၆ပွဲဆက် နိုင်ပွဲနဲ့ အတူ နည်းပြ အန်ဇို မာရက်စ်စကာ ၏ ချဲလ်ဆီး

ဒီရက်ပိုင်းတွေမှာ ချဲလ်ဆီး ပရိတ်သတ်တွေ အတွက် အချိုပေါ် သကာလောင်းတဲ့ ရက်သတ္တပတ်တစ်ခု ပေါ့ ။ နောက်ဆုံး ၆ ပွဲ ဆက် နိုင်ပွဲ ဆက်နေသလို အသင်းရဲ့ လက်ရှိ အစုအဖွဲ့ ကလည်းတဖြည်းဖြည်း အသားကျလာပြီး ပရီးမီးယားလိဂ်မှာ လီဗားပူလ်ကို ၄ မှတ် အကွာ နဲ့ အနီးကပ်ဆုံး ခြိမ်းခြောက်နေပြီး 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 𝐋𝐞𝐚𝐠𝐮𝐞 မှာ လည်း ဗိုလ်စွဲဖို့ အထိ ရေပန်းစားလျှက်ရှိပါတယ် ။
လက်ရှိ ချဲလ်ဆီးအသင်းသည် နည်းပြ အန်ဇိုမာရက်စ်စကာ လက်ထဲ မှာတော့ ချဲလ်ဆီး အသင်းက အပေါင်းလက္ခဏာဆောင် တဲ့ တိုးတက်မှုတွေကို ဆက်တိုက်ပြသနေပါတယ်။ ဒီဇင်ဘာလအတွင်း မှာ ချဲလ်ဆီးအသင်းဟာ ၄ပွဲကစားပြီး ၄ပွဲ လုံး အနိုင်ရရှိထားပါတယ် ။ နောက်ဆုံး ကစားခဲ့တဲ့ အက်စတာနား နဲ့ အဝေးကွင်း ပွဲစဉ်မှာတော့ အန်ဇို မာရက်စ်စကာ က အကယ်ဒမီ ကစားသမား အချို့ကိုပါ ပွဲထုတ်ပြီး ဂိုးပြတ်ရလာဒ် ဖော်ဆောင်သွားနိုင်ခဲ့ပါတယ် ။ နည်းပြ နဲ့ အသင်းသားကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု တည်ဆောက်နိုင်ခဲ့တဲ့ မာရက်စ်စကာ ဟာဆိုရင် နောက်ဆုံး ၅ပွဲ မှာ သွင်း ဂိုး ၁၆ဂိုး ထိ ရရှိခဲ့သလို ၅ ဂိုးသာ ပေးထားရပါတယ် ။ ပြိုင်ပွဲ စုံ နောက်ဆုံး ၆ ပွဲ ဆက် နိုင်ပွဲ နဲ့ အတူ အသင်းလိုက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ် ။ ပြီးခဲ့တဲ့ ပရီးမီးယား လိဂ် ပွဲစဉ်မှာဆိုရင် စပါးအသင်း ကို အဝေးကွင်းမှာ နောက်က လိုက်ကစားခဲ့ရပြီး နောက်ကျသွင်းဂိုးတွေ နဲ့ အတူ စပါး ၃-၄ ချဲလ်ဆီး ဆိုတဲ့ ရလာဒ် နဲ့ အတူ အမှတ်ပေးဇယား အဆင့် ၂ နေရာ ထိ တက်လှမ်းနိုင်သခဲ့လို လီဗာပူးလ် နောက် ၄ မှတ်အ ကွာ အာဆင်နယ် ကို ၂ မှတ် ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ် ။
𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 𝐋𝐞𝐚𝐠𝐮𝐞 မှာလည်း ရာနှုန်းပြည့် နိုင်ပွဲ နဲ့ ဇယားထိပ်မှာ ဦးဆောင်နေတဲ့ အထိ နည်းပြ အန်ဇိုမာရက်စ်စကာ ရဲ့ ချဲလ်ဆီးအသင်းဟာ အကောင်းဆုံး ပုံစံ တွေ ပြသထားပါတယ် ။ရာသီအစမှာ ရုန်းကန်ခဲ့ရပေမယ့် ကစားသမား အသစ်တွေ နဲ့ နည်းပြ အသစ်တို့ အသင်းမှာ အထိုင်ကျဖို့ ရုန်းကန်နေခဲ့ရပြီ နောက်ပိုင်းပွဲစဉ်တွေမှာ အန်ဇို မာရက်စ်စကာ ရဲ့ လိုချင်တဲ့ ကစားပုံအတိုင်း ချဲလ်ဆီးအသင်း ဟာ ပြိုင်ပွဲစုံမှာ ရလာဒ်ကောင်းတွေ ရရှိနေပါတယ် ။ နည်းပြ အန်ဇို မာရက်စ်စကာ ကတော့ ချဲလ်ဆီးဟာ စနစ်ကျတဲ့ ကစားပုံနဲ့ အတူ အမြဲတမ်း တိုးတက်နေတဲ့ အသင်းဖြစ်ဖို့ မျှော်လင့်ပြီး လက်ရှိမှာ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥, 𝐀𝐫𝐬𝐞𝐧𝐚𝐥, 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐂𝐢𝐭𝐲 