အာဆင်နယ်တို့ရဲ့တစ်ခုတည်းသော ရွှေဖလားရာသီ ( သို့ ) နောက်ဆုံးရခဲ့သော ပရီးမီးယားလိဂ်ဖလား

Admin
6 လ ခန့်က
Premier League
အာဆင်နယ်တို့ရဲ့တစ်ခုတည်းသော ရွှေဖလားရာသီ ( သို့ ) နောက်ဆုံးရခဲ့သော ပရီးမီးယားလိဂ်ဖလား

𝟐𝟎𝟎𝟑-𝟐𝟎𝟎𝟒 ရာသီဟာ ပရီးမီးယားလိဂ်တွင် အာဆင်နယ်ဘောလုံးအသင်း၏ 𝟏𝟐 ရာသီမြောက်ဘောလုံး ရာသီဖြစ်ပြီး အင်္ဂလိပ်ဘောလုံးလောက၏ထိပ်တန်းအဆင့်တွင် ၎င်းတို့၏ 𝟕𝟖 နှစ်ဆက်ရာသီဖြစ်ပါတယ်။ ကလပ်အသင်းသည် ပရီးမီးယားလိဂ်တွင် တစ်ကြိမ်မှ ရှုံးနိမ့်ခြင်းမရှိဘဲ ချန်ပီယံအဖြစ် အဆုံးသတ်ခဲ့ပြီး 𝟐𝟔 ပွဲနိုင် 𝟏𝟐 ပွဲသရေဖြင့် စံချိန်တင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားဆီမီး ဖိုင်နယ်မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ မစ်ဒယ်ဘရော့တို့ကို အသီးသီး ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။

အဲ့ဒီနှစ်ကအကောင်းဆုံးလူဖြည့်တင်းမှုအဖြစ် ပထမအသင်းမှာ အဓိက ဂိုးသမား လေမန်း ကို ပေါင် 𝟏.𝟓 သန်း ဖြင့်ခေါ်ယူခဲ့ပြီး တိုက်စစ်မှူး ရေးယက်စ်ကို ဆောင်းရာသီ အပြောင်းအရွှေ့တွင် ဝယ်ယူခဲ့ ပါတယ်။ ပြီးတော့ သူတို့ရဲ့ အကောင်းဆုံး ကစားသမားများကို ထိန်းသိမ်းထားပြီး အသင်းခေါင်းဆောင် ပက်ထရစ် ဗီအဲရာနှင့် ကွင်းလယ်လူ ရောဘတ် ပီရက်စ်တို့အတွက် စာချုပ်သစ်များ အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ရာသီအစမှာ အားကောင်းခဲ့တဲ့ အာဆင်နယ်အသင်းဟာ လေးပွဲကစားအပြီးမှာ အမှတ်ပေးဇယားကို ဦးဆောင်ခဲ့ပြီး ပရီးမီးယားလိဂ်ချိန်ပီယံဆု အတွက်က မန်ချက်စတာယူနိုက်တက် ၊ ချယ်လ်ဆီးတို့နှင့်ပြိုင်ဆိုင်ခဲ့ကာ သူတို့ကပဲထိပ်ဆုံးကနေရေပန်းစားခဲ့ပါတယ်။ ဧပြီလ ပထမ ပတ်မှာအာဆင်နယ်ဟာ အက်ဖ်အေဖလားနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများမှ ထွက်ခွာခဲ့ရသော်လည်း လကုန်တွင် မြို့ခံပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးကို ( 𝟐 – 𝟐 ) သရေကျကာ လိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲငါးခုတွင် မတူညီသော ကစားသမား 𝟑𝟒 ဦးဖြင့်ယှဉ်ပြိုင်ကစားခဲ့ပြီး မတူညီသောကစားသမား 𝟏𝟓 ဦးမှဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးသွင်းအများဆုံးသွင်းခဲ့သူကတော့ သီယာရီဟင်နရီဖြစ်ပြီး 𝟓𝟏 ပွဲမှာ 𝟑𝟗 ဂိုးထိ သွင်းယူခဲ့တဲ့အပြင် 𝐏𝐅𝐀 တစ်နှစ်တာအကောင်းဆုံးကစားသမားဆု နှင့် 𝐅𝐖𝐀 တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုချီးမြှင့်ခြင်းခံရပါတယ် ။ နောက်ပြီး 𝟐𝟎𝟎𝟑 𝐅𝐈𝐅𝐀 𝐖𝐨𝐫𝐥𝐝 𝐏𝐥𝐚𝐲𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 နှင့် 𝟐𝟎𝟎𝟑 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 နှစ်ခုစလုံးတွင်လည်း ဒုတိယနေရာကို ရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာလည်း ရှုံးပွဲမရှိခဲ့သော 𝐏𝐫𝐞𝐬𝐭𝐨𝐧 𝐍𝐨𝐫𝐭𝐡 𝐄𝐧𝐝 အသင်းကဲ့သို့ "𝐓𝐡𝐞 𝐈𝐧𝐯𝐢𝐧𝐜𝐢𝐛𝐥𝐞𝐬" ဟူသော အမည်ပြောင်ကိုပါ ရယူခဲ့ပါတယ်။ ကလပ်အသင်းဟာ ရာသီကုန်ပြီးသည်နှင့် ပရီးမီးယားလိဂ်မှ ရွှေဖလားကို ချီးမြှင့်ခဲ့ပြီး 𝟒𝟗 ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ စံချိန်သစ်ကိုတင်ခဲ့ပါတယ်။ 𝟐𝟎𝟏𝟐 တွင် 𝟐𝟎𝟎𝟑-𝟎𝟒 ခုနှစ် 𝐀𝐫𝐬𝐞𝐧𝐚𝐥 အသင်းသည် 𝐏𝐫𝐞𝐦𝐢𝐞𝐫 𝐋𝐞𝐚𝐠𝐮𝐞 𝟐𝟎 𝐒𝐞𝐚𝐬𝐨𝐧𝐬 𝐀𝐰𝐚𝐫𝐝𝐬 တွင် "အကောင်းဆုံးအသင်း" ဆုကို ရရှိခဲ့ပါတယ်။

