မြန်မာနေရှင်နယ်လိဂ် ကို ရောက်ရှိလာနိုင်တဲ့ အရည်အသွေးမြင့် ကစားသမား တစ်ဦး

Admin
21 နာရီ ခန့်က
Sport Articles
မြန်မာနေရှင်နယ်လိဂ် ကို ရောက်ရှိလာနိုင်တဲ့ အရည်အသွေးမြင့် ကစားသမား တစ်ဦး

အခုနောက်ပိုင်းနှစ်တွေမှာ မြန်မာနေရှင်နယ်လိဂ်မှာ ကလပ်အသင်းတော်တော်များများက ကစားသမား ခေါ်ယူအားဖြည့်မှုတွေကို များစွာပြုလုပ်နေတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ အခုလက်ရှိ ကျင်းပနေတဲ့ MNL Cup ပြိုင်ပွဲတွေနဲ့ ၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ကို အကောင်းဆုံးဝင်ရောက်ယှဥ်ပြိုင်နိုင်ဖို့ အတွက် အရည်အသွေးမြင့်မားတဲ့ ကစားသမား တစ်ဦးက မကြာခင် အချိန်မှာပဲ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတစ်သင်းနဲ့ ပူးပေါင်းတော့မှာပဲဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ခြေစွမ်းပိုင်းကောင်းမွန်ပြီးအလားအလာကောင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့ ဂျပန်ကစားသမား ယူကီအီဇူ က ၂၀၂၅-၂၆ ဘောလုံးရောသီကို မြန်မာနေရှင်နယ်လိဂ် မှာကစားဖို့အတွက် ကလပ်အသင်း တစ်သင်းကို ပြောင်းရွေ့လာတော့မှာပဲဖြစ်ပါတယ်။ ယူကီအီဇူ က နောက်ခံကစားသမားတစ်ဦးဖြစ်ပြီး ဂျပန်လက်ရွေးစင် အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။


ယူကီအီဇူ က ဘယ်နောက်ခံ နေရာ မှာကစားနိုင်ရုံသာမက ညာနောက်ခံ နေရာမှာပါ အကောင်းဆုံး ကစားနိုင်တဲ့ကစားသမားတစ်ဦးဖြစ်တဲ့ အပြင် ညာတောင်ပံ ကစားသမား တစ်ယောက်အဖြစ်ပါ အကောင်းဆုံး အသုံးတော်ခံနိုင်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ယူကီအီဇူ က ငယ်စဥ်ကတည်းက ဘောလုံးအားကစားကို ဝါသနာ ပါခဲ့တာကြောင့် ကာရှီဝါ ဘောလုံးအကယ်ဒမီ နဲ့ ကာရှီဝါ လူငယ်အသင်းတွေမှာ ဘောလုံးကစားနည်းကို နည်းစနစ်ကျကျ လေ့လာခဲ့တာပဲဖြစ်ပါတယ်။ ယူကီအီဇူ က သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ကိုတော့ ဂျပန် တတိယတန်း ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ယီဘူး အသင်းနဲ့ စတင်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့နောက်တော့ ယူကီအီဇူက ဆွီဒင် ကလပ် လင်ကိုပင်စီးတီး အသင်း ၊ ဘယ်ဂျီယံ ကလပ် အိုအက်စီ ပီရင် အသင်း နဲ့ တောင်ကိုရီးယားကလပ် ဟွန်ဆောင် အသင်း အပြင် ဩစတြီးယား ကလပ် အသင်းတွေဖြစ်ကြတဲ့ အဲလောင်း ယူနိုက်တက် အသင်းတွေနဲ့ အဲလောင်း စီးတီး အသင်းတွေမှာ ကစားခဲ့ပြီး အတွေ့အကြုံးများစွာ ပိုင်ဆိုင်ထားတဲ့ ဝါရင့် နောက်ခံကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ယူကီအီဇူ က တောင်ကိုရီးယားကလပ် ဟွန်ဆောင် အသင်းနဲ့ အတူ ကေလိဂ် တတိယတန်းမှာ ချန်ပီယံဆုကို တစ်ကြိမ်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် မြန်မာနေရှင်နယ်လိဂ်ရဲ့ ထိပ်ဆုံး ၅ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ အသင်းတွေထဲက ကလပ်အသင်းတစ်သင်းကို ယူကီအီဇူက ပြောင်းရွှေ့သွားမယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ကြားနေရပြီး ယူကီအီဇူ ရဲ့ ပြောင်းရွှေ့ကြေးကတော့ ယူရို ၇ သောင်းခွဲရှိတယ်လို့ Transfermarkt ရဲ့ ဖော်ပြချက်တွေ အရသိရှိခဲ့ရတာပဲဖြစ်ပါတယ်။


ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတစ်သင်းကို မကြာခင် ပြောင်းရွှေ့လာတော့မယ့် အရည်အသွေးမြင့် ဂျပန်နောက်ခံကစားသမား ယူကီအီဇူ အကြောင်းပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ယူကီအီဇူ တစ်ယောက် ဘယ်အသင်းကို ပြောင်းရွှေ့သွားမယ်ထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#myanmarnationalleague

#mnlcup

#yukiaizu

#rightwing

#champions

Leave a reply