တို့လို ပြိုင်ဘက်အသင်းတွေကို အဆင့်မီယှဉ်နိုင်ဖို့ အချိန်တစ်နေသေးတယ် ပြောကြားထားပါတယ် ။ ချဲလ်ဆီးအသင်း ရဲ့ တည်ငြိမ်နေတဲ့ အနေထားမှာ ကိုးလ် ပါးမားလ် ရဲ့ အခန်းကဏ္ဍဟာ မပါမဖြစ်အနေအထား ပါ ။ လက်ရှိ ချဲလ်ဆီးအသင်းရဲ့ ပြိုင်ပွဲစုံ ဂိုးပါဝင် ပတ်သက်မှုက ၁၇ ကြိမ်အထိ ရှိပြီး အခြား ဘယ်ကစားသမားထက်မဆို များပါတယ် ။ ချဲလ်ဆီးအသင်းက နေရာစုံကနေ ဂိုးတွေ သွင်းယူထားနိုင်ပြီး ဒဏ်ရာပြဿနာကနေ ပြန်ပြီး သက်သာလာပြီး အကောင်းဆုံး ခြေစွမ်းပြနေတဲ့ လာဗီယာ နဲ့ ဖိုဖာနာ တို့ကလည်း တစိတ်တပိုင်းအရေးပါပါတယ် ။
အထူးသဖြင့်ပြိုင်ဘက်အသင်း ထက်စာရင် ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ် ၃ ယောက် တန်း စုဖွဲ့မှု မှာ ပိုပြီးအားသာချက်တွေ ရှိပါတယ် ။ အန်ဇို ၊ ကိုင်စီဒို ၊ လာဗီယာတို့ ရဲ့ ၃ ယောက်တန်း ကွင်းလယ်က အကောင်းဆုံး ပုံစံ အနေအထားမှာ ရှိနေပြီး အန်ဇို ဖာနန်ဒက်စ်ဟာဆိုရင် နောက်ဆုံး ၄ပွဲမှာ ၂ ဂိုး ၂ ဂိုးဖန်းတီး ထားတဲ့အထိ ခြေစွမ်းကောင်းမွန်နေပါတယ် ။ ဒီရာသီမှာ ချဲလ်ဆီအသင်းဟာ ဗီလာရီးရဲလ် ကနေ ဂိုးသမား ဂျော်ဂျင်ဆန် အတွက် ပြောင်းရွှေ့ကြေး ယူရို 𝟐𝟓သန်း ထိ ပေးချေခဲ့ရသလို မန်ချက်စတာယူနိုက်တက် အသင်းမှာ ဂျေဒန်ဆန်ချိုကိုလည်း အငှားနဲ့ ခေါ်ယူထားပြီး 𝐉𝐨𝐚𝐨 𝐅𝐞𝐥𝐢𝐱 , 𝐏𝐞𝐝𝐫𝐨 𝐍𝐞𝐭𝐨 , 𝐕𝐢𝐞𝐠𝐚 , 𝐌𝐚𝐫𝐜 𝐆𝐮𝐢𝐮 တို့ ကိုလည်း ယူရို သန်း ၁၅၀ အထိ အသုံးပြုပြီး ခေါ်ယူထားခဲ့ပါတယ် ။ ချဲလ်ဆီ အသင်းဟာပြီးခဲ့တဲ့ နှစ်ရာသီအတွင်း အပြောင်းအရွှေ့စရိတ် ၂.၈ ဘီလီယံထိ အသုံးပြုထားခဲ့ပါတယ် ။ နည်းပြ အန်ဇို မာရက်စ်စကာက အသင်းရဲ့ လူစာရင်းမှာ နေရာစုံ ကစားပေးနိုင်တဲ့ ကစားသမား နှစ်ယောက်ကိုသာ အလိုရှိနေပြီး အပြောင်းအရွှေ့ ကာလတိုင်းမှာ ကစားသမား နှစ်ယောက် ( သို့မဟုတ် ) သုံးယောက်ထက် ပိုပြီးတော့ ခေါ်ယူတာမျိုးကို သဘောမကျဘူးလို့ သိရပါတယ် ။ အန်ဇိုမာရက်စ်စကာ ဟာ ပရီးမီးယားလိဂ်ရဲ့ စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံးနည်းပြဆု ကိုလည်း ရရှိခဲ့ပါတယ် ။
နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင် ချဲလ်ဆီးအသင်းဟာ လက်ရှိနည်းပြရဲ့ အကောင်းဆုံးစနစ်တွေနဲ့ အတူ ပရိတ်သတ်တွေကို ဆွဲဆောင်နိုင်မှုအပြည့်အဝနဲ့ ဖျော်ဖြေနေပြီး ရလာဒ်တွေ ဆက်တိုက် ကောင်းမွန် တိုးတက်နေတယ်လို့ ဆိုရပါမယ် ။ ၆ပွဲဆက် နိုင်ပွဲတွေအပြင် လက်ရှိကစားပုံနဲ့ပေါင်းစပ်ပြီး ပရိတ်သတ်တွေရဲ့ ခံစားချက်တွေကို မျှော်လင့်ချက်အပြည့်အဝနဲ့ ဖြည့်ဆည်းပေးနိုင်မှာပါစေ လို့ ဆုတောင်းရင် ဒီဆောင်းပါးလေးကို အဆုံးသတ်ပါရစေ .....
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
#mmmedia
#enzomaresca
#Chelsea
#coach
最新消息



