ဘောလုံးသမားများ နဲ့ လုပ်ပွဲပြဿနာ

Admin
4个月 前
Sport Articles
ဘောလုံးသမားများ နဲ့ လုပ်ပွဲပြဿနာ


လုပ်ပွဲကစားတယ်ဆိုတဲ့ စကားက ဘောလုံးနယ်ပယ်ထဲမှာ ရောက်နေတာ ကျယ်ကျယ်ပြန့်ပြန့်သုံး နေတာ ကြာခဲ့ပါပြီ။ ၉၀ ကျော်ကာလတွေကတည်းက ကြားခဲ့ကြရမှာဖြစ်ပြီး ကျယ်ကျယ်လောင် လောင်ဖြစ်လာလို့ လုပ်ပွဲအရှုပ်အရှင်းနဲ့အရေးယူခံလိုက်ရတဲ့ ဥရောပအသင်းကြီးတွေ၊ ကစားသမား တွေလည်း ဥပမာရှိခဲ့ဖူးပါတယ်။ လက်ရှိအချိန်ထိလည်း လုပ်ပွဲဟာ တကယ်ရှိတယ်၊ တကယ်မရှိဘူး ဆိုတာနဲ့ပတ်သက်ပြီး ပြောဆိုငြင်းခုန်နေကြတုန်းပါ။

ဒီနေရာမှာ လုပ်ပွဲဆိုတာက ပုံစံမျိုးစုံရှိပါတယ်။ ကြိုတင်စီမံထားတယ်ဆိုတဲ့ သဘောနဲ့ သုံးတာမျိုး လည်းရှိပါတယ်။ ဥပမာပေးရရင် တောင်ကိုရီးယား-ဂျပန်ကမ္ဘာ့ဖလားမှာ ရုပ်တော်တော်ပျက်ခဲ့တဲ့ တောင်ကိုရီးယား-စပိန်၊ တောင်ကိုရီးယား-အီတလီပွဲတွေဆိုရင် လုပ်ပွဲလုပ်တယ် 𝐌𝐚𝐭𝐜𝐡 𝐟𝐢𝐱 လုပ်တယ် လို့ ဆိုနိုင်လောက်တဲ့အရာတွေပါ။ ဒိုင်လူကြီးက အိမ်ရှင်နိုင်ငံတွေကို သိသိသာသာကိုဘက်လိုက်ပြီး ရလဒ်ကို လိုချင်တဲ့ရလဒ်ထွက်အောင် လုပ်ယူတာမျိုးဆိုပါတော့။

နောက်တစ်မျိုးကတော့ အသင်းတွေက လုပ်ပွဲကစားတာပါ။ ဒါမျိုးတွေကိုကျတော့ လိဂ်ပြိုင်ပွဲတွေမှာ ထက်ပြိုင်ပွဲတွေမှာ တွေ့ရတတ်ပါတယ်။ အထူးသဖြင့် နိုင်ငံအသင်းပွဲတွေမှာပါ။ ဆိုပါတော့ တဖက် အုပ်စုက တက်လာမယ့် အုပ်စု ပထမအသင်းထက် အုပ်စု ဒုတိယအသင်းကို ပိုစိုးရိမ်တဲ့အခါ အဲဒီလို အသင်းမျိုးကိုရှောင်ချင်လို့ တမင်သက်သက် သရေပွဲတွေ၊ ရှုံးပွဲတွေကစားပြီး အုပ်စု ဒုတိယယူခဲ့တာ မျိုးတွေလည်း တွေ့ရတတ်ပါတယ်။ ဒါက ဘောင်ထဲက လုပ်တာဆိုတော့လည်း ဘာမှမတတ်နိုင်တဲ့ ကိစ္စပါပဲ။

နောက်တစ်ခုကတော့ လောင်းကစားနဲ့ပတ်သက်ပြီး လုပ်ပွဲကစားတာပါ။ ဒါကျတော့ ပွဲအနိုင်အရှုံးနဲ့ မသက်ဆိုင်တော့ပါဘူး။ လောင်းကြေးတွေနဲ့ ပိုပြီး ပတ်သက်သွားပါပြီ။ ဆိုလိုချင်တာက အသင်းနှစ် သင်းရဲ့ ခြေစွမ်းချင်း ဘယ်လိုကြည့်ကြည့်အရမ်းကွာနေတဲ့ပွဲမှာ ဂိုးပြတ်လောက်မယ်ဆိုတဲ့ ခန့်မှန်းမှု တွေနဲ့ လောင်းကြေးတွေကလည်း တော်တော်ကို မြင့်မြင့်မားမားထွက်လာတတ်ပါတယ်။ အသင်း တွေက အရမ်းကွာနေတော့ အပေါ်အသင်းဖက်ကနေ လောင်းကြေးထပ်တဲ့သူတွေက အများကြီးရှိ ကြတဲ့အခြေအနေမှာ အပေါ်အသင်းက ပွဲအနိုင်တော့ ကန်သွားပေမဲ့ လောင်းကြေးအနိုင်ရဖို့အတွက် ကျ လုံလောက်တဲ့ ဂိုးကွာခြားချက်မရအောင် တမင်လုပ်ကန်သွားတာမျိုးဆိုပါတော့။ဒီလိုအခြေအနေတွေမှာ စဉ်းစားစရာရှိတာက ဘယ်သူတွေကို ဘယ်သူတွေက ဝယ်ပြီး ဘယ်လိုလုပ် ပွဲဖန်တီးနေသလဲဆိုတဲ့ စိတ်ဝင်စားစရာအခြေအနေပါပဲ။


