ရန်ကုန်ယူနိုက်တက်အသင်းနဲ့ လမ်းခွဲတော့မယ့် မြန်မာ့ U19 အသင်းနဲ့အတူတောက်ပလာခဲ့တဲ့ ကစားသမားရန်နိုင်ဦး

မြန်မာ့ ပရိတ်သတ်တွေရဲ့ အားပေးမှု ၊ ကြိုက်နှစ်သက်မှု အများအပြား ရရှိခဲ့တဲ့ မြန်မာ အသင်းရဲ့ အစုအဖွဲ့တစ်ခုကတော့ U-20 အစုအဖွဲ့ပဲဖြစ်ပါတယ်။ အဲ့အစုအဖွဲ့က မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ပထမဆုံး လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။မြန်မာပရိတ်သတ်ချစ်ကစားသမားတွေဖြစ်ကြတဲ့ မောင်မောင်လွင် ၊ အောင်သူ ၊ သန်းပိုင် ၊ ငြိမ်းချမ်းအောင် ၊ ကျော်မင်းဦး ၊စည်သူအောင် ၊ ရန်နိုင်ဦးတို့ကတော့ နည်းပြကြီး ဂတ်စီစီ ကိုင်တွယ်ခဲ့ဖူးတဲ့ u 20 အစုအဖွဲ့ကနေ တောက်ပလာခဲ့ကြတဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။ အဲ့အစုအဖွဲ့ရဲ့ ကြိုးစားအားထုတ်မှု ၊ စည်းလုံးညီညွတ်မှု ၊ အာသွန်ခွန်စိုက် အသင်း အတွက်ပေးဆပ်ကစားတာတွေကြောင့် မြန်မာ့ဘောလုံး အသင်းက အများကြီးမျှော်လင့်လို့ရတဲ့အသင်းတစ်သင်းဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။
အဲ့ကစားသမားတွေထဲကမှ ရန်နိုင်ဦးကတော့ အခြားကစားသမားတွေလို အားကစားသိပ္ပံတို့ ကျောင်းဘောလုံးပွဲတွေကနေတဆင့်တက်လာခဲ့တဲ့ကစားသမားတစ်ယောက်တော့မဟုတ်ခဲ့ပါဘူး။ သူ့ဘဝ အပြောင်းအလဲ ဖြစ်ခဲ့တာကတော့ ငယ်စဥ်ကတည်းက လမ်းမတွေထက်မှာ ဘောလုံးကစားလာခဲ့တဲ့ ရန်နိုင်ဦး ရဲ့ ခြေစွမ်းက ကောင်းမွန်တာကြောင့် အဲ့ချိန်က ဇေယျာရွှေမြေ အသင်းမှာ ကစားနေတဲ့ မြန်မာလက်ရွေးစင်ကစားသမား တစ်ဦးဖြစ်တဲ့ မင်းသူ က ဇေယျာရွှေမြေ လူငယ်အသင်းရဲ့ လူရွေးပွဲကို ခေါ်ဆောင်သွားခဲ့ပြီး ရန်နိုင်ဦးရဲ့ ကြိုးစားအားထုတ်မှုတွေ ၊ ပင်ကိုယ်ပါရမီတို့ကြောင့် ဇေယျာရွှေမြေ အသင်းရဲ့ လူငယ်အသင်းမှာ ရွေးချယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဘောလုံးသမားဘဝကို လမ်းဘေးကစခဲ့တယ် ဆိုပေမယ့် ခြေစွမ်းကောင်းတွေကြောင့် ရန်နိုင်ဦးက ပိုမို နာမည်ကြီးလာခဲ့ပါတယ်။ ဇေယျာရွှေမြေလူငယ် အသင်းနဲ့တောက်ပလာခဲ့တဲ့ ရန်နိုင်ဦးကို နည်းပြကြီး ဂတ်စီစီ က သဘောကျ နှစ်သက်ခဲ့ပြီး မြန်မာလက်ရွေးစင် U-20 အသင်းအတွက်ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။
ဇေယျာရွှေမြေလူငယ် အသင်းနဲ့ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ရန်နိုင်ဦးကတော့ ဇေယျာရွှေမြေလူငယ် အသင်းနဲ့ ပွဲအနည်းငယ်သာ ကစားခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာတော့ ဇေယျာရွှေမြေ အသင်းကြီးထံကို ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ ရန်ုနိုင်ဦးလို့ပြောလိုက်တာနဲ့ နည်းပြတိုင်းရဲ့ စိတ်ကြိုက်ကစားသမား တစ်ဦးဖြစ်ပြီး u-20 ကမ္ဘာ့ဖလားမှာ အဖွင့်ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ မြန်မာဘောလုံးလောကမှာ အသေးလေးလို့ခေါ်ဝေါ်ကြတဲ့ ရန်နိုင်ဦးကတော့ သူ့ရဲ့ ကွင်းလယ်နေရာတော်တော်များများများ အကောင်းဆုံး ကစားနိုင်တဲ့ သူရဲ့ အရည်အချင်းတွေကြောင့် နည်းပြတိုင်းကြိုက်နှစ်သက်ခဲ့ရပြီး မြန်မာအသင်းအတွက်တော့ ဝှက်ဖဲတစ်ချပ်ဖြစ်ခဲ့ပါတယ်။ ဇေယျာရွှေမြေ အသင်းရဲ့ ကွင်းလယ်တစ်နေရာမှာ အကောင်းဆုံးခြေစွမ်းတွေကို အမြဲလိုလို ပြသနေတဲ့ ရန်နိုင်ဦးကို ပြောင်းလဲပြင်ဆင်မှုတွေအများကြီးပြုလုပ်နေတဲ့ မြန်မာနေရှင်နယ်လိဂ် အသင်းတစ်သင်းဖြစ်တဲ့ ရှမ်းယူနိုက်တက် အသင်းက ၂၀၁၆ ခုနှစ်မှာ ပြောင်းရွှေ့ကြေး အမြောက်အများနဲ့ခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ရှမ်းယူနိုက် အသင်းမှာလည်း သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး အသင်းရဲ့ အဓိကအားထားရတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်,။ ရန်နိုင်ဦးက ရှမ်းယူနိုက်တက် အသင်းနဲ့ အတူ အမှတ်ပေးဖလားကို နှစ်ကြိမ်ထိသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အရောက်မှာတော့ ရန်နိုင်ဦးက ရန်ကုန်ယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက် အသင်းကို ရောက်ရှိလာခဲ့တဲ့ ၅ နှစ်အတွင်းမှာ စီနီယာ ကစားသမားပီပီ အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ အသင်းကို အကောင်းဆုံးထိန်းကျောင်း ကစားနိုင်ခဲ့ပေမယ့် ရန်ကုန်ယူနိုက်တက် အသင်းအတွက်ကတော့ ဘာဆုဖလားအောင်မြင်မှုမှ မယူပေးနိုင်ခဲ့ပါဘူး။ ၂၀၂၄-၂၅ ဘောလုံးရာသီ အရောက်မှာ တော့ ရန်နိုင်ဦးက ရန်ကုန်ယူနိုက်တက် အသင်းနဲ့ လမ်းခွဲခဲ့တာပဲဖြစ်ပါတယ်။ ရန်နိုင်ဦးကို လိုချင်နေတဲ့ မြန်မာနေရှယ်နယ်လိဂ် အသင်းတော်တော်များများ ကတော့ ရန်နိုင်ဦးကို ကမ်းလှမ်းမှုတွေရှိနေတယ်လို့လည်း ကြားသိရပါတယ်။
ရန်နိုင်ဦးတစ်ယောက် အသင်းဟောင်း ရှမ်းယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖို့လည်းစိတ်ဝင်စားနေတာပဲဖြစ်ပါတယ် ။ ရန်နိုင်ဦးနောက်ထပ် သူ့ရဲ့စိန်ခေါ်မှုကဘယ်လိုဖြစ်သွားမလဲ ။ အသင်းအသစ်တွေနဲ့ပဲ စိတ်ခေါ်မှု အသစ်တွေကို ဖန်တီးသွားဦးမလား ။ဒါမှမဟုတ် အသင်းဟောင်းရှမ်းယူနိုက်တက် အသင်းကိုပဲ ပြန်လည်ပြောင်းရွှေ့သွားမလား။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး။ အဆုံးထိဝင်ရောက် ကြည့်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#Yannaingoo
#Myanmar
#footballer
#U19
#Yangonunited
နောက်ဆုံးရသတင်းများ


လက်ရှိဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး Full-Back Players 10 ယောက်

ဒီနေ့မှာတော့ ကျွန်တော်က ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အကြောင်း ကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။
.jpg)