝင်စားမှု ရရှိလာခဲ့တဲ့ မြန်မာဖူဆယ် ဘောလုံးလောက

မြန်မာဖူဆယ် အားကစားက မြန်မာနိုင်ငံရဲ့ အကောင်းဆူံး အသင်းနှစ်သင်းဖြစ်တဲ့ MIU နဲ့ VUC တို့ရဲ့ 2021 ခုနှစ် က ရန်ပွဲကြောင့် မြန်မာဘောလုံး ပရိတ်သတ် တော်တော်များများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ နောက်နှစ်ရာသီ က စပြီး မြန်မာ ပြည်တွင်းဖူဆယ် ပြိုင်ပွဲတွေက အားပေးတဲ့ ပရိတ်သတ် အရေအတွက် သိသိသာသာ များပြားလာတာပဲဖြစ်ပါတယ်။ MFF ဖူဆယ် ကလဲ ပြိုင် ပွဲတော်တော်များများ ကို ကျင်းပပေးပြီး ကစားသမားကောင်းများ ၊ အသင်းကောင်းများကို မွေးထုတ်ပေးလေ့ရှိပါတယ်။ မြန်မာဖူဆယ် က နိုင်ငံတကာ မှာ ဆုဖလားတွေ မရရှိသေးပေမယ့် တစ်နေ့ထက် တစ်နေ့ ပိုမိုတိုးတက်လာတာကို တော့ လက်ခံရမှာဖြစ်ပါတယ်။ အသင်းကောင်းတွေ အများကြီး ပေါ်ထွက် လာတာကြောင့် မြန်မာပြည်တွင်း ပြိုင်ပွဲတွေက ပိုမို ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့ပါတယ် ။ အသင်းကောင်းတွေ ပိုမို များပြားလာတာအပြင် လိဂ် ဖလားဖြစ်တာကြောင့် အမှား နည်းနည်းလေးမှ အဖြစ်ခံလို့ မရတော့ပဲ အသင်းတစ်သင်းနဲ့ တစ်သင်းက ခြေစွမ်းသိပ်မကွာတော့ပဲ ဖိအားပေးနေတာတွေကြောင့် အသင်းတိုင်းက သူတို့ရဲ့ အသင်း ပိုမိုလူအင်အားတောင်တင်းအောင် ကစားကွက်နဲ့ လိုက်ဖက်တဲ့ နိုင်ငံခြားကစားသမားတွေကိုတစ်ရာသီခေါ်ယူကစားလာကြပါတယ်။ အရင်က VUC MIU စတဲ့ အသင်းကြီးတွေကသာ နိုင်ငံခြား ကစားသမားတွေကို ခေါ် ယူကစားခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာ မြန်မာဖူဆယ် ဘောလုံးလောက ကပိုမိုအောင်မြင်လာပြီးပြိုင်ဆိုင် မှုပြင်းထန်လာတာကြောင့် အသင်တိုင်းနီးပါး က နိုင်ငံခြား ကစားသမားတွေကိုခေါ်ယူလာခဲ့ကြပါတယ်။ဒီနေ့တင်ဆက်ပေးသွားမှာကတော့ 2025 ခုနှစ် မြန်မာဖူဆယ် အသင်းတွေခေါ်ယူထားတဲ့ကစားသမားတွေထဲကမှ ကစားသမား 5 ယောက်အကြောင်းပဲဖြစ်ပါတယ်။
1 . Tota
တိုတာ ကတော့ မြန်မာဖူဆယ်ပရိတ်သတ်တွေနဲ့ စိမ်းတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ 2018 ခုနှစ်လောက်ကတည်းက VUC အသင်းမှာ ကစားခဲ့တာဖြစ်ပါတယ်။ 2025 ရာသီမှ တန်းတက် အသင်းတစ်သင်းဖြစ်လာတဲ့ YRG အသင်းကတော့ အသင်းကို အများကြီး ပြင်ဆင်ပြီး မြန်မာ လက်ရွေးစင် ကစားသမား တော်တော် များများ အပြင် မြန်မာဖူဆယ်လောကနဲ့ အသားကျပြီးသား တိုတာ ကို ထိုင်းဖူဆယ် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဆူရက်တန်နီ အသင်းမှ ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။
