ပတ်ဂွာဒီယိုလာရွေးချယ်ခဲ့တဲ့ GOAT ၆ ယောက်

Admin
3 ရက် ခန့်က
Sport Articles
ပတ်ဂွာဒီယိုလာရွေးချယ်ခဲ့တဲ့ GOAT ၆ ယောက်

ပတ်ဂွာဒီယိုလာ ဆိုတာကတော့ ဘောလုံးလောကရဲ့ အကောင်းဆုံး နည်းပြတစ်ဦးဖြစ်ပြီး နည်းစနစ်ပိုင်း ပိုင်နိုင်တဲ့ နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းမှာ မက်စီ ၊ အင်နီရီစတာ ၊ ဇာဘီ တို့နဲ့ အတူ တီကီတာကာ ကစားဟန်နဲ့ ဘောလုံးလောက ကို ကြီးစိုးခဲ့တဲ့ အပြင် ဂျာမန် ဘီလူးကြီး ဘာယန်မြူနစ်အသင်းနဲ့လည်း အောင်မြင်မှုများစွာကို သိမ်းပိုက်နိုင်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပြတယ်။ မန်စီးတီး အသင်းအတွက်လည်း ဝေးကွာနေတဲ့ ဆုဖလားတွေကို ပြန်လည်သိမ်းပိုက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သလို ခေတ်ပြိုင် နည်းပြတွေကိုလည်း အကြိမ်ကြိမ် အနိုင်ယူပြထားတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ နည်းပြကြီး ပတ်ဂွာဒီယိုလာ ရွေးချယ်ခဲ့တဲ့ GOAT ၆ ယောက်အကြောင်းပဲဖြစ်ပါတယ်။


၁. ပီလီ

ပီလီ က ဘောလုံးလောကရော အကောင်းဆုံး ဂန္ထဝင်ကစားသမားတစ်ဖြစ်ပြီး ကမ္ဘာ့ဖလားလို ရယူဖို့ အလွန်ခက်ခဲတဲ့ ဆုဖလားကို အကောင်းဆုံးခြေစွမ်းပြကာ ၃ ကြိမ် တိုင်တိုင် သိမ်းပိုက်ထားနိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ် ။ ဂိုးပေါင်း ၁၀၀၀ ကျော် သွင်းယူထားပြီး ဘောလုံးအားကစားကို လူစိတ်ဝင်စားလာတာတွေ၊ လူကြိုက်များလာတွေက ပီလီရဲ့ အခန်းကဏ္ဍကြောင့်ပဲဖြစ်ပါတယ်။ ပီလီက ကမ္ဘာ့ဖလားရဲ့ အသက်အငယ်ဆုံး ဟက်ထရစ် ဂိုးသွင်းရှင် တစ်ဦးဖြစ်ပြီး ဘောလုံးလောကကို သူ့ရဲ့ လှပသေသပ်တဲ့ ကစားဟန်တွေနဲ့ အကောင်းဆုံးဖျော်ဖြေပေးခဲ့တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။


၂ . လီယိုနယ် မက်စီ

နောက်တစ်ယောက်ကတော့ ဂွာဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမား တစ်ဦးဖြစ်ပြီး ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမား တစ်ဦးဖြစ်တဲ့ လီယိုနယ် မက်စီပဲဖြစ်ပါတယ်။ မက်စီက သူကဘယ်လို ကစားသမားဖြစ်တယ်ဆိုတာကို သူ့ရဲ့ သွင်းဂိုးတွေ ၊ လှပသေသပ်တဲ့ တစ်ဦးချင်းကျော်ဖြတ်မှုတွေ ၊ ရယူဖူးတဲ့ ဆုဖလားတွေနဲ့ အကြိမ်ကြိမ် သက်သေပြပြီးပြီပဲဖြစ်ပါတယ်။ ဂွာဒီယိုလာက လီယိုနယ်မက်စီနဲ့ အတူ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိ လက်တွဲခဲ့ပြီး ဆုဖလားပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ မက်စီက ပြီးပြည့်စုံတဲ့ ကစားသမား တစ်ဦးဖြစ်တယ်လို့ ပတ် က ပြောခဲ့ဖူးတာပဲဖြစ်ပါတယ်။


