ONE မှာ ပွဲဦးထွက် ပွဲစဥ်ကို ယှဥ်ပြိုင်ဖို့ရှိနေတဲ့ စိန်လုံးချော

ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက မြန်မာပြည် အထက်ပိုင်းက ရိုးရာလက်ဝှေ့ကစားသမား တစ်ဦးကို လာမယ့် ONE CHAMPIONSHIP မှာ ပွဲထုတ်သွားမယ်လို့ ကိုဖြိုးဝေ က ကြော်ငြာခဲ့တာပဲဖြစ်ပါတယ်။ ကိုဖြိုးဝေ ဆိုတာကတော့ မြန်မာ လက်ဝှေ့သမားတွေကို ONE နဲ့ချိတ်ဆက်ပေးနေတဲ့ သူ တစ်ဦးဖြစ်ပါတယ်။ မြန်မာပရိသတ်တော်တော်များများကတော့ ကျော်စွာဝင်းလို့ ထင်နေကြပေမယ့် အခု ONE CHAMPIONSHIP က ကြော်ငြာခဲ့တဲ့ ONE FRIDAY FIGHT 106 ပွဲစဥ်တွေမှာပါဝင်လာတာ ကျော်စွာဝင်း မဟုတ်ပဲ စိန်လုံးချော ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ အရင်တုန်းက စိန်လုံးချောက ဒီလိုပြောခဲ့ဖူးပါတယ်။ ပြည်တွင်းပွဲပေါင်းများစွာကို ထိုးသတ်သွားဖွယ်ရှိသလို ပြည်ပ ထွက်ပြီး ယှဥ်ပြိုင်နိုင်ဖို့အတွက်လည်း ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ ပြောကြားဖူးတာပဲဖြစ်ပါတယ်။
စိန်လုံးချောက ဆင်းရဲနွမ်းပါးတဲ့ မိသားစုကနေ မွေးဖွားလာခဲ့တာဖြစ်တာကြောင့် သင်တန်းနည်းပြ ကောင်းကောင်းငှားပြီးတော့ မလေ့ကျင့်နိုင်ခဲ့ပါဘူး။ နာမည်ကြီး ကလပ်တွေမှာလဲ သွားရောက်လေ့ကျင့်တာမျိုးတွေ မပြုလုပ်နိုင်တာကြောင့် တစ်ယောက်ထဲ ပြင်းပြင်းထန်ထန် လေ့ကျင်ခဲ့တာပဲဖြစ်ပါတယ်။ နယ်ပွဲစဥ်တွေမှာ လူငယ်လက်ဝှေ့ပွဲစဥ်တွေကိုထည့်သွင်းကျင်းပလေ့ရှိတာကြောင့် စိန်လုံးချောက အသက် ၈ နှစ် ၉ နှစ် အရွယ်လောက်ထဲက လက်ဝှေ့စတင် ထိုးသတ်ခဲ့တာပဲဖြစ်ပါတယ်။ ငယ်စဥ်ကတည်းက ကြိုးစားလေ့ကျင့်မှု အပြည့်အဝ ရှိခဲ့တဲ့ စိန်လုံးချောက သူ့ရဲ့ မဆုတ်မနှစ် ကြိုစားမှု ၊ ဘယ်တော့မှ အရှုံးအပေးတဲ့ စိတ်ဓာတ်တွေကြောင့် နောက်ဆုံးမှာတော့ One Championship လို ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်ရတော့မှာပဲဖြစ်ပါတယ်။ စိန်လုံးချော အခုလို သန်မာလာတာတွေ ၊ စိတ်ဓာတ်ပိုင်း ကြံခိုင်လာတာတွေ ၊ အရှုံးမပေးတက်တာတွေက သူ့အဖေရဲ့ နောက်ကွယ်က အားပေးကူညီ ခဲ့တာတွေကြောင့်ပဲဖြစ်ပါတယ်။ စိန်လုံးချော ရဲ့ ဖခင်က နွမ်းပါတာကြောင့် ငွေကြေးပိုင်း ထောက်ပံမှုတွေမပြုလုပ်ခဲ့ပေမယ့် စိန်လုံးချော ရဲ့ အဖေက လိုအပ်တာတွေကိုတော့ အနောက်ကနေ အကောင်းဆုံး ပံပိုးကူညီခဲ့တာပဲဖြစ်ပါတယ်။
စိန်လုံးချောက ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံးလုပ်တက်တဲ့ လူတစ်ဦးဖြစ်တဲ့ အပြင် ၊ ဘယ်လို ခက်ခဲကြမ်းတမ်းတဲ့ အတားအဆီးတွေပဲ ရှိရှိ သူ့ရဲ့ ပန်းတိုင်းကို ရောက်အောင် တစိုက်မက်မက် ကြိုးစားတက်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ စိန်လုံးချောက ပြည်တွင်းပွဲပေါင်း ၅၀ ကျော် ယှဥ်ပြိုင်ခဲ့ပြီး အခုဆိုရင် ကိုဖြိုးဝေရဲ့ ချိတ်ဆက်မှုကြောင့် ONE CHAMPIONSHIP မှာ ယှဥ်ပြိုင်သွားရတော့မှာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ONE မှာ ပွဲဦးထွက် ပွဲစဥ်ကို ယှဥ်ပြိုင်ဖို့ရှိနေတဲ့ စိန်လုံးချော အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#onechampionship
#seinlonechaw
#phyowai
#kyawswarwin
နောက်ဆုံးရသတင်းများ


လက်ရှိဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး Full-Back Players 10 ယောက်

ဒီနေ့မှာတော့ ကျွန်တော်က ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အကြောင်း ကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။
.jpg)