လေအရမ်းကျယ်လွန်းတဲ့ ဇာလတန်ရဲ့ကစားသမားဘဝကဘယ်လောက်တောင်ခမ်းနားခဲ့သလဲ ?

Admin
5 လ ခန့်က
Sport Articles
လေအရမ်းကျယ်လွန်းတဲ့ ဇာလတန်ရဲ့ကစားသမားဘဝကဘယ်လောက်တောင်ခမ်းနားခဲ့သလဲ ?

ဇာလတန်အေဗရာဟင်မိုဗစ်သည် 𝟏𝟗𝟗𝟗 ခုနှစ် မယ်လ်မိုတွင် စီနီယာကစားသမားဘဝကို စတင်ခဲ့ပြီး 𝟐 နှစ်အကြာတွင် အေဂျက်စ်အသင်းသို့ပြောင်းရွှေ့ကာ ပြည်တွင်းအမှတ်ပေးဖလား 𝟐 ကြိမ်ရရှိခဲ့ပြီးနောက် ဥရောပတွင် အလားအလာအရှိဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် ကျော်ကြားခဲ့ပါတယ်။

ပြီးနောက် အီတလီစီးရီးအေကလပ် ဂျူဗင်တပ်သို့ပြောင်းရွှေ့ခဲ့ပြီး 𝟐 ရာသီကစားပြီးနောက်

𝟐𝟎𝟎𝟔 တွင် ပြည်တွင်းပြိုင်ဘက် အင်တာမီလန်သို့ပြောင်းရွှေ့ခဲ့ပါတယ်။ အင်တာမီလန်တွင် ကစားချိန် 𝟑 ရာသီအတွင်း စီးရီးအေဖလား 𝟑 ကြိမ်ဆက်တိုက်ရရှိခဲ့ပြီး ဇာလတန်ရဲ့ ကျော်ကြားမှုမှာ သိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။ 𝟐𝟎𝟎𝟗 နွေရာသီမှာ သူဟာ ကမ္ဘာ့စျေးအကြီးဆုံး ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီး တစ်ရာသီကြာကစားပြီးနောက် အင်တာမီလန်ရဲ့ပြိုင်ဘက် အေစီမီလန် သို့ရောက်ရှိခဲ့ပါတယ်။ အေစီမီလန်မှာ သူဟာ 𝟐 ရာသီကစားခဲ့ပြီး ပွဲဦးထွက်ရာသီမှာပဲ စီးရီးအေဖလား ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

𝟐𝟎𝟏𝟐 ခုနှစ်မှာတော့ ပီအက်စ်ဂျီ သို့ရောက်ရှိခဲ့ပြီး 𝟏𝟗 နှစ်တာကာလအတွင်း အသင်းအတွက်ပထမဆုံး လီဂူး 𝟏 ချန်ပီယံဆုကို ရယူနိုင်ခဲ့ကာ ပြင်သစ်ဘောလုံးလောကရဲ့ ထိပ်တန်းကစားသမားတစ်ယောက် အဖြစ်ရပ်တည် နိုင်ခဲ့ပါတယ်။ ပြင်သစ်တွင် 𝟒 ရာသီကြာနေထိုင်စဉ်အတွင်း လီဂူး 𝟏 ဖလား 𝟒 ကြိမ်ဆက်တိုက်အပြင် အခြားပြည်တွင်းဖလားတွေများစွာကို ဆွတ်ခူးနိုင်ခဲ့ပြီး လီဂူး 𝟏 တွင် 𝟑 ရာသီကြာ ဂိုးသွင်းအများဆုံးဖြစ်ခဲ့ကာ ထိုအချိန်က ပီအက်စ်ဂျီအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ 𝟐𝟎𝟏𝟔 တွင် သူသည် မန်ချက်စတာယူနိုက်တက်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ပြီး ယူနိုက်တက်နှင့်အတူ ပြည်တွင်းဖလားတွေနဲ့ ဝေးကွာနေတဲ့ဥရောပဖလားတစ်လုံးကိုရယူကာ 𝟐 ရာသီဖြတ်သန်းခဲ့ပါတယ်။ ထိုမှတစ်ဆင့် 𝟐𝟎𝟏𝟖 တွင် အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီသို့ရောက်ရှိလာခဲ့ပြီး 𝟐𝟎𝟐𝟐 ခုနှစ်တွင် မီလန်သို့ ပြန်လည်ရောက်ရှိခဲ့ကာ သူရဲ့ 𝟓ကြိမ်မြောက် စီးရီးအေချန်ပီယံ ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဆွီဒင်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း 𝟏𝟎𝟎 / 𝟏𝟎𝟎 ပိုပြီး ကစားထားသည့် ကစားသမား 𝟏𝟏 ဦးအနက်မှ တစ်ဦးဖြစ်ခဲ့ပြီး နှစ်ပေါင်း 𝟐𝟎 ကျော် လက်ရွေးစင်အသင်းကစားသမားဘ၀ကို ဖြတ်သန်းခဲ့ပါတယ်။ သူက 𝟔𝟐 ဂိုးနဲ့ နိုင်ငံအသင်းရဲ့ ထိပ်တန်းဂိုးသွင်းသူဖြစ်ခဲ့ပြီး 𝟐𝟎𝟎𝟐 နှင့် 𝟐𝟎𝟎𝟔 ဖီဖာကမ္ဘာ့ဖလားများအပြင် 𝟐𝟎𝟎𝟒 ၊ 𝟐𝟎𝟎𝟖 ၊ 𝟐𝟎𝟏𝟐 နှင့် 𝟐𝟎𝟏𝟔 ယူရိုပြိုင်ပွဲများတွင် ပါဝင်ကစားပေး ခဲ့ပါတယ်။ ဆွီဒင်နိုင်ငံရဲ့တစ်နှစ်တာ အကောင်းဆုံးအမျိုးသားဘောလုံးသမားဆု (ရွှေဘောလုံးဆု) ကို 𝟐𝟎𝟎𝟕 မှ 𝟐𝟎𝟏𝟔 အထိ 𝟏𝟎 နှစ်ဆက်တိုက်အပါအဝင် 𝟏𝟐 တိတိရရှိထားသူလည်းဖြစ်ပါတယ်။ နောက်ပြီး သူ့ရဲ့နာမည်ကြီးသွင်းဂိုးတစ်ဂိုးဖြစ်တဲ့ အင်္ဂလန်နှင့်ပွဲစဉ်မှာနောက်ပြန်ကန်ချက်ဖြင့် 𝟑𝟓 ကိုက်အကွာမှ သွင်းယူခဲ့သည့်ဂိုးဟာလည်းအချိန်တိုင်းရဲ့ အကောင်းဆုံးသွင်းဂိုးတွေထဲမှ တစ်ဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပြီး 𝟐𝟎𝟏𝟑 ဖီဖာ 𝐏𝐮𝐬𝐤á𝐬 𝐀𝐰𝐚𝐫𝐝 ကိုရရှိခဲ့တဲ့အပြင် သူဟာ ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲများတွင်လည်း လှပတဲ့ အကောင်းဆုံးသွင်းဂိုးများစွာကိုလည်းသွင်းယူထားခဲ့သူ ဖြစ်ပါတယ်။


