ချန်ပီယံရှစ် ချန်ပီယံဖြစ်လာခဲ့တဲ့ လိဒ်စ် ယူနိုက်တက်

ဒီနှစ်ဘောလုံး ရာသီ တစ်ခုလုံးက ဘောလုံးပရိတ်သတ်တွေကို ဖျော်ဖြေမှု အပြည့်အဝပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒရမ်မာဆန်တဲ့ ဖြစ်ရပ်တွေကို ကြုံရ ၊ ရင်ခုန်စရာ အကောင်းဆုံး အခိုက်အတန့်တွေ ၊ ပြိုင်ဆိုင်မှုပြင်းထန်ပြီး အလွန်ကြည့်ကောင်းခဲ့တဲ့ ပွဲစဥ်တွေ ၊ ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲတွေ ၊ ဥရောပ ပွဲကြီးပွဲကောင်းတွေ အစရှိတာတွေနဲ့ ဖျော်ဖြေမှု နဲ့ ဘောလုံးရသကို အပြည့်အဝ ခံစားခဲ့ရတယ်။ ပရီးမီးယားလိဂ် ၊ လာလီဂါ ၊ စီးရီးအေ ၊ ပြင်သစ်လိဂ်ဂူး စတဲ့ လူစိတ်ဝင်စားမှုများပြားတဲ့ လိဂ်တွေက ပြိုင်ဆိုင်မှု ပြင်းထန်ရုံသာမက အင်္ဂလန် ပရီးမီးယားလိဂ်ကို တက်လှမ်းနိုင်မယ့် ချန်ပီယံရှစ် ကလဲ ပြိုင်ဆိုင်မှုပြင်းထန်ပြီး ပွဲစဥ်နောက်ဆုံးအထိ အလွန်ကြည့်ကောင်းခဲ့တာပဲဖြစ်ပါတယ်။ ဒီနှစ် ချန်ပီယံရှစ် ချန်ပီယံလိဂ် လုပွဲကတော့ နောက်ဆုံးပွဲစဥ် အထိ အကြိတ်အနယ်နဲ့ အလွန်ကြည့်ကောင်းခဲ့တာပဲဖြစ်ပါတယ်။
နောက်ဆုံး ပွဲစဥ်မှာ လိဂ်ယူနိုက်တက် အသင်းက ပရိုင်းမောက် အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲချိန် မိနစ် ၉၀ အထိ တစ်ဖတ်တစ်ဂိုးဆီနဲ့ သရေရလဒ်ထွက်ပေါ်နေခဲ့ပြီး ၉၁ မိနစ် အရောက်မှာတော့ ချန်ပီယံဆုကို ချန်ပီဖြစ်စေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့တာကြောင့်ပဲ ချန်ပီယံရှစ်ရဲ့ နောက်ဆုံးပွဲစဥ်မှာ လိဂ်ယူနိုက်တက် အသင်းရော ဘန်လေအသင်းရော နှစ်သင်းလုံး အနိုင်ရရှိခဲ့တာကြောင့် ရမှတ် ၁၀၀ ကို နှစ်သင်းလုံး အသီးသီး ပိုင်ဆိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ရမှတ် ၁၀၀ အတူတူဖြစ်တာကြောင့် လိဂ်ယူနိုက်တက်အသင်းက Goal ကွာဟချက်ဖြင့် ချန်ပီယံရှစ် ချန်ပီယံဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီနှစ် ချန်ပီယံရှစ် အသင်းတွေက အရင်နှစ်တွေထက် ပိုမို ကောင်းမွန်လာခဲ့ပြီး အသင်းတိုင်းကလဲ တော်တော်လေးကို ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး ချန်ပီယံရှစ် တစ်ရာသီမှာ နှစ်သင်းလုံး ရမှတ် ၁၀၀ ရရှိတာက ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။ ချန်ပီယံရှစ် ချန်ပီယံဖြစ်ခဲ့တဲ့ လိဂ်ယူနိုက်တက် အသင်းနဲ့ ဒုတိယ ရရှိခဲ့တဲ့ ဘန်လေ အသင်းနှစ်သင်းလုံးက နောက်ရာသီအတွက် ပရီးမီးယားလိဂ်ကို တိုက်ရိုက် တန်းတက်ခွင့်ရရှိသွားပြီပဲဖြစ်ပါတယ်။ ဒါကြောင့် နောက်ရာသီ ပရီးမီးယားလိဂ်မှာ ဘောလုံးပရိတ်သတ်တွေနဲ့ အရမ်းမစိမ်းပဲ ရင်းနီးပြီးသား အသင်းနှစ်သင်းကို ပြန်လည်မြင်တွေ့ရဖို့ကသေချာနေပြီပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကို တန်းတက်ဖို့ ကျန်ရှိတဲ့ တစ်နေရာ အတွက်ကတော့ ရှက်ဖီး၊ ဆန်းဒါးဆန်း၊ ကိုဗင်ထရီနဲ့ ဘရစ္စတိုစီးတီး အသင်းတို့က paly- off ကစားသွားရမှာပဲဖြစ်ပါတယ်။
ကိုဗင်ထရီ အသင်းကလည်း အဆင့် ၁၇ နေရာကနေ နည်းပြအပြောင်းအလဲ အဖြစ် လမ်းပက်ကို ခန့်အပ်ခဲ့ပြီးနောက် တန်းဆင်းဇုန်နေရာကနေ အခုဆိုရင် အဆင့်၅ အထိတက်လှမ်းနိုင်ခဲ့ပြီး play-off ကစားခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ပလိုင်းမောက် ၊ ကာဒစ် နဲ့ လူတန်တောင်းအသင်းသုံးသင်းကတော့ လိဂ်ဝမ်းကို တန်းဆင်းခဲ့ကြပြီပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#championship
#champions
#leedsunited
#premierleague
#football
最新消息


.png)
