𝐃𝐞𝐚𝐝 𝐥𝐢𝐧𝐞 𝐝𝐚𝐲 တွေမှာ အဆိုးရွားဆုံး လူခေါ်ယူမှူ ၅ ခု

Admin
2个月 前
Sport Articles
 𝐃𝐞𝐚𝐝 𝐥𝐢𝐧𝐞 𝐝𝐚𝐲 တွေမှာ အဆိုးရွားဆုံး လူခေါ်ယူမှူ ၅ ခု

ဘောလုံး အသင်းတွေအနေနဲ့ အသင်းရဲ့ ကစားကွက် မှာ လိုအပ်တဲ့ ကစားသမားတွေကို အပြောင်းအရွှေ့ကာလ တွေမှာ လိုက်လံရှာဖွေပြီး စာရွက်စာတမ်း ကိစ္စတွေ ညှိနှိုင်းကာ အသင်းကိုခေါ်ယူလေ့ရှိပါတယ်။ တစ်ချို့ အပြောင်း အရွှေ့တွေက အပြောင်းအရွှေ့ကာလ သတ်မှတ်ထားတဲ့ ရက်မတိုင်ခင် အဆင်ပြေပြေ ခေါ်ယူနိုင်ခဲ့ပေမယ့် အချို့ အပြောင်းအရွှေ့ တွေကတော့ သတ်မှတ်ထားတဲ့ ရက်အတွင်း အဆင်မပြေဖြစ်တတ်ပါတယ်။ ခေါ်ယူချင်တဲ့ ကစားသမားနဲ့ ညှိနှိုင်းတဲ့ ကိစ္စတွေ မှာ အဆင်မပြေ ဖြစ်ခဲ့ရင် အခြားကစားသမား တစ်ဦးကို 𝐃𝐞𝐚𝐝 𝐋𝐢𝐧𝐞 𝐃𝐚𝐲 မှာ အမြန်ခေါ်ယူလေ့ရှိပါတယ်။ ကစားသမား အသစ်ခေါ်ယူတယ်ဆို အောင်မြင်တဲ့ ခေါ်ယူမှု ရှိနိူင်သလို ကျရှုံးတဲ့ခေါ်ယူမှုတွေလဲရှိနိုင်ပါတယ်။ အပြောင်းအရွှေ့ ကာလ ပိတ်ခါနီး 𝐃𝐞𝐚𝐝 𝐋𝐢𝐧𝐞 𝐃𝐚𝐲 မှာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာလည်း အသင်းကိုအများကြီး အကျိုးပြုတဲ့ ကစားသမား ခေါ်ယူမှုတွေရှိခဲ့သလို အရင်အသင်းဟောင်းတုန်း ကခြေစွမ်းတွေ ပြန်မရတော့ပဲ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ အဆိုးရွားဆုံး လူခေါ်ယူမှုတွေလဲရှိခဲ့ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာ ကတော့ 𝐃𝐞𝐚𝐝 𝐋𝐢𝐧𝐞 𝐃𝐚𝐲 မှာ ခေါ်ယူခဲ့တဲ့ အဆိုးဝါးဆုံးလူခေါ်ယူမှုတွေထဲ က ၅ ခု အကြောင်းပဲဖြစ်ပါတယ်။

