လက်စတာ စီတီး အသင်းကို နှုတ်ဆက်တော့မယ် ဗာဒီ

Admin
1周 前
Sport Articles
လက်စတာ စီတီး အသင်းကို နှုတ်ဆက်တော့မယ် ဗာဒီ

အသက် ၃၃ နှစ်နဲ့ ပရီးမီးယားလိဂ် ရဲ့ ဂိုးသွင်းဘုရင်ဆုကို ရယူခဲ့တဲ့ ကစားသမား ၊ လျင်မြန်ဖျတ်လတ်တဲ့ လျှပ်တပြတ် ပြေးနှုန်းတွေနဲ့ တိကျသေချာတဲ့ ဂိုးသွင်းစွမ်းရည်ကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမား ၊ အနေအေးပေမယ့် ကွင်းထဲမှာဆို ပေါက်ကွဲအားကောင်းကောင်းနဲ့ ကြည့်ရှုတဲ့ လူတိုင်းကို ဖျော်ဖြေမှု အပြည့်အဝပေးခဲ့တဲ့ ကစားသမားတစ်ယောက် အဲ့ဒိ ကစားသမားကတော့ ပရိတ်သတ်တွေရဲ့ အချစ်တော် ဂျေမီဗာဒီပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ၂၀၁၅-၁၆ ရာသီလောက်က လက်စတာစီးတီး အသင်းက အများမထင်မှတ်ထားလောက်အောင်အသင်းကြီးတွေကိုအကောင်းဆုံး ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ဆုဖလားကြီးကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့တယ်။ အဲ့နှစ်က လက်စတာစီးတီး အသင်းက ကစားသမားပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် လက်စတာစီးတီး အသင်းကို ဆုဖလားဆွတ်ခူးရာ လမ်းကြောင်းမှာ အဓိက အရေးပါခဲ့တဲ့ ကစားသမားကတော့ ဂျေမီဗာဒီပဲ ဖြစ်ပါတယ်။


ဂျေမီဗာဒီ က အဲ့ ရာသီ လက်စတာစီးတီး အသင်းအတွက် ဂိုး ၂၀ ကျော်သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆုကိုလည်းရရှိခဲ့တယ် ။ အဲ့ချိန်တုန်းက ဂျေမီဗာဒီရဲ့ အသက်က ၃၃ နှစ်ပဲဖြစ်ပါတယ်။ ဂျေမီဘာဒီက ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ အသက်အကြီးဆုံး ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။သာမန်စက်ရုံလုပ်သားဘဝကနေ အသက်ကြီးမှ ကစားသမားဘဝကို စတင်နိုင်ခဲ့တဲ့ ဂျေမီဗာဒီက ပရီးမီးယားလိဂ် ကို အသက် ၂၈ နှစ်ရောက်မှသာ စတင်ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ ဗာဒီက သူ့ရဲ့ လျှင်မြန်တဲ့ ပြေးထွက်နှုန်းတွေနဲ့ ပြိုင်ဘက်ခံစစ်ကို အကြိမ်ကြိမ် ဖြိုခွဲပြခဲ့ပြီး သူ့ရဲ့တိကျသေချာတဲ့ ဂိုးသွင်းစွမ်းရည်ကြောင့်ပဲ ပြိုင်ဘက် ဂိုးသမားတိုင်း ဖိတ်ဖိတ်တုန် ကြောက်ရတဲ့ တိုက်စစ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။ အရင်တုန်းက ဒရင့်ဝါးတား ၊ မားရက် ၊ ကန်တေ တို့နဲ့ အကောင်းဆုံး အလုပ်ဖြစ်ခဲ့ ဗာဒီက ဒီဘက်ခေတ်မှာလည်း အမ်ဒီဒီ ၊ တေလမန် ၊ မက်ဒီဆင် တို့နဲ့ အကောင်းဆုံးတွဲဖက်ကစားပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဆက်ဖြစ်ခဲ့တယ်။ ဒရင့်ဝါးတား ၊ မားရက် ၊ ကန်တေ တို့နဲ့ အကောင်းဆုံးတွဲဖက်ကစားပြီး လူတော်တော် အများမမျော်လင့်ထားတဲ့ ပရီးမီးယားလိဂ် ဖလားကိုဆွတ်ခူးပြီးတဲ့ အချိန် အသင်းကြီးတွေရဲ့ ကမ်းလှမ်းချက်ကြောင့် ကျန်တဲ့ကစားသမားတွေ အသင်းကထွက်ခွာသွားပေမယ့် ဗာဒီက အသင်းမှာ ဆက်လက်နေထိုင်ခဲ့တယ်။

