AC Milan အသင်းရဲ့ သမိုင်းအကြောင်း

အေစီမီလန် အသင်းဆိုတာ ဘောလုံးလောကရဲ့ အရှိန်အဝါကြီးမားပြီး အောင်မြင်မှုများစွာကို သိမ်းပိုက်ထားနိုင်တဲ့ ဥရောပ အသင်းကြီး တစ်သင်းဖြစ်ပါတယ်။ အေစီမီလန်အသင်းက အီတလီမှာ သာမက ဥရောပမှာပါ အောင်မြင်မှု များစွာ ရရှိထားတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ အခုနောက်ပိုင်း နှစ်တွေမှာ အောင်မြင်မှုဆုဖလားတွေနဲ့ ဝေးကွာနေပေမယ့် အရင်ချိန်တုန်းကဆို အောင်မြင်မှု သရဖူဆောင်း နိုင်ခဲ့တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ အေစီမီလန် အသင်းက ဥရောပအောင်မြင်မှု အဖြစ် ချန်ပီယံလိဂ် ဖလားကို ရီးရဲလ်မက်ဒရစ်ပြီးရင် ဒုတိယ အများဆုံးရရှိထားတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ အေစီမီလန် အသင်းက ချန်ပီယံလိဂ် ဖလားကို ၇ ကြိမ်တိုင်တိုင် သိမ်းပိုက်ထားနိုင်တဲ့ ဥရောပ အသင်းကြီးတစ်သင်းလည်းဖြစ်ပါတယ်။ အေစီမီလန် အသင်းကို ၁၈၉၉ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။
အေစီမီလန် အသင်းကို အင်္ဂလိပ်လူမျိုး Herbert Kilpin နဲ့ Alfred Edwards တို့ က စတင်တည်ထောင်ခဲ့ပါတယ်။ အသင်းကို စတင်တည်ထောင်တဲ့ အချိန်တုန်းက အသင်းရဲ့ နာမည်က အေစီမီလန်မဟုတ်သေးပဲ Milan Football and Cricket club လို့စတင်ခေါ်ဝေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်းကို ကြောက်စရာကောင်းတဲ့ အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်သွားမှာဖြစ်ပါတယ်။ ကျွန်တော် တို့ရဲ့ အရောင်က အနီ နဲ့ အမဲရောင်ဖြစ်ပြီး အနီဆိုတာကတော့ ပြိုင်ဘက်အသင်းတွေကို ရဲရဲတောက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး အမဲရောင်ဆိုတာကတော့ အကြောက်တရားတွေနဲ့ ခြောက်လန့်စေဖို့ဆိုပြီး အသင်းကို စတင်တည်ထောင်ခဲ့တဲ့ Herbert Kilpin က ပြောကြားခဲ့ဖူးတာပဲဖြစ်ပါတယ်။ အဲ့အချိန်က စပြီး အနီရောင်နဲ့ အမဲရောင်က အေစီမီလန်ရဲ့ အသွေးအသားဖြစ်လာခဲ့ပါတယ် ။ ၁၉၀၀ ခုနှစ်မှာ ပထမ စတင်ကစားခဲ့တဲ့ အီတလီယန် ချန်ပီယံမှာ ဒုတိယ ရရှိခဲ့ပြီး ဂျီနိုရာကို အမှတ်အနည်းငယ်ကွာဟ ချက်ဖြင့် ဖလားကိုလက်လွှတ်ခဲ့ရတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ၁၉၀၁ ခုနှစ်အရောက်မှာတော့ အေစီမီလန် အသင်းက သူတို့အသင်းရဲ့ ပထမဆုံး ဆုဖလားအောင်မြင်မှုအဖြစ် အီတလီယန် ဆုဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အေစီမီလန် အသင်းရဲ့ အောင်မြင်မှုတွေက ဒီလောက်နဲ့ ရပ်တန့်မသွားခဲ့ပဲ ၁၉၀၆ ခုနှစ် နဲ့ ၁၉၀၇ ခုနှစ် တွေမှာ အီတလီယန် ချန်ပီယံရှစ်ကို နှစ်နှစ်ဆက် သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
အသင်းက အောင်မြင်မှုလမ်းကြောင်းပေါ်ကို တဖြည်းဖြည်းနဲ့ ရောက်ရှိလာခဲ့ပေမယ့် ကလပ် အသင်းအတွင်းမှာတော့ နိုင်ငံခြားကစားသမား ခေါ်ယူချင်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး နှစ်ဖက် ကွဲသွားခဲ့ရပါတယ်။ နိုင်ငံခြား ကစားသမားတွေကို မခေါ်ယူပဲ ပြည်တွင်းကစားသမားတွေနဲ့ပဲ ဆက်လက်ကစားချင်တဲ့ တဖတ်က အေစီမီလန်မှာ နေခဲ့ကြပြီး နိုင်ငံခြားကစားသမားတွေနဲ့ အသင်းကို ပိုမိုကောင်းမွန်အောင်တည်ဆောက်ချင်တဲ့ တဖတ်ကတော့ အင်တာမီလန် အသင်းအဖြစ် ခွဲထွက်ပြီး တည်ထောင်ခဲ့တာပဲဖြစ်ပါတယ် ။ ဒီလိုနဲ့ပဲ အေစီမီလန် အသင်းနဲ့ အင်တာမီလန် အသင်းတွေက အဲ့ချိန်ကတည်းက ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ အေစီမီလန် အသင်းက တဖြည်းဖြည်း အောင်မြင်မှုတွေနဲ့ဝေးကွာလာခဲ့ပြီး အေစီမီလန် အသင်းရဲ့ အဓိက ပြိုင်ဘက်တွေဖြစ်ကြတဲ့ ဂျူဗင်ဒက် နဲ့ ဂျီနိုအာ အသင်းတွေက အီတလီ ပြည်တွင်းမှာ ကြီးစိုးခဲ့ကြတာပဲဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာ့စစ်ပြီးဆုံးချိန်မှာတော့ ကစားသမားကောင်းတွေနည်းပါးနေတဲ့ အေစီမီလန် အသင်းက နိုင်ငံခြားကစားသမားတွေနဲ့ အသင်းကို ပြုပြင်ခဲ့ပြီး ၁၉၅၁ ခုနှစ်အရောက်မှာတော့ အသင်းနဲ့ဝေးကွာနေတဲ့ စီရီးအေဖလားကို ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ၁၉၅၅ ၊ ၁၉၅၇ ခုနှစ်နဲ့ ၁၉၅၉ ခုနှစ်တွေမှာလည်း ဆုဖလားတွေကို ဆက်လက်ဆွတ်ခူးနိုင်ခဲ့ပြီး ၁၉၆၀ အရှေ့ပိုင်းကာလတွေမှာ အေစီမီလန် အသင်းရဲ့ ရွှေထီးဆောင်းခဲ့တဲ့ အချိန်တွေဖြစ်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာတော့ အေစီမီလန် အသင်းက ယူရိုပီယံကပ် ကို အသင်းရဲ့ သမိုင်းတစ်လျောက် ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်ခဲ့ပြီး အီတလီ အသင်းတွေထဲမှာ ပထမဆုံးရရှိဖူးတဲ့ အသင်းတစ်သင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပဲဖြစ်ပါတယ်။
၁၉၆၉ ခုနှစ်မှာလည်း အေစီမီလန် အသင်းက ဒုတိယ အကြိမ်မြောက် ဥရောပဖလားကို ထပ်မံရရှိခဲ့တာပဲဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်အရောက်မှာတော့ ဘီလီယံနာ သူငှေးကြီး တစ်ဦးဖြစ်တဲ့ Berlusconi ကဝယ်ယူခဲ့ပြီး အေစီမီလန် အသင်းကို ဥရောပအသင်းကြီးတစ်သင်းဖြစ်အောင် တည်ဆောက်သွားမယ်လို့ ကတိပေးခဲ့ပြီး အသင်းအတွက်လိုအပ်နေတဲ့ ကစားသမားခေါ်ယူမှုတွေ ၊ အသင်းအတွက် လိုအပ်နေတဲ့ အသုံးအဆောင်တွေ အစရှိတဲ့လိုအပ်ချက်ပေါင်းများစွာကို ဖြည်ဆည်းပေးခဲ့ပါတယ် ။ အသင်းကို အစအဆုံးပြောင်းလဲ ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီးနောက် ၁၉၈၉ ခုနှစ်နဲ ၁၉၉၀ ခုနှစ်တွေမှာ ဥရောပဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ အေစီမီလန် အသင်းက စီးရီးအေမှာ ရှုံးပွဲမရှိ ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာလည်း နောက်တစ်ကြိမ် ဥရောပဖလားကို သိမ်းပိုက်နိုင်ရုံသာမက စီးရီးအေမှာလည်း ၁၉၉၂ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်ထိ လေးနှစ်ဆက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး အအောင်မြင်ဆုံးအချိန်တွေကို ပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ် ။ ၂၀၀၃ ခုနှစ်မှာတော့ ကာလော့အန်စလော့တီနဲ့ အတူ ချန်ပီယံလိဂ် ဖလားကို နောက်တစ်ကြိမ်သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်အရောက်မှာတော့ အသင်းရဲ့ သမိုင်းတစ်လျောက် ခုနှစ်ကြိမ်မြောက်ဖြစ်စေမယ့် ချန်ပီယံလိဂ် ဖလားကို သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အသင်းရဲ့ အဓိက ကစားသမားတွေ အသက်ကြီးလာတာတွေကြောင့် အသင်းက အကျပိုင်းကို တဖြည်းဖြည်းနဲ့ရောက်ရှိလာခဲ့ပြီး ငွေကြေးပြဿနာတွေနဲ့လဲ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ အေစီမီလန် အသင်းက အသင်းပိုင်ရှင်အပြောင်းအလဲတွေဖြစ်ခဲ့ရပြီး ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်လောက်အထိ အေစီမီလန် အသင်းက တရုတ်ပိုင်ရှင်နဲ့ ထိုင်းပိုင်ရှင်တွေကြားမှာ အဆင်မပြေဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ အသင်းကို အမေရိကန် ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီဖြစ်တဲ့ Redbird Capital Partners က ဝယ်ယူခဲ့တာဖြစ်ပြီး ဥရောပမှု ပြန်လည်ခေါင်းမော့နိုင်ရန် အတွက် ပြောင်းလဲပြင်ဆင်မှုတွေနဲ့ အကောင်းဆုံးကြိုးစားနေတာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးသွားတာကတော့ အေစီမီလန် အသင်းရဲ့ သမိုင်းကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#acmilan
#europe
#championship
#championsleague
#seriea
最新消息


.png)
