ဗီယက်နမ် ကို နိုင်ရင် မြန်မာတက်မယ်

လာမယ့် ၂၁ ရက်နေ့ မှာကစားမယ့် ဗီယက်နမ် နဲ့ ပွဲမှာ မြန်မာအသင်းက ဗီယက်နမ် ကို အနိုင်ကစားနိုင်ခဲ့ရင် အုပ်စု တက်ဖို့ အခွင့်ရေး ရှိပါတယ် ။ ဟုတ်သော်ရှိ မဟုတ်သော် ရှိ သင်္ချာနည်းလမ်း အရ မြန်မာအသင်း မှာ လည်း ၁၀၀ ရာခိုင်နှုန်း အခွင့်ရေး ရှိနေတယ် မဟုတ်ပါလား ။ အစတည်းက နိုင်သင့်တဲ့ ပွဲတွေ နိုင်ခဲ့ရင် မရှုံးသင့်တဲ့ ပွဲတွေ မရှုံး ခဲ့ရင် အုပ်စု နောက်ဆုံး ပွဲစဉ် တွေမှာ Do or Die ဖြစ်မှာ မဟုတ်ဘူး ။ အားမနာတမ်း ဝန်ခံရမယ် မယ်ဆိုရင် မြန်မာအသင်း ဗီယက်နမ် ကို မနိုင်နိုင်ပါ။ အဲတာကို သွားငြင်းခုန် နေလို့ မရပါဘူး ။ အမှန်တရားပါ ။ ဗီယက်နမ် ဆိုတာ အရှေ့တောင်အာရှမှာ ထိုင်း ၊ အင်ဒို ၊ မလေး တို့ နဲ့ အပြိုင် ပုံမှန် ချန်ပီယံ ဆု ကို စိန်ခေါ် နေတဲ့ အသင်း နောက်ဆုံး ၅ နှစ်အတွင်း တက်ရိပ် ပြနေတဲ့ အသင်း ကိုယ်တွေ မြန်မာအသင်း က ကျရိပ် ပြနေတဲ့ အသင်း အနေထားနဲ့ ဖွဲ့စည်းပုံ မတူညီတာကို ထည့်တွေးရင် ကျနော် ပြောသလို မြန်မာအသင်း နိုင်ဖို့ မဖြစ်နိုင်တာ မထူးဆန်းပါဘူး ။ ကစားရမှာလည်း ဗီယက်နမ် ကွင်း ၊ သူ့ ကွင်း နဲ့ သူ့ ပရိတ်သတ်ရှေ့ မှာ ကိုယ့်ထက် သာလွန်နေတဲ့ အသင်းတစ်သင်းကို ယှဉ်ကစားဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး ။နောက်တစ်ခု ကွာခြားသေးတာက ဖိအား ပါ ။ ဗီယက်နမ် အသင်းက သာသာယာယာ အနိမ်ဆုံး သရေ ကစားရုံ နဲ့ နောက်တဆင့် တက်မှာပါ ။ အုပ်စု ဗိုလ် သေချာချင်ရင်တော့ အနိုင်ကစားရင် ရပါတယ် ။
ဖြတ်သန်းလာခဲ့တဲ့ အုပ်စုတွင်း ပွဲစဉ်တွေကို ယှဉ်ကြည့်မယ်ဆိုရင်လည်း ဗီယက်နမ် အသင်းဟာ ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲ သရေ နဲ့ ၇ မှတ် ရရှိထားပြီး အုပ်စု ပထမနေရာမှာ ရှိပါတယ် ။ မြန်မာ အသင်း က ၃ပွဲကစား ၁ ပွဲ နိုင် ၁ ပွဲ သရေ ၁ ပွဲ ရှုံး ၄ မှတ် ရရှိထားပြီး အုပ်စု တတိယ နေရာမှာ Head to Head ကွာခြားချက် နဲ့ အင်ဒို နောက်မှာ ရပ်တည်နေပါတယ် ။ အင်ဒို ရော မြန်မာ ရော အပြင် ဖိလစ်ပိုင် က ပါ အခွင့်ရေးရှိနေပါတယ် ။ ၃ပွဲ ကစား ၃ ပွဲ သရေ နဲ့ ၃ မှတ် ရရှိထားပြီး စတုတ္ထနေရာ မှာ ရှိနေပါတယ် ။ ဖိလစ်ပိုင် အနေနဲ့ အင်ဒို ကို အနိုင်ရမယ်ဆိုရင် မြန်မာ အနေနဲ့ သရေ ရလဒ် ရလည်း အုပ်စု က လှည့်ပြန်ရမှာပါ ။ အဲတော့ အုပ်စု တစ်နေရာစာအတွက် က မြန်မာ အနေနဲ့ မဖြစ်မနေ အနိုင်ရလဒ် ရဖို့ အရေးကြီးပါတယ် ။ မြန်မာ အသင်းကစားတဲ့ အုပ်စု ၃ ပွဲလုံးကို ပြန်ကြည့်ရရင် တပွဲမှ ပွဲကို ဖိဖိစီးစီး နဲ့ အားရစရာ ခြေစွမ်းမျိုး ရှိမနေတာတော့ အမှတ်ပါ ။ အုပ်စု အဖွင့်ပွဲစဉ် မှာ အိမ်ကွင်းမှာ အင်ဒို ကို ၁ -၀ နဲ့ ရှုံးပြီး ဖိလစ်ပိုင် ကွင်း မှာ ဖိလစ်ပိုင် ကို ၁ -၁ နဲ့ သရေ ကျခဲ့ပါတယ် ။ နောက်ဆုံးပွဲ မှာ လာအို ကို အိမ်ကွင်းမှာ ကစားပြီး ၊နောက်က အသည်းသန် လိုက်ကစားခဲ့ပပွဲပြီးခါနီ မှ ချေပဂိုး နဲ့ အနိုင်ဂိုး ရရှိခဲ့လိုသာ အနိုင် ၃ မှတ် ရရှိခဲ့ပါတယ် ။ ဒီအုပ်စု မှာ အင်အားအတောင့်ဆုံး ဗီယက်နမ် နဲ့ ယှဉ်ပြိုင်ရမှာပါ ။ အားမနာတမ်း ဝေဖန်ရမယ်ဆိုရင် မြန်မာ အသင်းက ဗီယက်နမ် အသင်းကို ဂိုးပြတ် မရှုံးရင်တောင် ကံကောင်းတယ်လို့ ပြောရမှာပါ ။ ဗီယက်နမ် အသင်းရဲ့ တစ်ဦးချင်း အရည်အသွေးရော အသင်းလိုက် အရည်အသွေး ပါ အစစရာရာ ကွာပါတယ် ။ ဗီယမ်နမ် အသင်း နဲ့ ထိပ်တိုက် တွေ့ဆုံမှု နောက်ဆုံး ၅ ကြိမ် မှာလည်း ၃ ပွဲ ရှုံး ပြီး ၂ ပွဲ သရေ ကျထားပါတယ် ။ အခုချိန်မှာတော့ ကိုယ်တွေ မြန်မာအသင်းက အစရာရာ အနိမ့်ပိုင်း အနေထားနဲ့ ဗီယက်နမ် အနေနဲ့ ဒီပွဲကို ဖိအားလုံးဝ မရှိပဲ ကစားသွားမှာပါ။
ဘယ်လိုပဲ ဗီယက်နမ် က သာပါတယ်လို့ ပြောပြော မြန်မာမနိုင်နိုင်လောက်ဘူး ဆိုတဲ့ အနေထားကို လက်ခံထားထား ဘောလုံး ပွဲတစ်ပွဲ မှာ မိနစ် ၉၀ ၁၁ ယောက် vs ၁၁ ယောက် ကြိုးစားဖို့ အခွင့်ရေး ကျနော်တို့ မြန်မာအသင်း မှာ ကျန်ရှိနေပါတယ် ။ ဥက္ကဌ ဦးဇော်ဇော် ကိုယ်တိုင်လည်း လာအို နဲ့ ပွဲပြီး အင်တာဗျူး အတို လေးတစ်ခုမှာ “ ဗီယက်နမ် နဲ့ ပွဲအတွက် ကလေးတွေ ကို အားပေးထားပါတယ် “လောက်ပဲ ပြောသွားတော့ စိတ်ပူတာတော့ အတော် စိတ်ပူမိတာ အမှန်ပါ ။ နိုင်နိုင် ရှုံး ရှုံး ကိုယ်တွေက မြန်မာတွေပဲ မို့ မြန်မာအသင်းကို အားပေးမှာ အမှန်ပဲ ။ ဒါပေမဲ့ ကစားသမားတွေ အနေနဲ့လည်း နိုင်ငံ့လက်ရွေးစင် တစ်ယောက်အနေနဲ့ ပရော်ဖက်ရှင်နယ် တစ်ယောက်ပီသစွာ နဲ့ အစွမ်းကုန် ပေးဆပ် ကစားပေးဖို့ကို မျှော်လင့် ပါတယ် ။ အင်ဒို နဲ့ ပွဲ က ပရော်ဖက်ရှင်နယ် မဆန်တဲ့ ကစားသမား ရဲ့ အပြုမှုကြောင့် ပရိတ်သတ် နဲ့ ကစားသမား ကြားမှာ ထိပ်တိုက်တွေ့ဆုံမှု တွေ ကြီးမားခဲ့တာက အသင်းအတွက် အပြုသဘော မဆောင်ပါဘူး ။ နောက်ဆုံး မြန်မာအသင်း ရှုံးခဲ့စေဦးတော့ အသင်းအတွက် နိုင်ငံ အတွက် ကစားသမားကောင်း တစ်ယောက် ၊ အသင်းကောင်း တစ်သင်း အနေနဲ့ ဗီယက်နမ် အသင်း နဲ့ ပွဲစဉ် မှာ အကောင်းဆုံး ယှဉ်ပြိုင်စေချင်ပါတယ် ။ အင်ဒို နဲ့ပွဲက အဖြစ်ပျက်ကြောင့်လည်း လာအို အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ လည်း ပရိတ်သတ်တွေ ကွင်းလုံးပြည့် လာအားပေးကြတာ အားလုံး အမြင်ပါပဲ ။ ဘယ်နိုင်ငံ နဲ့ ပဲကစားကစား ဘယ်လိုပဲ ရှုံး ရှုံး ပရိတ်သတ်တွေကတော့ အားပေးမပျက်ခဲ့ပါဘူး ။ ညီကိုတို့ရေ ဗီယက်နမ် နဲ့ တစ်ပွဲတော့ ရုန်းလိုက်ကြပါကွာ လို့ အားပေးရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်ပါရစေ ....
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။
#MMMedia
#Vietnam
#Myanmar
#AFFChampionship
နောက်ဆုံးရသတင်းများ


လက်ရှိဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး Full-Back Players 10 ယောက်

ဒီနေ့မှာတော့ ကျွန်တော်က ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အကြောင်း ကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။
.jpg)