လုပ်ပွဲအများစုကို ချုပ်ကိုင်ထားသူတွေက အများအားဖြင့်တော့ လောင်းကစားနဲ့ပတ်သက်နေတဲ့သူ တွေပါပဲ။ ပတ်သက်နေတာမှ တကယ့်ကို ကြီးမားတဲ့ ဒိုင်ကြီးတွေ ဖြစ်ကြမယ်ဆိုတာ ရှင်းပြနေဖို့ တောင် မလိုပါဘူး။ ဟုတ်ပြီ။ ဒါဆိုရင် အဲဒီလူတွေက ဘယ်သူတွေကို ဝယ်ပြီး ဘယ်လို လုပ်ပွဲလုပ် မယ်ဆိုတဲ့အပိုင်းကို ဆက်စဉ်းစားကြည့်ကြရအောင်။


လုပ်ပွဲလုပ်ဖို့အတွက်ဆိုရင် ဝယ်လို့အကောင်းဆုံးက နည်းပြပါပဲ။ သူက ပွဲရလဒ်ကို ထွက်ပေါ်စေမယ့် အရာတွေကို အများကြီး ဆုပ်ကိုင်ထားတဲ့သူပါ။ ပွဲထွက်ကစားသမားစာရင်း၊ ပွဲထွက်မယ့်ကစားကွက် ပုံစံနဲ့ ညွန်ကြားချက်၊ လူစားလဲပိုင်ခွင့် ဒါတွေက နည်းပြလက်ထဲမှာရှိတာပါ။ နည်းပြ ဒါမှမဟုတ် နည်းပြကို ဩဇာသက်ရောက်နိုင်တဲ့ အသင်းတာဝန်ရှိသူအထက်ပိုင်းတွေကို ဝယ်တာမျိုးက ဖြစ်နိုင် ခြေတော်တော်မြင့်ပါတယ်။ ဒါပေမဲ့ လက်ရှိခေတ်မှာ ထိပ်တန်းလိဂ်ရဲ့ နည်းပြတွေ ဒါမျိုးလုပ်ဖို့ဆို တာ တော်တော်ကို ခက်ခဲပါတယ်။


ကစားသမားကို ဝယ်မယ်ဆိုရင်လည်း အသင်းရဲ့ ရလဒ်ကို ကောင်းကောင်းပုံဖော်ပေးနိုင်မယ့် ကစား သမားဖြစ်ဖို့လိုပါတယ်။ ဥပမာ ဂိုးမပြတ်စေချင်တဲ့ပွဲ၊ ဒါမှမဟုတ် ရှုံးစေချင်တဲ့ပွဲတွေဆိုရင် ဂိုးသမား ကို ဝယ်လိုက်တာက အကောင်းဆုံးနည်းလမ်းဖြစ်နေတာမျိုးပေါ့။ ဒါမှမဟုတ် ဂိုးတွေတောက် လျှောက်သွင်းနေတဲ့ တိုက်စစ်မှူးကို ဝယ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ထိပ်တန်းလိဂ်တွေ က နိုင်ပွဲတွေနဲ့ ဆုဖလားတွေကို အာရုံစူးစိုက်ထားတဲ့ ကစားသမားတွေကိုတော့ ဝယ်ဖို့ဆိုတာ တော် တော်ခက်ခဲပါလိမ့်မယ်။


ဆိုတော့ ကစားသမားကို ဝယ်ပြီး လုပ်ပွဲဖန်တီးဖို့ ဆိုရင် လူအာရုံစိုက်မှုသိပ်မရှိတဲ့ လိဂ်တွေ ဒါမှမ ဟုတ် အသင်းတွေပဲ အဆင်ပြေပါလိမ့်မယ်။ ဒါတောင် တစ်သင်းလုံးကို ဝယ်ဖို့ဆိုတာကတော့ တော် တော်ကို ခက်တာပါ။ ဒီနေ့ခေတ်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတိုင်းက လူတစ်ယောက်ချင်းစီရဲ့ ဝင်ငွေတွေကို ဒီ ဂျစ်တယ်နည်းပညာတွေနဲ့ ကောင်းကောင်းစောင့်ကြည့်နိုင်နေပါပြီ။ ဘဏ်စာရင်းထဲကို ရပေါက်ရ လမ်း မဖော်ပြထားတဲ့ ငွေတွေဝင်လာတာနဲ့ ကောင်းကောင်းစောင့်ကြည့်စစ်ဆေးခံရတော့မှာပါ။