၁ . အန်ဒီ ကားလို့စ်

လီပါပူးလ် အသင်း က သူတို့ရဲ့ အဓိက ကစားသမားဖြစ်တဲ့ ဖာနန်ဒို တောရက် ကချယ်ဆီး အသင်းကိုပြောင်းရွှေ့သွားခဲ့တာကြောင့် အပြောင်းအရွှေ့ ကာလ မပြီးဆုံးသေးခင် နောက်ဆုံးရက် ဖြစ်တဲ့ 𝐃𝐞𝐚𝐝 𝐋𝐢𝐧𝐞 𝐃𝐚𝐲 မှာပဲ တောရက်စ် ရဲ့နေရာကို အစားထိုးရန် အတွက် နယူကာဆယ် ယူနိုက်တက် အသင်းမှ အန်ဒီ ကားလို့စ် ကို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒိ အချိန်တုန်း က ကားလို့စ် ရဲ့ပြောင်းရွှေ့ကြေးကြောင့် ကမ္ဘာပေါ်မှာ ၈ ယောက်မြောက် ဈေးအကြီးဆုံး အင်္ဂလန် ကစားသမားလည်းဖြစ်ခဲ့ပါတယ်။ ကားလို့စ် က လီပါပူး အသင်းကို ရောက်ရောက်ချင်းမှာပဲ ဒဏ်ရာပြသနာတွေကြောင့် အစပိုင်းပွဲစဥ် အချို့ကို လွဲချော်ခဲ့ရပြီး ဒဏ်ရာပြဿနာ ကနေ ကောင်းမွန်လာတဲ့အချိန်မှာ ပြောင်းရွှေ့ကြေးနဲ့ တန်တဲ့ ခြေစွမ်းမျိုးကို ကားလို့စ် ဆီကနေ မမြင်တွေ့ခဲ့ရပါဘူး။ ကားလို့စ် က လီပါပူးလ် အသင်းမှာ အဆိုးရွားဆုံး အချိန် ကာလတွေကို ဖြတ်သန်းခဲ့ရပြီး ပြိုင်ပွဲစုံ ၅၈ ပွဲ ကစားကာ ၁၁ ဂိုး ပဲသွင်းယူနိုင်ခဲ့ပါတယ်။

၂ .ဖာနန်ဒို တောရက်စစ်

ဖာနန်ဒို တောရက် က လီပါပူး အသင်းမှာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ အမြင့်ပျံခဲ့တဲ့ ကစားသမား တစ်ယောက်လဲ ဖြစ်ပါတယ် ။ 𝟐𝟎𝟏𝟏 ခုနှစ်မှာ ချယ်ဆီး အသင်း ကို သူတို့ အသင်းရဲ့ အဓိက လိုနေတဲ့ တိုက်စစ်မှူးတစ်နေရာ အတွက် ပေါင် သန်း 𝟓𝟎 ဆိုတဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ လီပါပူးလ် အသင်းရဲ့ တိုက်စစ် ကစားသမား တစ်ဦးဖြစ်တဲ့ ဖာနန်ဒို တောရက်စ် ကို ပြောင်းရွှေ့ကာလ မပိတ်ခင် 𝐃𝐞𝐚𝐝 𝐥𝐢𝐧𝐞 𝐝𝐚𝐲 မှာပဲခေါ်ယူခဲ့ပါတယ်။ တောရက် က လီပါပူး အသင်းမှာ ခြေစွမ်း ကောင်းမွန်သလောက် ချယ်ဆီး အသင်းမှာတော့ စိတ်ပျက်စရာခြေစွမ်းတွေကိုသာ ပြသနိုင်ခဲ့ပါတယ်။ တောရက် ကချယ်ဆီး အသင်းမှာ ယုံကြည်မှူတွေပျောက်ဆုံးကာ အဆိုးရွားဆုံးခြေစွမ်း တွေနဲ့ သွင်းဂိုးတစ်ဂိုးရဖို့တောင် အတော်ရုန်းကန်ခဲ့ရပါတယ်။