၃. မာရာဒိုနာ

ဒီအာဂျင်တီးနား ကစားသမား ကြီးကလည်း ဘောလုံးလောကရဲ့ အကြီးအကျယ်အခန်းနားဆုံးသော ကစားသမား တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော်စွမ်းရည်တွေနဲ့ အတူ အသင်းကို အမြဲလိုလို အကျိုးပြုတက်တဲ့ ကစားသမားဖြစ်ပြီး ဘောလုံး သူ့ခြေထဲ ရောက်တာနဲ့ ဘောလုံးပရိတ်သတ်တွေကို ဖျော်ဖြေမှု ရသ အပြည့်အဝ ပေးစွမ်းနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ မာရာဒိုနာ အင်္ဂလန်ဘက်ကို သွင်းယူခဲ့တဲ့ ဂိုးဆိုရင် ဘောလုံးသမိုင်းတစ်လျောက် အကောင်းဆုံး ဂိုးတစ်ဂိုးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။


၄. ရိုဟန် ခရိုက်

ဂွာဒီရိုလာကို လွှမ်းမိုးမှုရှိခဲ့တဲ့ ရိုဟန် ခရိုက်ကလည်း ဒီစာရင်းထဲမှာ မပါမဖြစ်ပဲဖြစ်ပါတယ်။ ပတ်ဂွာဒီယိုလာ အခု အသုံးပြုနေတဲ့ နည်းစနစ်တွေက ဘောလုံးလောကရဲ့ အထင်ကရ ကစားသမားဖြစ်တဲ့ ရိုဟန်ခရိုက် ဆီက ဆင်းသက်လာခဲ့တာပဲဖြစ်ပါတယ်။ ပတ် က ခရိုက်ရဲ့ လက်အောက်မှာ ကစားခဲ့ဖူးတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး နည်းစနစ်မှာ ဆရာတစ်ဆူဖြစ်တဲ့ ခရိုက် က ဂွာဒီယိုလာကို လွှမ်းမိုးမှု အရှိဆုံး လူသားတစ်ဦးလည်းဖြစ်ပါတယ် ။ Total football ရဲ့ အရှင်သခင်ဖြစ်တဲ့ ရိုဟန် ခရိုက် ကလည်း ဒီစာရင်းမှာ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။


၅. ဘက်ကင် ဘောင်ဝါ

ကမ္ဘာ့ဖလား ၊ ဥရောပဖလား ၊ ဘောလွန်းဒီအော သုံးခုလုံးကို ရရှိခဲ့ဖူးတဲ့ ကစားသမား ၉ ဦးထဲမှာ အပါအဝင်ဖြစ်တဲ့ ဘက်ကင် ဘောင်ဝါကလည်း ဒီစာရင်းမှာ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ နောက်ခံကစားသမား တစ်ဦးဖြစ်ပေမယ့် ဘောလွန်းဒီအော ၂ ကြိမ်တိုင်တိုင်ဆွန်ခူးနိုင်ခဲ့တဲ့ ဘက်ကသ်ဘောင်ဝါက ခံစစ်မှာရော ကွင်းလယ်မှာရော အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ် ။


၆. ခရစ်စတီယာနို ရော်နယ်ဒို

ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ပက် အတွက် ရော်နယ်ဒိုက ပြိုင်ဘက် ကစားသမား တစ်ဦးအဖြစ် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ပေဖူးတာကြောင့် ရော်နယ်ဒို က ဘယ်လောက်ကောင်းတဲ့ ကစားသမား တစ်ဦးဖြစ်လည်းဆိုတာ ပက် ကောင်းကောင်းကြီးသိပါတယ်။ ရော်နယ်ဒိုက သူ့ရဲ့ လျင်မြန်တဲ့ ပြေးနှုန်း ၊ အားပါပြင်းထန်တဲ့ ကန်ချက်တွေနဲ့ ပက် ကို အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ် ။ ချန်ပီယံလိဂ် ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား တစ်ဦးဖြစ်တဲ့ အပြင် ကစားသမားဘဝ တစ်လျောက် သွင်းဂိုးပေါင်း ၉၀၀ ကျော်ကို သွင်းယူနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။

အခုတင်ဆက်ပေးသွားတာကတော့ နည်းပြကြီး ပက် ဂွာဒီယိုလာ ရွေးချယ်ခဲ့တဲ့ goat 6 ယောက်အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ကြည့်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

#mmmedia

#pepguardiola

#pele

#rohankreith

#messi

#diegomaradona

#ronaldo

#beckenbauer

#goats

Leave a reply