အမ်ဒီဒီ ၊ တေလမန် ၊ မက်ဒီဆင် တို့နဲ့ တွဲကစားပြီး အသင်းတန်းဆင်းသွားတဲ့ အချိန် ကျန်တဲ့ ကစားသမားတွေ အသင်းကထွက်ခွာသွားခဲ့ပေမယ့်လည်း ဗာဒီက အသင်းမှာဆက်လက်နေထိုင်ပြီး အသင်းနဲ့ အတူတူ တန်းဆင်းခဲ့တယ်။ ဘာဒီက လက်စတာစီးတီး အသင်းကို အသင်းဆုံးပေးဆပ်ကစားခဲ့ပြီး အသင်းရဲ့ အကောင်းအဆိုးတွေကို တူတူခံစားခဲ့တယ်။ ဗာဒီက ငယ်စဥ်ကလည်းခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ရင်ဆိုင်ခဲ့ရတယ်။ သူ့အကြိုက်ဆုံးအသင်းတစ်သင်းဖြစ်တဲ့Sheffield Wednesday အကယ်ဒမီမှာ ရှိခဲ့ပေမယ့်လည်း အရပ်ပုလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အသင်းကနေထုပ်ခြင်းခံခဲ့ရတယ်။ အဲ့နောက်တော့ ဗာဒီက တစ်ပတ်လုပ်ခ ပေါင် ၃၀ နဲ့ Non - League အဆင့်မှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ရတယ်။ အဲ့နောက်တော့ စက်ရုံလုပ်သား တစ်ယောက်အဖြစ်အလုပ်လုပ်ကိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပရီးမီးယားလိဂ် အောက်ပိုင်းလိဂ် အသင်းတွေမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တယ်။ ဗာဒီရဲ့ ခြေစွမ်းကို သဘောကျနေတဲ့ လက်စတာစီးတီးက နောက်ဆုံးမှာတော့ ဗာဒီကိုခေါ်ယူခဲ့တယ်။

ဗာဒီက ဘာပြသာနာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ၊ ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ ၊ အရက်စွဲတဲ့ လူတစ်ယောက်ဖြစ်ခဲ့ပေမယ့် အကောင်းဆုံးပြန်လာနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒီလို လက်စတာစီးတီး အသင်းကို ချစ်ပြီး ၊ အသင်း နဲ့ အေးအတူပူအမျှ အကောင်းအဆိုးတွေကို အတူတူရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ ဘာဒီက ဒီရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေငြာခဲ့တာပဲဖြစ်ပါတယ် ။ ဗာဒီ အသင်းက လက်စတာစီးတီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ၊ အက်အေ ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး တစ်ဦးတစ်ယောက်ချင်းဆုအဖြစ် ရွှေဖိနပ်ဆုနဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတွေကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ဗာဒီ က ပရီးမီးယားလိဂ် ဂိုးပေါင်း ၁၄၃ ဂိုးသွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါအခုတင်ဆက်ပေးသွားတာကတော့ လက်စတာ စီတီးအသင်းကို နှုတ်ဆက်တော့မယ် ဗာဒီ အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#jamievardy

#leicestercity

#premierleague

#facup

#footballer

Leave a reply