ချဲလ်ဆီးအသင်း ရဲ့ အကောင်းဆုံးခံစစ်အတွဲဖြစ်ခဲ့တဲ့ ဂျွန်တယ်ရီ နဲ့ ကာဗယ်ဟို

ကမ္ဘာ့ အကောင်းဆုံး နောက်ခံ လူတွေ ထဲက တစ်ယောက် ၊ အင်္ဂလန် အသင်း နဲ့ ချယ်ဆီး အသင်းတို့ ရဲ့ အသင်း ခေါင်းဆောင် ၊ချယ်ဆီး အသင်းနဲ့ ပရီးမီးယားလိဂ် ရဲ့ ဂိုးသွင်းအများဆုံး နောက်ခံလူတစ်ယောက်၊ ခေါင်းဆောင်တစ်ယောက် ရဲ့ အရည်အချင်း အပြည့် အဝ ရှိတဲ့ ကစားသမား ၊ ချယ်ဆီး အသင်း ရဲ့ ထောက်တိုင် ဖြစ်ခဲ့သူ ၊ နည်းပြ တိုင်းရဲ့ စိတ်ကြိုက် ကစားသမား တစ်ယောက် ၊ သူ့ခေတ်သူ့အခါ က အကြီးကျယ်ဆုံး နောက်ခံလူများထဲမှ တစ်ဦးအဖြစ် လူအများ သတ်မှတ် ခြင်းခံရ တဲ့ ကစားသမားတစ်ဦး၊ ဟုတ်ပါတယ် ထိုကစားသမား ကတော့ အင်္ဂလန် နှင့် ပရီးမီးယားလိဂ် အကောင်းဆုံး နောက်ခံလူများထဲမှ တစ်ဦး ဖြစ်တဲ့ ဂျွန် တယ်ရီ ပဲ ဖြစ်ပါတယ်။
တယ်ရီသည် 𝟐𝟎𝟎𝟓၊ 𝟐𝟎𝟎𝟖 နှင့် 𝟐𝟎𝟎𝟗 ခုနှစ်များတွင် 𝐔𝐄𝐅𝐀 တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ 𝟐𝟎𝟎𝟓 ခုနှစ်တွင် 𝐏𝐅𝐀 တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ 𝐅𝐈𝐅 ကမ္ဘာ့အကောင်းဆုံး 𝟏𝟏 ယောက်စာရင်းမှာ 𝟐𝟎𝟎𝟓 မှ 𝟐𝟎𝟎𝟗 ခုနှစ်အထိ ငါးရာသီဆက်တိုက်ပါဝင်ခဲ့တယ်။ 𝟐𝟎𝟎𝟔 ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ 𝐀𝐥𝐥 𝐒𝐭𝐚𝐫 လူစာရင်းမှာလည်း ပါဝင်ခဲ့ပြီး ဒီစာရင်းမှာပါဝင်ခဲ့တဲ့ တစ်ဦးတည်းသော အင်္ဂလန်ကစားသမား တစ်ယောက်လည်းဖြစ်ပါတယ် ။ တယ်ရီဟာ ချဲလ်ဆီးရဲ့ အအောင်မြင်ဆုံး အသင်းခေါင်းဆောင်တစ်ယောက်ပါ။ ကလပ်အသင်းနှင့် 𝟏𝟗 နှစ်တာကာလအတွင်းသူဟာ ပရီးမီးယားလိဂ်ဖလား 𝟓 ကြိမ်၊ 𝐅𝐀 ဖလား 𝟓 ကြိမ်၊ လိဂ်ဖလား 𝟑 ကြိမ်၊ ယူအီးအက်ဖ်အေ ယူရိုပါလိဂ် 𝟏 ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား 𝟏 ကြိမ်တို့ကို ရရှိထားခဲ့ပါတယ်။ ချယ်ဆီး အသင်းနဲ့ ပွဲပေါင်း ၅၀၀ ကျော် ကစား ခဲ့ပြီး ခွန်အား နှင့် ဦးနှောက်ကို မျှမျှတတ သုံးတက်တဲ့ ရှားပါးနောက်ခံလူတွေ ထဲကတစ်ယောက်လည်း ဖြစ်ပါတယ်။
ဂျွန် တယ်ရီ ဟာ 𝐃𝐞𝐟𝐞𝐧𝐝𝐢𝐧𝐠 𝐒𝐞𝐭 𝐏𝐢𝐞𝐜𝐞 ရော 𝐀𝐭𝐭𝐚𝐜𝐤𝐢𝐧𝐠 𝐒𝐞𝐭 𝐏𝐢𝐞𝐜𝐞 ရော ကောင်းတဲ့ ကစားသမား တစ်ယောက် ဖြစ်ပြီး အသင်းအတွက် ၆၇ဂိုးထိ သွင်း နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်နောက်ခံလူတွေထဲ က ဂိုးသွင်းအများဆုံးကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်တွင် ဂျွန်တယ်ရီ က ဝက်ဟမ်း အသင်း ရဲ့လူငယ်အကယ်ဒမီတွင် ကွင်းလယ် လူတစ်ယောက် အဖြစ် ကစားခဲ့ပြီး အသက် ၁၄ နှစ် အရွယ်တွင် ချယ်ဆီး အသင်းသို့ ရောက်ရှိကာ ကလပ် ရဲ့ အရန် နှင့် လူငယ် အသင်းများတွင် သာကစားခဲ့ ရတယ်။ အသင်းရဲ့ ဒဏ်ရာရ နောက်တန်းကစားသမား များနေမှုကြောင့် ကွင်းလယ်နေရာမှ တဆင့်ဗဟို ခံစစ်နေရာ ကိုပြောင်းရွှေ့ ကစားခဲ့ရတယ်။ ဂျွန်တယ်ရီ က ၂၀၀၀ခုနှစ်တွင် အတွေ့အကြုံနဲ့ ပွဲထွက်ကစားခွင့် များများ ရရှိစေရန် နော်တင်ဟမ် ဖောရက် အသင်းသို့ တစ်ရာသီ အငှား ထွက် ကစားခဲ့ တယ်။ ၂၀၀၁ ခုနှစ်တွင် အသင်းခေါင်းဆောင် 𝐌𝐚𝐫𝐜𝐞𝐥 𝐃𝐞𝐬𝐚𝐢𝐥𝐲 ဒဏ်ရာရရှိ ခဲ့တာကြောင့် ဂျွန်တယ် ရီ က ချယ်ဆီး အသင်းရဲ့ ဗဟိုခံစစ် တစ်နေရာ တွင် နေရာရရှိလာပြီး အခွင့်အရေးကို အကောင်းဆုံး အသုံးချ ကာ နည်းပြ စိတ်ကြိုက် ကစားနိုင်ခဲ့ ပြီး ၂၀၀၁ ခုနှစ် ချယ်ဆီး အသင်းရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ထိုနောက် အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် လည်း ဖြစ်လာခဲ့တယ်။ 𝟐𝟎𝟎𝟏 ခုနှစ် ဒီဇင်ဘာလ 𝟓 ရက်နေ့တွင်ပရီးမီးယားလိဂ် ပွဲ စဉ်အဖြစ် ကစားတဲ့ ချာလ်တန် အက်သလက်တစ် နှင့် ပရီးမီးယားလိ ပွဲတွင် ချယ်ဆီးအသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခဲ့ရပြီး ၂၀၀၄ခုနှစ် မှာ ချယ်ဆီး ရဲ့ နည်းပြ အသစ် ဖြစ်လာသော မော်ရင်ဟို လက်ထပ် တွင် အသင်းခေါင်းဆောင် 𝐃𝐞𝐬𝐚𝐢𝐥𝐲 မှာ အသင်း မှထွက်ခွာ သွားတာကြောင့် ဂျွန်တယ်ရီဟာ ချယ်ဆီး အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာ ဝန် ယူခဲ့ပြီး အသင်းခေါင်းဆောင်လက်ပတ်ဟာ သူနဲ့ ထိုက်တန် ကြောင်း ပြသခဲ့ပါတယ်။ ဂျွန်တယ်ရီ နဲ့ အကောင်းဆုံး အတွဲအဖတ်ဖြစ်ခဲ့တဲ့ ကာဗယ်ဟို ကို အဲ့ဒီခေတ်ရဲ့ ချယ်ဆီး အသင်း နည်းပြ ဖြစ်တဲ့စပယ်ရှယ် ဝမ်း လို့လူအများ သိကြတဲ့ မော်ရင်ဟို ရဲ့ ပထမ ဆုံး ခေါ်ယူတဲ့ ကစားသမား ဖြစ်ပါတယ်။ ကာဗယ်ဟို ဟာ ကစားသမား ဘဝအစကို ပေါ်တိုတွင် စတင်ကစားခဲ့ပြီး လီဇာ ၊ 𝐕𝐢𝐭ó𝐫𝐢𝐚 𝐝𝐞 𝐒𝐞𝐭ú𝐛𝐚𝐥 နှင့် 𝐀𝐥𝐯𝐞𝐫𝐜𝐚 စတဲ့ အသင်းတွေကို အငှားထွက်ကစားခဲ့ရတယ်။
၂၀၀၄ ခုနှစ်ဇူလှိုင် လ တွင် ပြောင်းရွှေ့ ကြေး ယူရို သန်း 𝟑𝟎 လောက် ဖြင့် ချယ်လ်ဆီး သို့ ပြောင်းရွှေ့လာခဲ့ပြီး ကာဗယ်ဟို စတင်ပြောင်းရွှေ့ ခဲ့တဲ့ ၂၀၀၄ ခုနှစ်မှာပဲ အသင်းခေါင်းဆောင် ဂျွန်တယ်ရီ နှင့် အကောင်းဆုံးတွဲဖတ်ကစားကာ ပရီးမီးယားလိဂ်ဖလား ကိုဆွတ်ခူးနိုင်ခဲ့တဲ့အထိ အောင်မြင်မှုရရှိလာခဲ့ပါတယ်။ကာဗယ်ဟို ဟာ ဂျွန်တယ်ရီ နဲ့ အကောင်းဆုံး တွဲဖက်ကစားပြီး အသင်းရဲ့ ခံစစ် ပိုမိုကျစ်လစ်လာခဲ့ပြီး ချယ်ဆီး အသင်း ဟာ ၂၀၀၄-၂၀၀၅ ၊ ၂၀၀၅ -၂၀၀၆ နှစ်ရာသီ ဆက်တိုက် ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် မတ်လ ၂၀ ရက် နေ့ မှ ၂၀၀၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ထိ အိမ်ကွင်းတွင် လိဂ် ပွဲ ၈၆ ပွဲ ရှုံးပွဲမရှိ စံချိန်တင်နိုင်ခဲ့ပြီး ၁၉၇၈ ခုနှစ်မှ ၁၉၈၀ ခုနှစ် အတွင်းလီဗာပူးအသင်းရဲ့ ၆၃ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကိုကျော်ဖျက်နိုင် ခဲ့ပါတယ်။ ၂၀၀၄- ၂၀၀၅ ရာသီတွင် တစ်ရာသီ လုံးမှာ ၁၅ ဂိုးသာ ခွင့်ပြုခဲ့ ရပြီး ယခု အချိန်ထိ ဒီိစံချိန် ကိုဘယ်အသင်းမှ မချိုးဖျက် နိုင်သေးပါဘူး။
ချယ်ဆီး အသင်း ရဲ့ စံချိန်တွေ တင်နိုင်ရခြင်း က ဂျွန်တယ်ရီ နဲ့ ကာဗယ်ဟို တို့က အဓိကျတဲ့ အခန်း ကဏ္ဌအဖြစ် ပါဝင်ခဲ့ကြတဲ့ ကစားသမားတွေပါကာဗယ်ဟို မှာအသင်း ကိုစစပြောင်းလာချင်း ရာသီမှာပဲဂျွန်တယ်ရီ နှင့် တွဲဖက်ညီညီကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ခံစစ် အတွဲအဖက် ဖြစ်လာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ဩဂုတ် လ ၁၀ ရက်နေ့ မှာ ရီးရဲလ်မက်ဒရစ်အသင်း ကကာဗယ်လ်ဟိုကို ပြောင်းရွှေ့ကြေး ယူရို ၇.၉ သန်း ဖြင့် ၂ နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပြီး ကာဗယ်လ်ဟိုကကမ္ဘာ့အကောင်းဆုံး နောက်ခံလူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ပရီးမီးယားလိဂ် ထာဝရ အကောင်းဆုံး နောက်ခံလူများထဲမှ တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ ကာဗယ်လ်ဟိုဟာ ချယ်ဆီး အသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား ( ၃ )ကြိမ် ၊ 𝐅𝐀 ဖလား ( ၃ )ကြိမ် ၊ ကာရာဘောင် ဖလား ( ၂ ) ကြိမ်၊ ၊ 𝐅𝐀 ကွန်မြူနတီဒိုင်း ( ၂ )ကြိမ် တို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ချယ်ဆီး အသင်းကို အေဘရာမိုဗစ်ချ် ဝယ်ယူပြီးနောက်ပိုင်းမှာ ဆုဖလား များစွာကို သိမ်းပိုက်နိုင်ခဲ့ပြီး ဥရောပ အသင်းကြီးတွေထဲ က တစ်သင်းအပါအဝင် ဖြစ်လာခဲ့ပါတယ်။
ဂျွန်တယ်ရီ နှင့် ကာဗယ်ဟိုတို့ ရဲ့ ခံစစ် အတွဲ ဟာလည်းကမ္ဘာ့ အကောင်းဆုံး ခံစစ် အတွဲတွေထဲ ပါဝင်လာခဲ့ပြီး ဂျွန်တယ်ရီ နဲ့ ကာဗယ်ဟို တို့နှစ်ယောက်ရဲ့ ခံစစ် အတွဲ မှာ ချယ်ဆီး အသင်း ရဲ့ ဆုဖလားများ စိန်ခေါ် မှု လမ်းကြောင်း တွင် မရှိမဖြစ် အရေးပါသော ကစားသမား များဖြစ်လာပြီး ချယ်ဆီး အသင်းရဲ့ အကောင်း ဆုံး ခံစစ် အတွဲ လည်းဖြစ်တယ်လို့ပြောရင်း ဒီမှာဘဲ အဆုံးသတ်လိုက်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"
#MMMedia
#johnterry
#Carvalho
#coach
#chelsea
最新消息



