ပျောက်မှန်းမသိ ပျောက်ကွယ်သွားခဲ့ကြတဲ့ ကစားသမာ ၅ ယောက်

Admin
3 ရက် ခန့်က
Sport Articles
ပျောက်မှန်းမသိ ပျောက်ကွယ်သွားခဲ့ကြတဲ့ ကစားသမာ ၅ ယောက်

ဘောလုံးလောကမှာတည်မြဲခြင်းဆိုတဲ့ အရာဆိုတာ မရှိပါဘူး ။ အချိန်တိုင်းလိုလို အရာရာ တိုင်းကပြောင်းလဲသွားနိုင်ပြီး အသင်းအတွက် ဘယ်လောက် အရေးပါတဲ့ ကစားသမားပဲဖြစ်ဖြစ် ၊ အသင်းကို ဦးဆောင်နေတဲ့ နည်းပြတစ်ဦးပဲဖြစ်ဖြစ် ၊ နောက်ဆုံး ကုန်ကုန်ပြောရရင် အသင်းကို ပိုင်တဲ့ အသင်းပိုင်ရှင်ရှင်ပဲ ဖြစ်ဖြစ် အသင်းကနေ ထွက်ခွားသွားနိုင်တာပဲဖြစ်ပါတယ်။ ဘောလုံးရာသီ အသစ် တစ်ခုတိုင်းမှာ မျက်နှာသစ်ကစားသမားတွေ ပေါ်ထွက်လာခဲ့သလို ကျွန်တော်တို့မျက်စိ ရှေ့မှာ အချိန်အတော်ကြာ မြင်တွေခဲ့ရတဲ့ ကစားသမားတွေလည်း ပျောက်ကွယ်သွားနိုင်တာပဲဖြစ်ပါတယ်။ လူငယ် ကစားသမားတွေ ၊ မျက်နှာသစ် ကစားသမားတွေကို ကျွန်တော်တို့ကစောင့်ကြည့်ရင်း ကျွန်တော်တို့ မျက်စိရှေ့မှာ အချိန်ကာလတစ်ခုကြာ မြင်တွေခဲ့ရတဲ့ ကစားသမားတွေကို ပျောက်မှန်းမသိ ပျောက်ကွယ်သွားတာမျိုးကို ကြုံတွေခဲ့ရပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ ပျောက်မှန်းမသိ ပျောက်ကွယ်သွားခဲ့ကြတဲ့ ကစားသမား ၅ ယောက်အကြောင်းပဲဖြစ်ပါတယ်။


၁. ကော်တင်ဟို

ကော်တင်ဟို က လီပါပူး အသင်းနဲ့ အတူ အမြင့်ပျံသန်းနိုင်ခဲ့တဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး ဘောလုံးသူ့ခြေထောက်ထဲ ရောက်တာနဲ့ အနုပညာဆန်တဲ့ ကစားပုံတွေကို အမြဲတမ်း ပြသတက်ပြီး အသင်းတိုင်းကို ဒုက္ခကောင်းကောင်းပေးနိုင်တဲ့ တိုက်စစ်ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ကော်တင်ဟိုရဲ့ လှပတဲ့ သေသပ်တဲ့ ဝှေ့ဝိုက် အဝေးကန်ချက်တွေနဲ့ အတူ အသင်းတိုင်းကို ခြောက်လန့်နိုင်ခဲ့တဲ့ ကော်တင်ဟို က ဘာစီလိုနာ အသင်းကို ပြောင်ရွှေ့သွားခဲ့ပြီး သူ့ရဲ့ အကောင်းဆုံးပုံစံတွေပျောက်ကွယ်သွားခဲ့ရတာပဲဖြစ်ပါတယ်။ အဲ့နောက် ဘာယန်မြူးနစ် ၊ အက်စတွန်ဗီလာ စတဲ့ အသင်းတွေကို အငှားထွက်ရောက်ကစားခဲ့ပြီး အဲ့နောက်တော့ ကာတာ ကို အငှားထွက်ကစားခဲ့ကာ အခုလက်ရှိတဲ့ ဘရာဇီးလိဂ်မှာ ကစားနေတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ကော်တင်ဟိုက ဘောလုံးပရိတ်သတ်တွေရဲ့ မျက်စိရှေ့ကနေ တဖြည်းဖြည်းဝေးကွာလာခဲ့တာပဲဖြစ်ပါတယ်။