၃. အလက်ဆစ် ဆန်းချက်

၂၀၁၈ ခုနှစ် မှာ အလက်စစ် ဆန်းချက် ကို အာဆင်နယ် အသင်းမှ ဟင်နရစ် မစ်ခီတာယန် နဲ့ အလဲအလှယ်ပြုလုပ်ကာ အိုးထရက်ဖို့စ် ကိုခေါ်ယူခဲ့ပါတယ်။အဲ့ချိန် ဆန်းချက် ကပရီးမီယားလိဂ် အကောင်းဆုံး ကစားသမားတွေထဲကတစ်ယောက်ဖြစ်ပြီး အသင်းရဲ့ ဂန္ထဝင်ကျောနံပတ် ( ၇ ) ကိုဝတ်ဆင်ခဲ့ပါတယ်။ အာဆင်နယ် အသင်းမှာ ဆန်းချက် က သူ့ရဲ့ တိုးအား ရုန်းအားတွေနဲ့ တိုက်စစ် ကိုဦးဆောင်နိုင်ခဲ့ပေမယ့် မန်ယူအသင်းမှာ တော့ နောက်တစ်ယောက်များ ဖြစ်သွားသလားလို့ ထင်ရလောက်အောင် ခြေစွမ်းတွေကျဆင်းသွားခဲ့ပါတယ်။ မန်ယူ အသင်းနဲ့ပြိုင်ပွဲ စုံ ( ၄၅ ) ပွဲ ကစားခဲ့ကာ ( ၅ ) ဂိုးသွင်း ၊ ( ၉ ) ဂိုးဖန်တီးနိူင်ခဲ့တယ်။ အာဆင်နယ် မှာ ပြသခဲ့တဲ့ ခြေစွမ်းကို မန်ယူမှာ ပြန်မတွေ့ရတော့ပဲ ဆန်းချက် ကမန်ယူအသင်းမှာ ခြေစွမ်းကျဆင်းသွားပြီး ၂၀၁၉ - ၂၀၂၀ ရာသီမှာ အင်တာမီလန် အသင်းကိုပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်

၄. ဖယ်ကာအို

မန်ချက်စတာယူနိုက်တက် အသင်းက မိုနာကို အသင်းနဲ့ အတူ နာမည်ကြီးလာခဲ့တဲ့ ဖယ်ကာအို ကို ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းနဲ့ အငှားတစ်ရာသီ ရာသီကုန်ရင် အပြီးသတ် ဝယ်ယူခွင့် သဘောတူညီမှု နဲ့ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ ဖယ်ကာအို ရဲ့ အပြောင်းအရွှေ့ က 𝐃𝐞𝐚𝐝 𝐋𝐢𝐧𝐞 𝐃𝐚𝐲 အဆိုးရွားဆုံးလူခေါ်ယူမှုရဲ့ ထိပ်ဆုံး ကနေ ပါနေတာပဲဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်း က ဖယ်ကာအိုရဲ့ မိုနာကို မှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ပေမယ့် ဖယ်ကာအို က ဒဏ်ရာ ပြသာနာတွေနဲ့သာ ရုန်းကန်နေရပြီး မျှော်လင့်ထားတဲ့ခြေစွမ်းမျိုးတော့ မရရှိခဲ့ပါဘူး။ ဖယ်ကာအို က ပရီးမီးယားလိဂ်မှာ ၂၉ ပွဲ ကစားကာ ၄ ဂိုးပဲသွင်းယူနိုင်ခဲ့ပါတယ်။

၅ , ဒန်နီ ဒရစ်ဝါးတား

ချယ်ဆီး အသင်း က လိုအပ်နေတဲ့ ကွင်းလယ်တစ်နေရာ အတွက် လက်စတာ အသင်း ပရီးမီးယားလိဂ် ဖလားသိမ်းပိုက်ခဲ့စဥ်က အဓိက ကစားသမားဖြစ်တဲ့ ကန်တေ နဲ့ ဒရစ်ဝါးတား ကွင်းလယ် 𝐃𝐔𝐎 အတွဲ ကို ပြန်လည်ဖွဲ့စည်းဖို့ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ လက်စတာ စီးတီး အသင်းထံ ကနေပြီးတော့ ဒရစ်ဝါးတားကို 𝐃𝐞𝐚𝐝 𝐋𝐢𝐧𝐞 𝐃𝐚𝐲 မှာခေါ်ယူခဲ့ပါတယ်။ ဒရစ် ဝါးတား ချယ်ဆီး အသင်းရဲ့ ကွင်းလယ် အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ ခြေစွမ်းမျိုးကို မပြသ နိုင်ခဲ့ပဲ အချိန်တော်တော်များများကို အငှားကစားသမား တစ်ဦးအနေနဲ့သာ ကုန်ဆုံးခဲ့ရပါတယ်။

အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီ တိုင်းကို ကျေးဇူး အများကြီးတင်ရှိပါတယ်။

〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ

ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

#MMMedia

#FernandoTorres

#AlexisSanchez

#dannydrinkwater

Leave a reply