ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း မှာ ပါဝင်လာခဲ့တဲ့ ကစားသမား ၂၅ ယောက်

Admin
1 လ ခန့်က
Sport Articles
ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်  အသင်း  မှာ ပါဝင်လာခဲ့တဲ့ ကစားသမား ၂၅ ယောက်

MFF Vita Max Futsal 2024- 2025 ပြိုင်ပွဲကြီးမှာတော့ ၂၀၂၅ ခုနှစ်အတွင်း အာရှဖူဆယ် ခြေစစ်ပွဲများနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေကို ဝင်ပြိုင်ဖို့အတွက် မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းရဲ့ ပဏမ ကစားသမား ၂၅ ယောက်ပါရှိတဲ့ လူစာရင်းကို ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ ဒီရာသီ မြန်မာဖူဆယ် အသင်းရဲ့ နည်းပြချုပ်အသစ် ဖြစ်တဲ့ Mr.Pattaya Piemkum က သူ့ရဲ့ စိတ်ကြိုက်ကစားသမား ၂၅ ယောက်ကို သေသေချာချာလေး‌ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ အရင်နှစ် ဘောလုံးရာသီ က ရွေးချယ်ခံခဲ့ရတဲ့ ကစားသမား အချို့ မပါဝင်ခဲ့သလို ဒီရာသီမှ မြန်မာလက်ရွေးစင် ပဏာမ စာရင်းမှာ ပထမဆုံး ပါဝင်လာခဲ့တဲ့ ကစားသမား များစွာလည်းရှိနေတာပဲဖြစ်ပါတယ်။ နည်းပြသစ် လက်ထပ်မှာ မြန်မာဖူဆယ်လောက က ဘယ်လောက်ထိ တိုးတက်လာမလည်းဆိုတာကတော့ စောင့်ကြည့်ချင်စရာအကောင်းဆုံး ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။

အရင်နှစ်ဘောလုံးရာသီတွေက ခြေစွမ်းကျဆင်းမှုကြောင့် ရွေးချယ်ခြင်းမခံခဲ့ရတဲ့ ဝါရင့် မြန်မာလက်ရွေးစင် ကစားသမား အောင်ဇင်ဦး အပြင် ပွဲပယ်ပြစ်ဒဏ်မှ ပြန်လာနိုင်ခဲ့တဲ့ ဝါရင့် ကစားသမား တစ်ဦးဖြစ်တဲ့ ခင်ဇော်လင်း လည်းပြန်လည်ပါဝင်ခဲ့သလို ဒီရာသီမှာ ခြေစွမ်းကောင်းတွေကို ဆက်တိုက်ပြခဲ့တဲ့ ကစားသမားတွေလည်း တော်တော်များများ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ league 2 ချန်ပီယံဖြစ်ခဲ့တဲ့ TG United အသင်းက ကစားသမား သုံးဦးလည်း ပဏမ လူစာရင်းမှာ ပါဝင်လာခဲ့ကြတာပဲဖြစ်ပါတယ်။ မြန်မာလက်ရွေးစင် ပဏမ လူစာရင်းမှာ League 1 ချန်ပီယံ MIU အသင်းမှ မိုင်းစိုးမြတ်ထွေး ၊ မင်းခန့် ၊ ကိုကိုလွင် ၊ မျိုးသက်အောင် ၊ သက်ထွန်း ၊ ဇော်ဝေဖြိုး ၊ ထွန်းအောင်ကျော် ၊ ခင်ဇော်လင်း တို့ပါဝင်ခဲ့ကြပြီး ကစားသမား စုစုပေါင်း ၈ ယောက်အထိ ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

YRG အသင်းက ဝါရင့် မြန်မာလက်ရွေးစင် ကစားသမားတွေဖြစ်ကြတဲ့ မျိုးမြင့်စိုး ၊ ဝေဇင်ဦး ၊ ထွဋ်ဝေထွန်း ၊ နိုင်လင်းထွန်းကျော် တို့ အပြင် မင်းခန့်သူ ကလည်း ပထမဆုံး မြန်မာလက်ရွေးစင် အသင်းမှာ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ MH DREAM TEAM မှ ရဲထက်နိုင် ၊ နေလင်းခန့်ကျော် ၊ ငြိမ်းမင်းစိုး ၊ အောင်ဇင်ဦး ၊ ကျော်ကျော်စိုး တို့ပါဝင်လာခဲ့တဲ့ အပြင် Generations အသင်း မှ ကျော်ရဲသွေး နှင့် VUC အသင်းမှ သက်နောင် အပြင် M2K အသင်းမှ ထက်ဝေ ၊ YCDC Marga အသင်းမှ ဂျေမီစိုး တို့ ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ League 2 ချန်ပီယံ ဖြစ်ခဲ့တဲ့ TG United အသင်းမှ ကျော်ဇင်မျိုးကို ၊ ချစ်စန်းမောင် ၊ ထွန်းမင်းလှိုင် တို့သုံးယောက်က လည်း မြန်မာ့လက်ရွေးစင် ပဏာမ လူစာရင်းမှာ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ် ။ နည်းပြသစ် လက်ထက်မှာ လူရွေးချယ်မှုကို အပြစ်ပြောစရာမရှိအောင်ကောင်းမွန်နေပြီး ပါသင့်ပါထိုက်တဲ့ ကစားသမား အကုန်လုံးလည်း ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။

မြန်မာဖူဆယ် အသင်း အောင်မြင်မှုတွေ ဘယ်လောက်ထိ ရရှိသွားမလဲ ၊ အရင်နှစ်တွေထက် ပိုမို ကောင်းမွန်တဲ့ အသင်းတစ်သင်း ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ချင်စရာ အကောင်းဆုံး ကိစ္စ တစ်ခုပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အများကြီးတင်ရှိပါတယ်။

#mmmedia

#nyeinminsoe

#myomyintsoe

#tunaungkyaw

#thetnaung

Leave a reply