𝐑𝟗 လို့လူသိများတဲ့ဘရာဇီးဂန္ထဝင်ကြီး ( သို့ ) ခံစစ်မှူးများရဲ့ အိပ်မက်ဆိုး ရော်နယ်ဒို

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ဘရာဇီး စီးရီးအေ ကလပ် ခရူဇီယို အသင်းရဲ့ပိုင်ရှင်ဖြစ်ပြီး လာလီဂါကလပ် ရီးရဲဗယ်လာဒိုးလစ်ဒ် အသင်းရဲ့ ဥက္ကဋ္ဌတစ်ယောက်လည်းဖြစ်ပါတယ်။ 𝐑𝟗 ရယ်လို့ နာမည်ကြီးတဲ့ ခံစစ်မှုများရဲ့အိမ်မက်ဆိုးဖြစ်တဲ့ သူဟာ အချိန်တိုင်းရဲ့ အကြီးကျယ်ဆုံး ကစားသမား တွေထဲက တစ်ဦးအဖြစ်သတ်မှတ်ခံထားသူပါ။ ကစားသမားတိုင်းတန်းဖိုးထားသော ဖီဖာ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု 𝟑 ကြိမ်နှင့် 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 ဆု 𝟐 ကြိမ် တို့ကိုရရှိထားတဲ့ ဂန္ထဝင်တိုက်စစ်မှူကြီးတစ်ယောက်ဖြစ်ပါတယ်။
ရော်နယ်ဒို ကို 𝟏𝟗𝟕𝟔 ခုနှစ် စက်တင်ဘာလ 𝟏𝟖 ရက်နေ့ အီတာဂွီ မှာ မွေးဖွားခဲ့ပါတယ်။ သူ့မိဘတွေက အသက် 𝟏𝟏 နှစ်မှာ လမ်းခွဲခဲ့ကြပြီး မကြာခင်မှာပဲ ရော်နယ်ဒိုဟာ ဘောလုံးနဲ့ အသက်မွေးဝမ်းကြောင်း ပြုဖို့ ကျောင်းထွက်ခဲ့ပါတယ်။ 𝟏𝟐 နှစ်သားအရွယ်မှာ ဆိုရှယ်ရာမို့စ် ဖူဆယ်အသင်းမှာ ပါဝင်ခဲ့ပြီး မြို့တော်၏လူငယ်လိဂ်ရဲ့ ပထမရာသီတွင် 𝟏𝟔𝟔 ဂိုးဖြင့် စံချိန်တင်ဂိုးသွင်းခဲ့ကာ တစ်ပွဲထဲတွင် သူရဲ့ အသင်းသွင်းဂိုး 𝟏𝟐 ဂိုးအနက် 𝟏𝟏 ဂိုးကိုသွင်းယူခဲ့ပါတယ်။ ထိုမှတစ်ဆင့် ဆာအိုခရစ်စတိုဗို ကို နည်းပြနေသည့် ဘရာဇီးလ် ကစားသမားဟောင်း ဂျာဇင်ဟို မှ တွေ့ရှိခဲ့ပြီး ရော်နယ်ဒိုကို ဆာအိုခရစ်စတိုဗို လူငယ်အသင်းတွင် ကစားစေခဲ့ပါတယ်။ နည်းပြ အယ်လ်ဖီဒိုဆမ်ပိုင်အို ရဲ့ လမ်းညွှန်မှုအောက်မှာ သူဟာ 𝟏𝟓 နှစ်သာရှိသေးပြီး ကလပ်အသင်းရဲ့ 𝟏𝟕 နှစ်အောက်နှင့် 𝟐𝟎 နှစ်အောက်အသင်းများတွင် ကစားခဲ့ကာ သူ့ရဲ့ကစားသမားဘဝဟာလျင်မြန်စွာတိုးတက်ခဲ့ပါတယ်။
ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကိုတော့ ခရူဇီရိုတွင်စတင်ခဲ့ပြီး 𝟏𝟗𝟗𝟒 ခုနှစ်တွင် 𝐏𝐒𝐕 သို့ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ 𝟏𝟗𝟗𝟔 ခုနှစ်တွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဘာစီလိုနာသို့ပြောင်းရွှေ့ခဲ့ပြီး အသက် 𝟐𝟎 အရွယ်တွင် 𝟏𝟗𝟗𝟔 𝐅𝐈𝐅𝐀 𝐖𝐨𝐫𝐥𝐝 𝐏𝐥𝐚𝐲𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 ဆုကိုရရှိကာ ဒီဆုကိုရရှိတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရသူပါ။ 𝟏𝟗𝟗𝟕 ခုနှစ်တွင် အင်တာမီလန်က ရော်နယ်ဒိုကို ခေါ်ယူရန် ကမ္ဘာ့စံချိန်တင်ကြေးကို ချိုးဖျက်ခဲ့ပြီး ၎င်းသည် ဒီယေဂိုမာရာဒိုနာနောက်ပိုင်း ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး နှစ်ကြိမ်ကို ချိုးဖျက်နိုင်သည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ အသက် 𝟐𝟏 နှစ်တွင် သူဟာ 𝟏𝟗𝟗𝟕 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 ဆုကိုရရှိခဲ့ပြီး အသက်အငယ်ဆုံးရရှိသူအဖြစ် ရပ်တည်နေခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသက် 𝟐𝟑 တွင် ကလပ်အသင်းနှင့် နိုင်ငံအတွက် ဂိုး 𝟐𝟎𝟎ကျော် သွင်းယူနိုင်ခဲ့သော်လည်း ဒူးဒဏ်ရာများ ဆက်တိုက် ခံစားခဲ့ရပြီးနောက် 𝟑 နှစ်နီးပါးလောက်ဘောလုံးမကစားနိုင်ခဲ့ပါဘူး။ 𝟐𝟎𝟎𝟐 ခုနှစ်မှာတော့ ရီးယဲလ်မက်ဒရစ်သို့ ရောက်ရှိလာခဲ့ပြီး 𝟐𝟎𝟎𝟐-𝟎𝟑 ခုနှစ် လာလီဂါဖလားကို ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ဒဏ်ရာထပ်မံရရှိပြီး 𝟐𝟎𝟏𝟏 ခုနှစ်တွင် အနားယူခြင်းမပြုမီ အေစီမီလန်နှင့် ကော်ရင်သီယန် အသင်းတို့ တွင်လည်း ကစားသမားဘဝကိုဖြတ်သန်းခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဘရာဇီးလ်အသင်းအတွက် 𝟗𝟖 ပွဲကစားခဲ့ပြီး 𝟔𝟐 ဂိုး သွင်းယူကာ နိုင်ငံအသင်းရဲ့ တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်ရပ်တည်ထားပါတယ်။ အသက် 𝟏𝟕 နှစ်အရွယ်မှာ 𝟏𝟗𝟗𝟒 ဖီဖာကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့သော ဘရာဇီးလ်အသင်းရဲ့ အသက်အငယ်ဆုံး ကစားသမားလည်းဖြစ်ခဲ့ပါတယ် ။ 𝟏𝟗𝟗𝟖 ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်ကို ဖိုင်နယ်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ပြိုင်ပွဲရဲ့ ရွှေဘောလုံးကို ရရှိခဲ့ပါတယ်။ 𝟐𝟎𝟎𝟐 ခုနှစ် ဖီဖာကမ္ဘာ့ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး ရော်နယ်ဒင်ဟို၊ ရီဗယ်ဒိုတို့နှင့်အတူ ရှေ့တန်းတွင် ခြေစွမ်းပြကာ ဖိုင်နယ်မှာ နှစ်ဂိုးသွင်းယူခဲ့ပြီး ပြိုင်ပွဲ၏ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။ ဒီအောင်မြင်မှုတွေကြောင့် ရော်နယ်ဒိုဟာ 𝟐𝟎𝟎𝟐 𝐅𝐈𝐅𝐀 𝐖𝐨𝐫𝐥𝐝 𝐏𝐥𝐚𝐲𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 အဖြစ် သတ်မှတ်ခံခဲ့ရပြီး 𝟐𝟎𝟎𝟐 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 ကို ဆုကိုရရှိစေခဲ့ပါတယ်။ 𝟏𝟗𝟗𝟕 𝐂𝐨𝐩𝐚 𝐀𝐦𝐞𝐫𝐢𝐜𝐚 ကိုလည်း သူရဲ့ကစားသမားဘဝမှာဆွတ်ခူးနိုင်ပြီး ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု၊ 𝟏𝟗𝟗𝟗 𝐂𝐨𝐩𝐚 𝐀𝐦𝐞𝐫𝐢𝐜𝐚 ပြိုင်ပွဲရဲ့ ထိပ်တန်းသွင်းဂိုးအများဆုံးကစားသမားဆုတို့ကိုလည်းရရှိခဲ့ပါတယ်။
သူ့ကို 𝟐𝟎𝟎𝟒 ခုနှစ်တွင် ပီလီ မှပြုစုသော 𝐅𝐈𝐅𝐀 𝟏𝟎𝟎 ၏အကောင်းဆုံးကစားသမားများ စာရင်းတွင် ထည့်သွင်းခံခဲ့ရပြီး 𝐁𝐫𝐚𝐳𝐢𝐥𝐢𝐚𝐧 𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥 𝐌𝐮𝐬𝐞𝐮𝐦 𝐨𝐟 𝐅𝐚𝐦𝐞, 𝐈𝐭𝐚𝐥𝐢𝐚𝐧 𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥 𝐇𝐚𝐥𝐥 𝐨𝐟 𝐅𝐚𝐦𝐞, 𝐈𝐧𝐭𝐞𝐫 𝐌𝐢𝐥𝐚𝐧 𝐇𝐚𝐥𝐥 𝐨𝐟 𝐅𝐚𝐦𝐞 နှင့် 𝐑𝐞𝐚𝐥 𝐌𝐚𝐝𝐫𝐢𝐝 𝐇𝐚𝐥𝐥 𝐨𝐟 𝐅𝐚𝐦𝐞 တို့တွင်လည်းထည့်သွင်းခံခဲ့ကာ 𝟐𝟎𝟐𝟎 တွင် တွင်လည်း 𝐅𝐫𝐚𝐧𝐜𝐞 𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥 မဂ္ဂဇင်းမှထုတ်ဝေသည့် အချိန်တိုင်းအကောင်းဆုံး 𝟏𝟏 ယောက်ထဲ ကတစ်ဦး အဖြစ် 𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 𝐃𝐫𝐞𝐚𝐦 𝐓𝐞𝐚𝐦 တွင် ရွေးချယ်ခံခဲ့ရပါတယ်။
最新消息


.png)