2 . Ali
ပြင်ဆင်မှုတွေ တော်တော်များများ ကို ပြုလုပ်ပြီး အရင် ရာသီတွေထက် အများကြီးတိုးတက်ကောင်းမွန်လာတဲ့ MH Dream Team ကတော့ နိုင်ငံခြားကစားသမား များကိုခေါ်ယူပြီး အသင်းကို ပိုမိုကောင်မွန်ပြီး အသင်းကြီးဖြစ်အောင် အီရန် ကစားသမား ALI ကိုခေါ်ယူခဲ့ပါတယ်။ ALI ရဲ့ အဝေးကန်ချက်တွေနဲ့ တစ်ဖက်အသင်းကစားသမားတွေကို ကောင်းကောင်းဒုက္ခပေးလေ့ရှိတဲ့ ကစားသမား တစ်ယောက်လဲဖြစ်ပါတယ်။
3.Thanasak
မြန်မာဖူဆယ်လောကရဲ့အကောင်ဆုံးအသင်းတွေထဲကတစ်သင်းဖြစ်တဲ့ VUC အသင်းက သူတို့ရဲ့ အဓိက ကစားသမား တွေ အကုန်လုံးနီးပါးကိုအသင်းမှပြောင်းရွှေ့ထွက်ခွာခွင့်ပေးလိုက်တာကြောင့် VUC အသင်းက သူတို့မွေးထုပ်ထားတဲ့ လူငယ်ကစားသမားတွေ နဲ့ အတူတူ အသင်းကိုဦးစီးဦးဆောင်လုပ်နိုင်စေဖို့ ထိုင်းနိူင်ငံရဲ့ ကစားသမား Thanasak ကိုခေါ်ယူပြီး အသင်းကို ပိုမိုတောင့်တင်းအောင် ပြုလုပ်ခဲ့ကြပါတယ်။
4. Keattisak
လက်ရှိဖူဆယ်လောကရဲ့ အကောင်းဆုံးတွေထဲက တစ်သင်းဖြစ်တဲ့ MIU အသင်း ကလဲ အခြားအသင်းတွေလိုပဲ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အတွက် နိုင်ငံခြားကစားသမားခေါ်ယူမှုကို လဲ ပြုလုပ်ခဲ့ပါတယ်။ MIU အသင်းကတော့ ထိုင်းဖူဆယ်လိဂ်ရဲ့ ချန်ပီယံ အသင်းဖြစ်တဲ့ Hongyen Thakam ကလပ်အသင်းမှ Songkhrao Keattisak ကို ခေါ်ယူအားဖြည့် ခဲ့တာပဲဖြစ်ပါတယ်။
5 . SaMiMi
လက်ရှိ ၂၀၂၅ ခုနှစ်မှာ အပြောင်းလဲ အများဆုံးပြုလုပ်ထားတဲ့ YRG အသင်း ကတော့ အသင်းအတွက် မြန်မာဖူဆယ်လောက နဲ့ မစိမ်းပဲ မြန်မာဖူဆယ် လိဂ် ဂိုးသွင်းအများဆုံး ဂိုးသွင်းဘုရင် ဖြစ်ခဲ့ဖူးတဲ့ အာဖဂန်နစ္စတန် နိုင်ငံသား လူငယ် ကစားသမား တစ်ဦးဖြစ်တဲ့ SaMiMi ကိုခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။
အဆုံးထိဝင်ရောက်ကြည့်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#myanmarfutsal
#tota
#ali
#thanasak
#keattisak
#samimi
#MIU
#VUC
နောက်ဆုံးရသတင်းများ


လက်ရှိဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး Full-Back Players 10 ယောက်

ဒီနေ့မှာတော့ ကျွန်တော်က ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အကြောင်း ကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။
.jpg)