ဇာလတန် သည် 𝟐𝟎𝟏𝟑 ခုနှစ်တွင် ဖီဖာပရိုရဲ့ကမ္ဘာ့အကောင်းဆုံး 𝟏𝟏 ယောက် နှင့် 𝟐𝟎𝟎𝟕 ၊ 𝟐𝟎𝟎𝟗 ၊ 𝟐𝟎𝟏𝟑 နှင့် 𝟐𝟎𝟏𝟒 တို့တွင် ဉရောပရဲ့အကောင်းဆုံးအသင်းလူစာရင်းမှာပါဝင်ခဲ့ပါတယ်။ 𝟐𝟎𝟏𝟑 ဖီဖာရွှေဘောလုံးဆုအတွက် စတုတ္ထအဆင့်ဖြင့်ပါဝင်ခဲ့ပြီး 𝟐𝟎𝟏𝟓 ခုနှစ်တွင် ယူအီးအက်ဖ်အေက သူတို့ရဲ့ ယူအီးအက်ဖ်အေချန်ပီယံလိဂ်ဖလားကိုမဆွတ်နိုင်ခဲ့တဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ထည့်သွင်းခဲ့ပါတယ်။

သူသည် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ကစားသမားဘဝတွင် ဆုဖလား 𝟑𝟒 လုံး ဆွတ်ခူးနိုင်ခဲ့ကာ ကလပ်သွင်းဂိုးပေါင်း 𝟓𝟎𝟎 ကျော်အပါအဝင် ကစားသမားဘဝသွင်းဂိုးပေါင်း 𝟓𝟕𝟎 သွင်းယူခဲ့ပြီး 𝟏𝟗𝟗𝟎 နှင့် 𝟐𝟎𝟐𝟎 ကြား ဆယ်စုနှစ်လေးခုဆက်တိုက် သွင်းဂိုးများစွာသွင်းယူခဲ့သူဖြစ်ပါတယ်။ လေအရမ်းကျယ်သလောက် သူ့ရဲ့ကစားသမားဘဝကလည်း ကြီးကျယ်လွန်းခဲ့ပြီး ပုံရိပ်ကြီးမားတဲ့ကလပ်အသင်းများစွာမှာ သွင်းဂိုးတွေနဲ့အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ပြီးအသက် 𝟒𝟎 ကျော်တဲ့အထိဥရောပထိပ်တန်းလိဂ် မှာကစားပြသွားတဲ့လူနည်းစုထဲကတစ်ဦးအပါအဝင်လဲဖြစ်ခဲ့ပါတယ်။

#k9mmmedia

#zlatanibrahimovic

#malmo

Leave a reply