အသင်းရဲ့ အောင်မြင်မှုများကြောင့် အာဆင်ဝင်းဂါးဟာ တစ်နှစ်တာအကောင်းဆုံး 𝐁𝐚𝐫𝐜𝐥𝐚𝐲𝐜𝐚𝐫𝐝 𝐌𝐚𝐧𝐚𝐠𝐞𝐫 ဆုကို ဆွတ်ခူးခဲ့ပြီး ဆုပေးရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အာဆင်ဝင်းဂါးဟာ ဒီဆုကို လက်ခံရယူဖို့ အလွန်ထိုက်တန်ပြီး သူ့အသင်းကို သမိုင်းစာအုပ်တွေထဲ ပေးပို့ခဲ့ပါတယ်။ အာဆင်နယ်ဟာ တစ်ရာသီလုံး စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်စစ်ဘောလုံးကစားဟန်ကို ကစားခဲ့ပြီး ရှုံးပွဲမရှိအောင်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး နောက်ထပ် အနှစ် 𝟏𝟎𝟎 တိုင်အောင်လိုက်လုပ်လို့မဖြစ်နိုင်ပါဘူး။" ဆိုပြီးချီးကျူးခဲ့ပါတယ်။

အာဆင်နယ်ရဲ့ ရွေးဖလား၊ ရွှေဖလားဆိုပြီး ကိုင်ပေါက်နေတဲ့ ဒီဆုဖလားစံချိန်ကို လက်ရှိအချိန်ထိ ဘယ်ပရီးမီးယားလိဂ် ကလပ်အသင်းကမှ ချိုးဖြတ်နိုင်ခြင်းမရှိသေးပါဘူး။

#k9mmmedia

#premierleaguecup

#Arsenal

Leave a reply