နီပေါလ် မက်ဆီ ပရီတီ

နီပေါလ် အမျိုးသမီးအသင်းမှာ မက်ဆီရယ် လို့ ပရိတ်သတ်တွေ တင်စားကြတဲ့ ကစားသမားတစ်ဦးရှိပါတယ်။သူကတော့ 𝐏𝐫𝐞𝐞𝐭𝐢 𝐊𝐮𝐥𝐮𝐧𝐠 𝐑𝐚𝐢 လို့ခေါ်တဲ့ ကွင်းလည်ကစားသမားတစ်ဦးဖြစ်ပြီးလက်ရှိနီပေါလ် အသင်းမှာ ကျောနံပါတ် (၁၄) ကိုဝတ်ဆင်ကစားနေသူလဲဖြစ်ပါတယ်။၂၀၀၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့က ကတ်မန်းဒူးမြို့တွင် မွေးဖွားခဲ့ပြီး၊ အသက် ၆ နှစ်အရွယ်ထဲ က ဘောလုံးကို စတင်ကစားခဲ့တာပဲဖြစ်ပါတယ်။ ပရီတီသည် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် နီပေါ အမျိုးသမီး အသင်းအတွက် ဘင်္ဂလားဒေ့ရှ်နှင့် ယှဉ်ပြိုင်ကစားတဲ့ ပွဲက သူရဲ့ပထမဆုံးပွဲစဥ်ဖြစ်ခဲ့ပြီး ပွဲချိန် ၂၂ မိနစ်မှာ ပဲ သူရဲ့ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး သူရဲ့ အရည်အချင်းကို ကောင်းကောင်းပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့ ကွင်းလယ်မှာ ပြိုင်ဘက်တွေကို လိမ်ခေါက်ကာ ကျော်ဖြတ် ကစားပုံက မက်ဆီ နဲ့ တူလွန်းတာကြောင့် နီပေါလ် မှာတော့ နာမည်ကြီးလာနေပြီးအသင်းအတွက်လဲ အားထားရသူတစ်ဦး ဖြစ်လာနေပါတယ်။
ပရီတီသည် နီပေါ အမျိုးသမီး ဘောလုံးအသင်း၏ ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် 𝐖𝐀𝐅𝐅 အမျိုးသမီး ချန်ပီယံရှစ်တွင် နီပေါအသင်းကို ဗိုလ်လုပွဲအထိ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့ပို့ပေးနိုင်ခဲ့တာဖြစ်ပါတယ်။၂၀၂၄ ခုနှစ် 𝐒𝐀𝐅𝐅 အမျိုးသမီး ချန်ပီယံရှစ်တွင် မာလဒိုက်စ်ကို ၁၁-၀ ဖြင့် အနိုင်ရသောပွဲမှာလည်း 𝐏𝐫𝐞𝐞𝐭𝐢 တစ်ယောက် ဟက်ထရစ် (၃ ဂိုး) ထိသွင်းယူနိုင်ခဲ့ပြီး သူရဲ့ အရည်အချင်းတွေကို ကမ္ဘာလုံးကပို ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ။ပရီတီ က အသက် (၂၀) သာရှိသေးပြီးအရပ်ပုပု (၅ ပေ ၂လက်မ) လူကောင်သေးသေး နဲ့ ဆိုပြီး အထင်တော့သွားမသေးလိုက်ပါနဲ့ ပြိုင်ဘက် (၂) ဦးလောက်ကို အသာလေး ကျော်ဖြတ် သွားနိုင်စွမ်းက သူ့မှာရှိနေပါတယ်။
𝐏𝐫𝐞𝐞𝐭𝐢 က အလကားသက်သက် နာမည် ကြီးလာတာမဟုတ်ပဲ သူအသက် (၁၆) နှစ်အရွယ် ၂၀၂၁ တုန်းက နီပေါလ် အသင်း နဲ့ ဘင်္ဂလားဒေ့ရှ် အသင်း တို့ပွဲစဉ်မှာ လှပတဲ့ သွင်းဂိုးကို သွင်းယူပြီးနောက် နိုင်ငံကျော်လာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။နီပေါလ်အသင်းအတွက် လက်ရှိမှာ (၄) ပွဲကစားထားပြီးသွင်းဂိုး (၅) ဂိုးသွင်းယူထားပေးတာကြောင့် မြန်မာ အသင်းနဲ့ ရင်ဆိုင်ရမည့် ပွဲမှာတော့ အထူးသတိထား စောင့်ကြည့်ရမည့် ကစားသမား တစ်ဦး ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ လာမည့်ပွဲစဥ်မှာ ကျွန်တော်တို့ မြန်မာ အသင်း က နီပေါ အသင်းနဲ့ တွေစုံရမှာဖြစ်တာကြောင့် ပရီဒီ ကို သတိထားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ နီပေါ အသင်းနဲ့ မြန်မာ အသင်းနှစ်သင်း တုန်းက ကစားခဲ့တဲ့ပွဲစဥ်နှစ်ပွဲလုံးကို အနိုင်ရရှိအောင် ကစားနိုင်ခဲ့တာကြောင့် နီပေါ နဲ့ မြန်မာ အသင်းတို့တွေ့စုံတဲ့ ပွဲစဥ် က ပြိုင်ဆိုင်မှုပြောင်းထန်ပြီး အလွန်ကြည့်ကောင်းမယ့်ပွဲစဥ်တစ်ခုလည်းဖြစ်လာမှာဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ နီပေါ မက်ဆီ လို့ နာမည်ကြီးနေတဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ 𝐏𝐫𝐞𝐞𝐭𝐢 𝐊𝐮𝐥𝐮𝐧𝐠 𝐑𝐚𝐢 အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#PreetiKulungRai
#Nepal
#Messi
နောက်ဆုံးရသတင်းများ


လက်ရှိဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး Full-Back Players 10 ယောက်

ဒီနေ့မှာတော့ ကျွန်တော်က ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အကြောင်း ကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။
.jpg)