မရရအောင် လုပ်မယ်ဆိုရင်တော့လည်း နည်းလမ်းက ရှိပါတယ်။ ကစားသမားတွေ ဒါမှမဟုတ် သူတို့ အေးဂျင့်တွေရဲ့ ဆွေမျိုးသားချင်းနာမည်တွေနဲ့ အစစ်အဆေးနည်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဘဏ်အကောင့်သွားဖွင့်ထားပြီး အဲဒီကို လွှဲယူတာမျိုးတွေလည်း လုပ်လို့ရပါသေးတယ်။


အခုခေတ်မှာတော့ ကစားသမားတွေ နဲ့ ဒိုင်တွေအကြားမှာ လုပ်ပွဲဖန်တီးမယ်ဆိုရင် ပိုပြီး လွယ်ကူစ ရာအချက်တွေက ပိုရှိလာပါပြီ။ ပထမဆုံးက ခရစ်ပတိုငွေကြေးပါ။ ခရစ်ပတိုငွေကြေးမှာ လူသုံးများ လာတဲ့ 𝐁𝐢𝐭𝐂𝐨𝐢𝐧 လို 𝐄𝐭𝐡𝐞𝐫𝐞𝐮𝐦 လို 𝐓𝐞𝐭𝐡𝐞𝐫 လို ကောင်မျိုးတွေနဲ့ အပေးအယူလုပ်မယ်ဆိုရင် 𝐖𝐚𝐥𝐥𝐞𝐭 တွေထဲအထိ လိုက်နိုင်ဖို့က တော်တော်ခက်ခဲပါတယ်။ ဒါကြောင့်လည်း အစိုးရတွေက ခရစ်ပတိုကို တရားဝင်ပေးဖို့ ထိတ်လန့်နေကြတာပါ။


အဲဒီအပြင် ဝက်ဘ်ဆိုက်ဒ်အခြေပြု လောင်းကစားဒိုင်ကြီးတွေများလာတဲ့အခါ လောင်းကစားဟာ အရင်လို တစ်ဦးချင်း ပြည်တွင်းအဆင့်မဟုတ်တော့ဘဲ ဂလိုဘယ်လုပ်ငန်းကြီးလို ဖြစ်လာပါတော့ တယ်။ အဲဒီအခါ သေချာစနစ်တကျအစစ်အဆေးခံပြီး အစိုးရတွေဆီမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်း တွေမဟုတ်ရင် သူတို့ရဲ့ လည်ပတ်စီးဆင်းနေပုံတွေက ခြေရာခံဖို့ တော်တော်ခက်ပါတယ်။ အရင်းအ နှီးနဲ့ အလျှော်အစားကလည်း တော်တော်ကြီးပါတယ်။ အဲဒီလို 𝐁𝐞𝐭𝐭𝐢𝐧𝐠 𝐒𝐢𝐭𝐞 ကြီးတွေမှာ ခရစ်ပတို ငွေကြေးတွေနဲ့ပါ လောင်းလို့ရနေတာက လုပ်ပွဲတွေအတွက် ပိုပြီး လွယ်ကူသွားစေမယ့်အချက်ပါပဲ။

လက်ရှိမှာကို လုပ်ပွဲလို့ သံသယဖြစ်ရတဲ့ ပွဲတွေက ရှိနေပြီး ဟုတ်မဟုတ်ဆိုတာက စစ်ဆေးဖို့ ခက် နေဆဲအခြေအနေပါ။ လီဗာပူးအသင်းကို သွားပုတ်လေလွင့်ပြောတဲ့ ဗီဒီယိုကနေ စလို့ မူးယစ်ဆေးဝါး တွေအထိ ပါဝင်နေတဲ့ ပရီးမီးယားလိဂ်ဒိုင် 𝐃𝐚𝐯𝐢𝐝 𝐂𝐨𝐨𝐭𝐞 ကိစ္စမှာဆိုရင် 𝐌𝐚𝐭𝐜𝐡 𝐟𝐢𝐱𝐢𝐧𝐠 တွေ ပါဝင်နိုင်ခြေအများကြီးရှိနေပါတယ်။


ဘယ်အချိန်မှာ ဒီသတင်းတွေက ဝုန်းကနဲထွက်လာပြီး ဘယ်ကစားသမား၊ ဘယ်နည်းပြ၊ ဘယ်အ သင်းတွေကိုပါ သူတို့နဲ့အတူ ဆွဲချသွားဦးမလဲဆိုတာက စောင့်ကြည့်ရဦးမှာပါ။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"


#mmmedia

#footballer

#problem

Leave a reply