၂ . ဘာလော့တယ်လီ

ဘာလော့တယ်လီက အရည်အချင်းကောင်းတွေ များစွာပိုင်ဆိုင်ထားနဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့် စည်းကမ်းပိုင်း ညံဖျင်းမှုတွေကြောင့် ကစားသမားဘဝ ကျဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ မန်စီးတီး အသင်း ၊ လီပါပူး အသင်းတွေမှာ ကစားသမားဘဝ အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ခဲ့ပြီး သူရဲ့ စည်းကမ်းပိုင်း ညံဖျင်းမှုကြောင့် အသင်းတော်တော်များများကို ပြောင်းရွှေ့ခဲ့ပြီး အသင်းတိုင်းမှာလည်း ပြသာနာပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ် ။ အခုလက်ရှိမှာတော့ အီတလီ ကလပ် ဂျီနိုရာ အသင်းမှာ ကစားနေတာပဲဖြစ်ပါတယ် ။


၃. ချီရှာရီတို

ချီရှာရီတို ကတော့ မန်ချက်စတာယူနိုက်တက် အသင်းမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းရဲ့ ဝှက်ဖဲတစ်ချပ်လည်းဖြစ်ခဲ့ပါတယ်။ ကစားသမားဘဝကို ရီးရဲလ်မက်ဒရစ် ၊ လေဗာကူဆင် ၊ ဆီးဗီလာ ၊ LA ဂလက်စီ တို့မှာ ဖြတ်သန်းခဲ့တဲ့ ချီရှာရီတို က အခုလက်ရှိမှာတော့ မွေးရပ်မြေ မက္ကစီကို က အသင်းဟောင်း ရှီးဗက် အသင်းမှာ ကစားနေတာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် ၊ ရီးရဲလ်မက်ဒရစ်တို့မှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ ဆုဖလားတွေကို ဆွတ်ခူးနိုင်ခဲ့တဲ့ ချီရှာရီတို က တဖြည်းဖြည်းနဲ့ ဥရောပပြိုင်ပွဲတွေနဲ့ ဝေးကွာပြီး ဘောလုံးပရိတ်သတ်တွေရဲ့ မျက်စိရှေ့ကနေ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တာပဲဖြစ်ပါတယ်။


၄. ဟားမက်ရိုဒရီဂွက်

ဟားမက်ရိုဒရီဂွက် က ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အတူ အောင်မြင်မှုဆုဖလားတွေကို သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ အဲဗာတန် အသင်းကို ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဟားမက် တစ်ယောက် ကာတာ ကလပ်အသင်းတစ်သင်းကို ပြောင်းရွှေ့သွားခဲ့ပြီး ကစားသမားဘဝ အဆိုးဝါးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ အခုချိန်မှာတော့ မက္ကစီကို ကိုပြောင်းရွှေ့ကစားခဲ့ပြီး တစ်ချိန်က ဥရောပ ရပ်ဝန်းမှာ ထွန်းတောက်ခဲ့တဲ့ ကစားသမားတစ်ဦးအဖြစ်ကနေ တဖြည်းဖြည်းနဲ့ ဥရောက ရပ်ဝန်းနဲ့ ဝေးကွာတဲ့ အရပ်တစ်ခုကို ရောက်ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။


၅. ရှက်ကရီ

ရှက်ကရီကတော့ ပါပူး ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ယာဂန်ကလော့ရဲ့ ဝှက်ဖဲကစားသမားအဖြစ် အကောင်းဆုံး အသုံးတော်ခံခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့လှပသေသပ်တဲ့ သွင်းဂိုးတွေနဲ့ ပရိတ်သတ်တွေရဲ့အချစ်ကိုအပိုင်သိမ်းပိုက်နိုင်ခဲ့တဲ့ ရှက်ကရီကတော့ လီပါပူး အသင်းကနေ ထွက်ခွာလာ ခဲ့ပြီး လိုင်ယွန်အသင်းကိုပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ် ။ လိုင်ယွန် အသင်းမှာ ၁၆ ပွဲသာကစားခဲ့ပြီး မေဂျာလိဂ်ကို ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ အဲ့ကနေမှ တဆင့် မွေးရပ်မြေ ဆွစ်ဇာလန် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဘေဆယ် အသင်းမှာ ကစားနေတာပဲဖြစ်ပါတယ်။ ခြေစွမ်းကောင်းတွေကို ပြသနိုင်တာမှန်ပေမယ့် တစ်ချိန်က ဥရောပ ရပ်ဝန်းမှာ ကြမ်းပြရမ်းပြခဲ့တဲ့ ကစားသမားတစ်ဦးက တဖြည်းဖြည်းနဲ့ ဥရောပ ရပ်ဝန်းပကနေ ဝေးကွာခဲ့တာပဲဖြစ်ပါတယ်။

ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ဘောလုံးပရိတ်သတ်တွေရဲ့ မျက်စိရှေ့ကနေ ပျောက်မှန်းမသိ ပျောက်ကွယ်သွားခဲ့ရတဲ့ ကစားသမားတွေအကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

#mmmedia

#philippecoutinho

#mariobalotelli

#chicharito

#hamadrodriguez

#xherdanshaqiri

#footballplayer

Leave a reply